PDF အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်များပျက်စီးဆုံးရှုံးခဲ့သည့် အင်မထီးကျေးရွာရှိ ရွာသူ/ ရွာသားများအား တာဝန်ရှိသူများက တွေ့ဆုံအားပေး၍ လိုအပ်သည်များ ထောက်ပံ့ပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ အင်မထီးကျေးရွာရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၏စခန်းနှင့် ကျေးရွာအနီးတစ်ဝိုက်သို့ ဇန်နဝါရီလ ၃၀ ရက် ညနေပိုင်းတွင်  PDF အကြမ်းဖက်သမားများက ရွာ၏တောင်ဘက်နှင့် အရှေ့တောင်ဘက်တို့မှ အင်အားအလုံးအရင်းဖြင့် ချဉ်းကပ်တိုက်ခိုက်လာခဲ့ပြီး ကျေးရွာနေအိမ်များအား မီးရှို့ဖျက်ဆီးထွက်ပြေးသွားခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ထိုကဲ့သို့ ကျေးရွာတွင်းရှိနေအိမ်များအား အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးသွားခဲ့သော်လည်း အကြမ်းဖက်အဖွဲ့များဖြစ်သည့် NUG၊ CRPH နှင့် PDF အကြမ်းဖက်သမားများ၊ ၎င်းတို့၏ လက်ဝေခံလူပုဂ္ဂိုလ်အချို့နှင့် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကို မလိုလားသည့် ပြည်ဖျက်မီဒီယာအချို့တို့က လူမှုကွန်ရက်စာမျက်နှာ များ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့သကဲ့သို့ မဟုတ်မမှန်သတင်းအမှားများကို ဝါဒဖြန့်ရေးသားလျက်ရှိပါသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အင်မထီးကျေးရွာရှိ ဒေသခံရွာသူ/ ရွာသားများက PDF အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်နေကြသည့် အပြစ်မဲ့ပြည်သူများ၊ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်များကိုပါသတ်ဖြတ်ပြီး နေအိမ်များနှင့် ရာသီသီးနှံများပါမကျန် မီးရှို့ဖျက်ဆီးမှုများကြောင့် အပြစ်မဲ့ ပြည်သူများ အိုးမဲ့အိမ်မဲ့ဖြစ်ကာ ကလေးသူငယ်များပါ အနာဂတ်ပျောက်သွားရပြီဖြစ်ကြောင်း၊ ပြည်သူ များ၏ဘဝကို ကိုယ်ချင်းစာပေးစေလိုပြီး ၎င်းတို့အနေဖြင့် အဆိုပါလုပ်ရပ်များကို ဘာကြောင့်လုပ်ဆောင်နေရသနည်း စသည့်မေးခွန်းများစွာဖြင့် အကြမ်းဖက်သမားများ ၏ ရိုင်းစိုင်းယုတ်မာသည့်လုပ်ရပ်ကို ခံစားခဲ့ရသည့် ရွာသူရွာသားများမှ မီဒီယာများသို့ ရင်ဖွင့်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

PDF အကြမ်းဖက်သမားများသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေးကို ပျက်ပြားစေရန်ရည်ရွယ်၍ နေရာဒေသအချို့၌ အကြမ်းဖက်လုပ် ရပ်များကို ကျူးလွန်လျက်ရှိသည့်အပြင် ၎င်းတို့ကို မထောက်ခံသည့်  ကျေးရွာသူ/ ကျေး ရွာသားများကို ညှင်းပန်းနှိပ်စက်ခြင်း၊ အကြမ်းဖက်သတ်ဖြတ်ခြင်းနှင့် နေအိမ်များနှင့် လယ်ခင်းယာခင်းများကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိသည့်အတွက် ၎င်းတို့၏ မိသားစုဘဝများ ပျက်စီးဆုံးရှုံး၍ အိုးမဲ့အိမ်မဲ့ဖြင့် နေစရာမဲ့ စားစရာမရှိဖြစ်ကာ ဒုက္ခမျိုးစုံ ကြုံတွေ့နေရလျက်ရှိပါသည်။ ပြည်သူများအနေဖြင့်  PDF အကြမ်းဖက်သမားများ၏ နည်းမျိုးစုံ ဒုက္ခပေးနေမှုများမှ ကင်းဝေးပြီး အေးအေးချမ်းချမ်းဖြင့် နေထိုင်လိုသည့် အတွက် အကြမ်းဖက်သမားများအား အမြန်ဆုံးအမြစ်ပြတ်စေလိုသည့် ဆန္ဒများဖြစ်ပေါ် လျက်ရှိပါသည်။     

အဆိုပါ PDF အကြမ်းဖက်သမားများ မီးရှို့ခဲ့သည့် အင်မထီးကျေးရွာသို့ ဇန်န ဝါရီလ ၃၁ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီးဒေသကြီး ဝန်ကြီးချုပ်၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် အဖွဲ့ဝင်များက သွားရောက်၍ ဒေသခံ ကျေးရွာသူ/ ကျေးရွာသားများအား ကျေးရွာစာသင်ကျောင်း၌ တွေ့ဆုံအားပေးစကားပြောကြားပြီး ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာများ၊ အသုံးအဆောင်ပစ္စည်းများ၊ ထောက်ပံ့ငွေများနှင့် လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးခဲ့သည်။ ထို့ပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ် သည့် လုံခြုံရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ပေးလျက်ပြီး ကျေးရွာသူ၊ ကျေး ရွာသားများအား နေအိမ်များတွင် အေးချမ်းစွာပြန်လည်နေထိုင်နိုင်ရန် ကူညီကယ်ဆယ် ရေးလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုလည်း ဆက်လက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

  • အင်မထီးကျေးရွာအတွင်းရှိနေအိမ်များအား အကြမ်းဖက်သမားများက မီးရှို့ဖျက် ဆီးသွားခဲ့ခြင်းဖြစ်သော်လည်း အကြမ်းဖက်အဖွဲ့များဖြစ်သည့် NUG၊ CRPH နှင့် PDF အကြမ်းဖက်သမားများ၊ ၎င်းတို့၏ လက်ဝေခံလူပုဂ္ဂိုလ်အချို့နှင့် တိုင်းပြည် တည်ငြိမ်အေးချမ်းမှုကို မလိုလားသည့် ပြည်ဖျက်မီဒီယာအချို့တို့က လူမှုကွန် ရက်စာမျက်နှာများ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့သကဲ့သို့ မဟုတ် မမှန် သတင်းအမှားများကို ဝါဒဖြန့်ရေးသားလျက်ရှိ။
  • အင်မထီးကျေးရွာရှိ ဒေသခံရွာသူ/ ရွာသားများက PDF အကြမ်းဖက်သမားများ သည် အေးချမ်းစွာနေထိုင်နေကြသည့် အပြစ်မဲ့ပြည်သူများ၊ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်များကိုပါသတ်ဖြတ်ပြီး နေအိမ်များနှင့် ရာသီသီးနှံများပါမကျန် မီးရှို့ဖျက်ဆီးမှုများကြောင့် အပြစ်မဲ့ပြည်သူများ အိုးမဲ့ အိမ်မဲ့ဖြစ်ကာ ကလေးသူငယ်များပါ အနာဂတ်ပျောက်သွားရပြီဖြစ်။

 

Add new comment