နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် ထပ်မံအမှုဖွင့်လှစ် အရေးယူ

 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်သည် အဂတိလိုက်စားမှုများရှိသောကြောင့် ဥပဒေနှင့်အညီ လိုအပ်သလို စုံစမ်းစစ်ဆေးအရေးယူနိုင်ရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက် စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာတွင် -

  • ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်းထံမှ အမေရိကန်ဒေါ်လာ ၆၀၀,၀၀၀ (ခြောက်သိန်း)နှင့် အကယ်ဒမီအခေါက်ရွှေ ၇ ပိဿာတို့ကို  လက်ခံရယူခဲ့ခြင်း၊၊
  • ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း (ရုံးချုပ်)ဖွင့်လှစ်ရန် မြေ ၁ ဒသမ ၈၆ ဧကနှင့် အဆောက်အဦတို့ကို ထိုက်သင့်သည့်တန်ဖိုးမပေးဘဲ ငှားရမ်းဆောင်ရွက်ခဲ့ခြင်းကြောင့် ငွေကျပ်သန်း ၅,၂၀၀ ကျော် နစ်နာဆုံးရှုံးခဲ့ခြင်း၊၊
  • ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက်  ဥတ္တရသီရိမြို့နယ်ရှိ မြေဧရိယာ ၁၀၁ ဒသမ ၃၃ ဧကနှင့် ပုဗ္ဗသီရိမြို့နယ်ရှိ မြေဧရိယာ ၂၃ ဒသမ ၈၅၅ ဧကကို  ထိုက်သင့်သည့် တန်ဖိုးထက် များစွာလျော့နည်းပေးချေခဲ့ခြင်းကြောင့် ငွေကျပ် ၁၉ ဘီလီယံကျော် နစ်နာဆုံးရှုံးခဲ့ခြင်း။
  • ဖောင်ဒေးရှင်းဥက္ကဋ္ဌနေထိုင်ရန် နေအိမ်အဆောက်အဦကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ ထည့်ဝင်လှူဒါန်းထားသော အလှူငွေများထဲမှ ငွေကျပ်သန်း ၁,၆၀၀ ကျော်ကို သုံးစွဲဆောက်လုပ်စေခဲ့ခြင်းတို့ကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅အရ တရားစွဲဆိုခဲ့ပြီး ရုံးထိုင်စစ်ဆေးလျက်ရှိပါသည်၊၊

ထပ်မံစစ်ဆေးတွေ့ရှိချက်များအရ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်သည် ပုဂ္ဂလိကလုပ်ငန်းရှင်တစ်ဦးက စီးပွားရေးလုပ်ငန်းများ အဆင်ပြေစေရန်အတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ ပေးအပ်သည့် အမေရိကန်ဒေါ်လာ ၅၅၀,၀၀၀ (ငါးသိန်းငါးသောင်း) ကို ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်အတွင်း လေးကြိမ်ခွဲ၍ လက်ခံရယူခဲ့ခြင်းတို့ကြောင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အရ ဖေဖော်ဝါရီလ ၃ ရက်တွင် အမှုဖွင့်လှစ်၍ တရားစွဲဆိုအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်၊၊

  • နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်သည် ပုဂ္ဂလိကလုပ်ငန်းရှင်တစ်ဦးက စီးပွားရေးလုပ်ငန်းများ အဆင်ပြေစေရန်အတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ ပေးအပ်သည့် အမေရိကန်ဒေါ်လာ ၅၅၀,၀၀၀ (ငါးသိန်းငါး သောင်း)ကို ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်အတွင်း လေးကြိမ်ခွဲ၍ ရာထူးတာဝန်ကို အလွဲသုံးစားပြုကာ လက်ခံရယူခဲ့ခြင်းကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅အရ ဖေဖေါ်ဝါရီလ ၃ ရက်တွင် ထပ်မံအမှုဖွင့်လှစ်အရေးယူ၊၊

Add new comment