၂၀၂၁ ခုနှစ် ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများပြသရောင်းချပွဲ ငါးရက်မြောက်နေ့ဆက်လက်ကျင်းပ

  ၂၀၂၁ ခုနှစ် ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများပြပွဲ(Mini Gems Emporium) ဒီဇင်ဘာလ ၂၁ ရက်တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ပဉ္စမနေ့အဖြစ် ဆက်လက်ကျင်းပခဲ့ရာ ကျောက်စိမ်းအတွဲပေါင်း ၁၉၅ တွဲ ရောင်းချနိုင်ခဲ့ပါသည်။

  ပြည်တွင်းပြည်ပရတနာကုန်သည်များက ရောင်းချရန်ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုခဲ့ကြပြီးနောက် ကျောက်စိမ်းအတွဲများ၏ ဈေးနှုန်းအဆိုပြုလွှာများကို ဖွင့်ဖောက်စစ်ဆေးရောင်းချပေးခဲ့ရာ  ဒီဇင်ဘာလ ၂၁ ရက်အတွက် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ကျောက်စိမ်းအတွဲပေါင်း ၁၉၅ တွဲရောင်းချခဲ့ရပြီး ဒီဇင်ဘာလ ၂၂ ရက်တွင်  ကျောက်စိမ်းအတွဲအမှတ် (၅၀၁ မှ ၇၈၀)တို့အား အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ဆက်လက်ရောင်းချသွားမည်ဖြစ်ပါသည်။

  မဏိရတနာကျောက်စိမ်းခန်းမအတွင်း ပုလဲအတွဲပေါင်း ၃၃၀ တွဲနှင့် ကျောက်စိမ်းအတွဲပေါင်း ၇၈၀ တွဲကို ပြည်တွင်းပြည်ပရတနာကုန်သည်များ စိတ်ကြိုက်လေ့လာဝယ်ယူနိုင်စေရန် ခင်းကျင်းပြသပေးခဲ့ပြီး  ပြပွဲဒုတိယနေ့တွင် ပုလဲအတွဲပေါင်း ၂၂၀ တွဲ၊ တတိယနေ့တွင် ပုလဲအတွဲပေါင်း ၁၁၀ တွဲနှင့် စတုတ္ထနေ့တွင်ကျောက်စိမ်းအတွဲပေါင်း ၁၉၉ တွဲတို့ကို ရောင်းချပေးနိုင်ခဲ့ကြောင်း သိရှိရပါသည်။

  • ၂၀၂၁ ခုနှစ် ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများပြပွဲ (Mini Gems Emporium) ဒီဇင်ဘာလ ၂၁ ရက်တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ပဉ္စမနေ့အဖြစ် ဆက်လက်ကျင်းပခဲ့ရာ ကျောက်စိမ်းအတွဲ ၁၉၅ တွဲ ရောင်းချနိုင်ခဲ့။
  •  ပြပွဲတွင် ပြည်တွင်းပြည်ပရတနာကုန်သည်များ စိတ်ကြိုက်လေ့လာဝယ်ယူနိုင်စေရန် ပုလဲအတွဲနှင့် ကျောက်စိမ်းအတွဲ များကို ခင်းကျင်းပြသပေးခဲ့ပြီး ပြပွဲဒုတိယနေ့တွင် ပုလဲအတွဲပေါင်း ၂၂၀ တွဲ၊ တတိယနေ့တွင် ပုလဲအတွဲပေါင်း ၁၁၀ တွဲ နှင့် စတုတ္ထနေ့တွင် ကျောက်စိမ်းအတွဲပေါင်း ၁၉၉ တွဲ တို့ကို ရောင်းချပေးနိုင်ခဲ့။