နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ဖေဖော်ဝါရီ လ ၃ ရက်တွင် လွိုင်ကော်မြို့ရှိ RCခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ ကေ့ထိုးဘိုး(တံခွန်တိုင်) အဖွဲ့များမှ ဘာသာရေးခေါင်းဆောင်များ အား ပြည်နယ်စိုးရအဖွဲ့ ရုံးခန်းမ၌ တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ က-
- ပြည်နယ်အကျိုးအတွက် ဘာသာရေးအသင်းအဖွဲ့များ၏ ပူးပေါင်းပါဝင်ပံ့ပိုးကူညီမှုသည် အရေးကြီးပြီးဘာသာရေးခေါင်းဆောင်များသည် ဒေသအလိုက်၊ ဘာသာအလိုက် ကိုးကွယ်သူဘာသာဝင်များအပေါ် သက်ရောက်မှုကြီးသူများဖြစ်၍ ဒေသ၏အကျိုးစီးပွားအတွက် ထိရောက်သော စွမ်းဆောင်ပေးနိုင်သူများ ဖြစ်ကြောင်း။
- ဘာသာရေး၏အဆုံးအမတရားတို့ဖြင့် ဒေသကို တည်ငြိမ်အေးချမ်းစေရေး ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ သို့မှသာ ကယားပြည်နယ်သည် အမြန်ပြန်လည်တည်ငြိမ်အေးချမ်းစေပြီး မူလအခြေအနေအတိုင်း ဖွံ့ဖြိုးစည်ပင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။
- အကြမ်းဖက်မှုများနှင့်ပတ်သက်၍ အေးချမ်းမှုကို လိုလားသည့်ပြည်သူများ၊ တာဝန်သိဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တားဆီးချေမှုန်းနိုင်မည်ဖြစ်ကြောင်း။
- တိုက်ပွဲဖြစ်ပွားမှုကြောင့် နှစ်ဖက်ထိခိုက်ကျဆုံး၊ သေဆုံးမှုများသည် မိမိတို့တိုင်းရင်းသားများသာဖြစ်၍ နိုင်ငံအတွက် ထိခိုက်ဆုံးရှုံးမှုပင်ဖြစ်ကြောင်း။
- လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း ROE နှင့်အညီ ကျင့်သုံးလိုက်နာ ဆောင်ရွက်စေလျက်ရှိပြီး အရေးပေါ်ကာလတစ်လျှောက် အနိမ့်ဆုံးအဆင့် အနည်းဆုံးအင်အားကို အသုံးပြု၍ ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်ခဲ့သော်လည်း အပြစ်မဲ့ပြည်သူများ သတ်ဖြတ်ခြိမ်းခြောက်ခြင်း၊ ပြည်သူပိုင် အဆောက်အဦများကို ဖောက်ခွဲဖျက်ဆီးမှုများ လုပ်ဆောင်နေကြောင်း။
- အာဏာသိမ်းခြင်းသည် ရှိပြီးဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်း၍ အာဏာသိမ်းခေါင်းဆောင်နှင့် ပြည်သူအများစုလိုလားသည့် စနစ်တစ်ခုပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကိုရေးဆွဲအတည်ပြုရသဖြင့် အာဏာပြန်လည်လွှဲပေးနိုင်မှုသည် အာဏာသိမ်းခေါင်းဆောင်အပေါ်တွင် မူတည် ကြောင်း။
- ယခုမိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်အာဏာထိန်းခြင်းသည် ပြည်သူနှင့် တပ်မတော်က ထောက်ခံအတည်ပြုသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ဖြစ်နေ၍ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းရန်မလိုဘဲ ဖွဲ့စည်းပုံပါဥပဒေများအတိုင်း အရေးပေါ်ကာလ ပြဋ္ဌာန်းချက်ပါ ကန့်သတ် ကာလအတွင်းသာ အာဏာသုံးရပ်ကို ထိန်းသိမ်းပြီး အရေးပေါ်ကာလ ပြဋ္ဌာန်းချက်ပါလုပ်ငန်းစဉ်များကို ဖြေရှင်းပေးနေခြင်းဖြစ်ကာ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၏ ပဥ္စမအချက်ပါ လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို သတ်မှတ်ကာလအတွင်း ကျင်းပ၍ အနိုင်ရပါတီအား ပြန်လည်လွှဲပြောင်းပေးရမည်သာဖြစ်ကြောင်း။
- ပြည်တွင်းပြည်ပ သွေးတိုးမှုများကြောင့် အာဏာသိမ်းမှုဟု အထင်အမြင်လွှဲမှားမှုများကို ဘာသာရေးခေါင်းဆောင်များအနေဖြင့် ရှင်းရှင်းလင်းလင်း အသိပေးထိန်းကြောင်းပေးရန် လိုကြောင်း။
- အရေးပေါ်ကာလသည် ဥပဒေမှ အချိန်ကာလကန့်သက်ချက်ပေးပြီးဖြစ်၍ နိုင်ငံတော်၏လုပ်ဆောင်မှုကို အထင်အမြင်မလွဲစေလိုကြောင်း၊ ငြိမ်းချမ်းရေးအတွက် ထိတွေ့ဆက်ဆံညှိနှိုင်းမှုများဆောင်ရွက်စဉ် ငြိမ်းချမ်းမှု၏ အကျိုးကျေးဇူးကြောင့် အေးချမ်းစည်ပင်စွာဖြင့် ဖွံ့ဖြိုးခဲ့သည်ကို မမေ့ရန်လိုကြောင်း။
