၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် လေးလတာကာလအတွင်း ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၁၆ သန်းကျော်ရရှိ

၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ လေးလတာကာလအတွင်း ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၁၆ သန်းကျော်ရရှိခဲ့ပါသည်။

အောက်တိုဘာ ၁ ရက်မှ ဇန်နဝါရီ ၃၁ ရက်အထိ လေးလတာကာလတာအတွင်း ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှုအနေဖြင့်-

  • ငါးတင်ပို့မှုအနေဖြင့် မက်ထရစ်တန်စုစုပေါင်း ၁၅၇,၃၁၃ .၄၃၆ တန်တင်ပို့ခဲ့ပြီး အမေရိကန် ဒေါ်လာ ၁၆၈.၁၀၄ သန်းရရှိခဲ့။
  • ပုစွန်တင်ပို့မှုအနေဖြင့် မက်ထရစ်တန်စုစုပေါင်း ၅၀၅၃.၀၅၇ တန်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ် လာ ၂၃.၃၆၂ သန်းရရှိခဲ့။
  • အခြားရေထွက်ကုန်တင်ပို့မှုအနေဖြင့် မက်ထရစ်တန်စုစုပေါင်း ၅၃,၅၄၃.၁၇၃ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၁၂၄.၆၃၃ သန်းရရှိခဲ့။

ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှု စုစုပေါင်းအနေဖြင့် ပုံမှန်ကုန်သွယ်မှုမှ မက်ထရစ် တန် ၈၂,၁၄၈.၆၅၃ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၁၇၂.၇၅၈ သန်းရရှိခဲ့ကာ နယ်စပ်ကုန်သွယ်ရေးမှ မက်ထရစ်တန် ၁၃၃,၃၇၆၁.၀၁၃ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၁၄၃.၃၄၁ သန်းရရှိခဲ့သည့်အတွက် ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှုမှ မက်ထရစ်တန် ၂၁၅,၉၀၉.၆၆၆ တန်တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၁၆.၀၉၉ သန်းရရှိခဲ့ကြောင်း သိရှိရပါသည်။

  • ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ လေးလတာကာလအတွင်း ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှုမှ မက်ထရစ်တန် ၂၁၅,၉၀၉.၆၆၆ တန်တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၁၆.၀၉၉ သန်းရရှိခဲ့။

Add new comment