ဘီးလင်း-နတ်ကြီး ကားလမ်းဘေး၌ အပြစ်မဲ့ပြည်သူများ ထိခိုက်သေကြေစေရန် ရည်ရွယ်၍ လက်လုပ်မိုင်းတပ်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ လက်လုပ်မိုင်းတပ်ဆင်သူ အကြမ်းဖက်သမား ၁ ဦး သေဆုံး

NUG အဖွဲ့၏ စီစဉ်စေခိုင်းချက်အရ PDF အကြမ်းဖက်သမားများသည် ပြည်သူလူထုအား အကြောက်တရားဖြင့် လွှမ်းမိုးထိန်းချုပ်နိုင်စေရန် အများပြည်သူနှင့် သက်ဆိုင်သောနေရာများအား လက်လုပ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ အဝေးထိန်း ရီမုမိုင်းထောင်၍ ဖောက်ခွဲခြင်းများကို လုပ်ဆောင်လျက်ရှိပါသည်။ ထိုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန်အတွက် လက်လုပ်မိုင်းများပြုလုပ်ရာတွင် စနစ်တကျသင်ယူမှုမရှိဘဲ အန္တရာယ်ရှိသည့်ဖောက်ခွဲရေးပစ္စည်းများကို အသိပညာနည်းပါးစွာဖြင့် ကျွမ်းကျင်မှုမရှိဘဲ ပြုလုပ်နေသောကြောင့် မကြာခဏပေါက်ကွဲသေဆုံးနေကြောင်း တွေ့ရှိရပါသည်။

 ဖေဖော်ဝါရီလ ၂ ရက်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ဘီးလင်း-နတ်ကြီး ကားလမ်းဘေး၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ဘီးလင်း-နတ်ကြီး ကားလမ်းပေါ်ရှိ တံတားအမှတ်(၁/၄)အနီး လမ်း၏ယာဘက် ၃ ပေခန့်အကွာ၌ အကြမ်းဖက်သမား ၁ ဦးက လမ်းဘေးမြေသား၌ အဆိုပါလမ်းပေါ် သွားလာလှုပ်ရှားနေသည့် အပြစ်မဲ့ပြည်သူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ထိခိုက်သေကြေ၊ ဒဏ်ရာရရှိစေရန်အတွက် လက်လုပ် မိုင်းထောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ ပေါက်ကွဲမှုကြောင့် အဆိုပါအမျိုးသား၏ခန္ဓာ ကိုယ်မှာအပိုင်းပိုင်းပြတ်ကာ သေဆုံးနေပြီး ပေါက်ကွဲထားသည့် နေရာမှ ဓာတ်ခဲအသေး တစ်လုံး၊ ဆားကစ်ပြားတစ်ခုတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။

ထိုကဲ့သို့ အပြစ်မဲ့ပြည်သူများအား အကြမ်းဖက်တိုက်ခိုက်ရန်အတွက် လမ်းဘေး၌ မိုင်းတပ်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ သေဆုံးခဲ့သည့် အကြမ်းဖက်သမားနှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ရဲလုပ်ငန်းများနှင့်အညီ သေမှုသေခင်းရေးဖွင့် စစ်ဆေးလျက်ရှိကြောင်း  သိရှိရပါသည်။

Add new comment