ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိသော Quarantine Center များအား ဆက်လက်ဖွင့်လှစ်ပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးပေးခြင်းတို့အား တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်-
· တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၂၁ ရက်တွင် ဒုတိယအကြိမ်အဖြစ် ပြည်သူစုစုပေါင်း ၁၅၆,၁၀၆ ဦးအားလည်းကောင်း၊ ပထမအကြိမ်အဖြစ် ပြည်သူစုစုပေါင်း ၁၀၈,၀၃၉ ဦးအားလည်းကောင်း ကာကွယ်ဆေးထိုးနှံပေးခဲ့။
· တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အသက် ၁၂ နှစ် နှင့်အထက် ကျောင်းသား/သူများ၏ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီးမှုမှာ ဒီဇင်ဘာလ ၂၁ ရက်တွင် ဒုတိယ အကြိမ်အဖြစ် ၈,၇၉၉ ဦးအားလည်းကောင်း၊ ပထမအကြိမ် အဖြစ် ၄,၇၆၃ ဦးအားလည်းကောင်း ကာကွယ်ဆေးထိုးနှံ ပေးခဲ့ပြီး ဒီဇင်ဘာလ ၂၁ ရက်အထိ ကျောင်းသား/သူစုစုပေါင်း ၁,၄၅၆,၇၇၀ ဦး ကာကွယ်ဆေးထိုးနှံပြီးစီးခဲ့ပြီးဖြစ်။
· ဧရာဝတီတိုင်းဒေသကြီးရှိ ပြည်သူ့ဆေးရုံ၌ ၁ ရက်လျှင် အောက်ဆီဂျင် ၄၀ လီတာဝင် ၄၀ လုံးထွက်ရှိမည့် အောက်ဆီဂျင်စက်ရုံဖွင့်ပွဲကို ဒီဇင်ဘာလ ၂၁ ရက်တွင် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက တက်ရောက်ဖွင့်လှစ်ပေး ခဲ့ပြီး တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ၊ Oxygen Concentrator ၂ လုံး၊ အောက်ဆီဂျင် ၄၀ လီတာဝင် အိုး ၅ လုံးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပစ္စည်းများကို ပေးအပ်ခဲ့။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများအား ပြည်ပမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရန်အတွက် ဆောင်ရွက်ပေးလျက်ရှိရာ-
· ဒီဇင်ဘာလ ၂၁ ရက်တွင် မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေး ဇုန်၊ မြဝတီကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ ၃ ခုမှ ယာဉ် ၃ စီးဖြင့် အောက်ဆီဂျင်(အရည်) Bowser ယာဉ် ၁ စီးဖြင့် ၂၀ တန်နှင့် နှာခေါင်းစည်း(Mask) ၇ တန်တို့ကို တင်သွင်းနိုင်ခဲ့။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၂၁ ရက်တွင် ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၄,၄၂၃ ခုအားစစ်ဆေးခဲ့ပြီး၊ ဓာတ်ခွဲအတည်ပြုလူနာသစ် ၂၅၉ ဦးဖြင့် ရောဂါပိုးတွေ့ရှိမှု ၁.၈၀ ရာခိုင်နှုန်းရှိခဲ့ပါသည်။ ၂၁-၁၂-၂၀၂၁ ရက်အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၅,၉၂၃,၈၁၂ ခုအား စစ်ဆေး ခဲ့ရာ အတည်ပြုလူနာစုစုပေါင်း ၅၂၈,၆၃၉ ဦးနှင့် သေဆုံးသူ စုစုပေါင်း ၁၉,၂၃၀ ဦးရှိကြောင်း သိရှိရပါသည်။
- တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၂၁ ရက်တွင် ဒုတိယအကြိမ်အဖြစ် ပြည်သူစုစုပေါင်း ၁၅၆,၁၀၆ ဦးအားလည်းကောင်း၊ ပထမအကြိမ် အဖြစ် ပြည်သူစုစုပေါင်း ၁၀၈,၀၃၉ ဦးအားလည်းကောင်း ကာကွယ်ဆေးထိုးနှံပေးခဲ့။
- ၂၁-၁၂-၂၀၂၁ ရက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/သူ စုစုပေါင်း ၁,၄၅၆,၇၇၀ ဦး ကာကွယ်ဆေးထိုးနှံပြီးစီးခဲ့ပြီးဖြစ်။
- ၂၁-၁၂-၂၀၂၁ ရက်အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၅,၉၂၃,၈၁၂ ခုအား စစ်ဆေးခဲ့ရာ အတည်ပြုလူနာစုစုပေါင်း ၅၂၈,၆၃၉ ဦးနှင့် သေဆုံးသူစုစုပေါင်း ၁၉,၂၃၀ ဦးဖြစ်ပြီး ၂၁-၁၂-၂၀၂၁ ရက်တွင် ရောဂါပိုးတွေ့ရှိမှု ၁.၈၀ ရာခိုင်နှုန်းရှိ။