- တိုင်းရင်းသားအချင်းချင်း မကျေလည်မှု၊ အမြင်ကွဲလွဲမှုများဖြင့် ဒေသဖွံ့ဖြိုးရန်၊ နိုင်ငံတိုးတက်ရန် မဖြစ်နိုင်၍ ဘာသာမတူညီမှုကို အကြောင်းပြ၍ သဘောထားကွဲလွဲနေ၍ မရကြောင်း၊
- ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆၂ တွင် ‘‘နိုင်ငံတော်သည် ခရစ်ယာန် ဘာသာသာသနာ၊ အစ္စလာမ်ဘာသာသာသနာ၊ ဟိန္ဒူဘာသာသာသနာနှင့် နတ်ကိုးကွယ် သောဘာသာတို့ကို ဤဖွဲ့စည်းပုံအခြေခံဥပဒေအာဏာတည်သောနေ့၌ နိုင်ငံတော်တွင် ရှိနေကြသော ကိုးကွယ်ရာဘာသာများဟူ၍ အသိအမှတ်ပြုသည်’’ ဟု ပြဋ္ဌာန်းထားပြီးဖြစ်၍ တူညီသောအခွင့်အရေးရှိပြီးဖြစ်ကြောင်း ပြောကြားခဲ့။
တက်ရောက်လာသည့် ဘာသာရေးအသင်းအဖွဲ့များမှ ခေါင်းဆောင်များဖြစ်ကြ သည့် RCခရစ်ယာန်ဘာသာမှ ဦးအီညားရှို၊ အစ္စလာမ်ဘာသာမှ ဦးမင်းလွင်၊ ဟိန္ဒူ ဘာသာမှ ဦးခါရ်ကာ ဗဟာဒူးနှင့် ကေ့ထိုးဘိုး(တံခွန်တိုင်)အဖွဲ့မှ ဦးပိုးရယ်အောင်သိန်း တို့က သက်ဆိုင်ရာဘာသာများအလိုက် လိုအပ်သည်များ ဆွေးနွေးတင်ပြပြီး ဆုတောင်းစကားများပြောကြားခဲ့ပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးစောဒန်နီယယ် က ပြည်နယ်တည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ပါသည်။
ဆွေးနွေးတင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ က ပြန်လည်ဆွေးနွေးပြောကြားပြီး လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက် ပေးပြီးနောက် တက်ရောက်လာသည့် ဘာသာရေးအဖွဲ့ခေါင်းဆောင်များအား ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ကာ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ ကြောင်း သိရှိရပါသည်။
- ဘာသာရေး၏အဆုံးအမတရားတို့ဖြင့် ဒေသကို တည်ငြိမ်အေးချမ်းစေရေး ပူးပေါင်းဆောင်ရွက်မှသာ ကယားပြည်နယ်သည် အမြန်ပြန်လည် တည်ငြိမ်အေးချမ်းစေပြီး မူလအခြေအနေအတိုင်း ဖွံ့ဖြိုးစည်ပင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်။
- အကြမ်းဖက်မှုများနှင့်ပတ်သက်၍ အေးချမ်းမှုကို လိုလားသည့်ပြည်သူများ၊ တာဝန်သိဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ ညီညွတ်စွာပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တားဆီးချေမှုန်းနိုင်မည်ဖြစ်ကြောင်း။
- လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း ROE နှင့်အညီ ကျင့်သုံးလိုက်နာဆောင်ရွက်စေလျက်ရှိပြီး အရေးပေါ်ကာလတစ်လျှောက် အနိမ့်ဆုံးအဆင့် အနည်းဆုံးအင်အားကို အသုံးပြု၍ ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင် ရွက်ခဲ့သော်လည်း အပြစ်မဲ့ပြည်သူများ သတ်ဖြတ်ခြိမ်းခြောက်ခြင်း၊ ပြည်သူပိုင် အဆောက်အဦများကို ဖောက်ခွဲဖျက်ဆီးမှုများ လုပ်ဆောင်နေ။
- ပြည်တွင်းပြည်ပ သွေးတိုးမှုများကြောင့် အာဏာသိမ်းမှုဟု အထင်အမြင်လွှဲမှား မှုများကို ဘာသာရေးခေါင်းဆောင်များအနေဖြင့် ရှင်းရှင်းလင်းလင်း အသိပေးထိန်းကြောင်းပေးရန်လို။
- တိုင်းရင်းသားအချင်းချင်း မကျေလည်မှု၊ အမြင်ကွဲလွဲမှုများဖြင့် ဒေသဖွံ့ဖြိုးရန်၊ နိုင်ငံတိုးတက်ရန် မဖြစ်နိုင်၍ ဘာသာမတူညီမှုကို အကြောင်းပြ၍ သဘောထားကွဲလွဲနေ၍ မရ။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အရေးပေါ်ကာလ ပြဋ္ဌာန်းချက်ပါ ကန့် သတ်ကာလအတွင်းသာ အာဏာသုံးရပ်ကို ထိန်းသိမ်းပြီး ရှေ့လုပ်ငန်းစဉ် ၅ ရပ်၏ ပဥ္စမ အချက်ပါ လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို သတ်မှတ်ကာလအတွင်း ကျင်းပ၍ အနိုင်ရပါတီအား ပြန်လည်လွှဲပြောင်း ပေးရမည်သာဖြစ်။
Add new comment