ဆားတောင်မြို့ရှိ မြို့နယ်စည်ပင်ရုံးနှင့် မြင်းမူမြို့အဝင်ရှိ ရွှေတောင်ကုမ္ပဏီပိုင်တိုးဂိတ်အား PDF အကြမ်းဖက်သမားများက ဖောက်ခွဲဖျက်ဆီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားတောင်မြို့ရှိ မြို့စည်ပင်ရုံးနှင့် မြင်းမူမြို့အဝင်ရှိ ရွှေတောင်ကုမ္ပဏီပိုင်တိုးဂိတ်အား PDF အကြမ်းဖက်သမားများက ဖောက်ခွဲဖျက်ဆီး ခြင်းများပြုလုပ်ခဲ့ရာ-

  • ဇန်နဝါရီလ ၃၁ ရက် ည ၁၁ နာရီအချိန်၌ ဆားတောင်မြို့ရှိ စည်ပင်ရုံးအဆောက်အဦတွင် တပ်ဆင်ထားသည့် ပြတင်းတံခါးမှန် ၉ ချပ်၊ ဘေစင် ၁ ခုနှင့် Water Cooler ၁ လုံး ပျက်စီးခဲ့။
  • ဖေဖော်ဝါရီလ ၁ ရက် ည ၁၂ နာရီ ၁၀ မိနစ်အချိန်၌ မြင်းမူမြို့အဝင်ရှိ ရွှေတောင်ကုမ္ပဏီမှ တည်ဆောက်ထားရှိသည့် တိုးဂိတ်သို့ PDF အကြမ်းဖက်သမား ၃၀ ဦးခန့်က LIGHT TRUCK မော်တော်ယာဉ် ၁ စီး၊ မော်တော်ဆိုင်ကယ် ၅ စီးတို့ဖြင့် ရောက်ရှိလာပြီး လက်လုပ်မိုင်းများအသုံးပြု၍ ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့်  အဆိုပါ တိုးဂိတ်တွင် တပ်ဆင်ထားသည့် CCTV ၁၈ လုံး၊ Industrial Computer ၆ လုံး၊ Touch Monitor ၆ လုံး၊ Sever Reck ၁ လုံး၊ Line Station ၄ လုံးနှင့် တိုးဂိတ်၏အဆောက်အဦ မျက်နှာကျက်အမိုးများ (စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၁,၀၀၀ ကျပ်) ပျက်စီးဆုံးရှုံးခဲ့။

အလုံးစုံပျက်သုဉ်းရေးလမ်းစဉ်အရ NUG ၏စေခိုင်းချက်ဖြင့် PDF အကြမ်းဖက်သမားများက နိုင်ငံတော်ပိုင်၊ ပုဂ္ဂလိကပိုင်အဆောက်အဦများ၊ စစ်ရေးနှင့်မသက်ဆိုင်သည့် ပြည်သူပိုင်အိုးအိမ်များနှင့် လမ်းအသုံးပြုခများကောက်ခံလျက်ရှိသည့် တိုးဂိတ်များအား အကြောင်းမဲ့ဖောက်ခွဲဖျက်ဆီးမှုများကြောင့် အများပြည်သူများ၏ အကျိုးစီးပွားများ၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုများဖြစ်ပေါ်လျက်ရှိရာ အများပြည်သူ စိုးရိမ်ထိတ်လန့်မှုဖြစ်စေရန် လုပ်ဆောင်ခဲ့မှုအပေါ် ပြည်သူတစ်ရပ်လုံးက ရွံရှာမုန်းတီးလျက်ရှိပါသည်။

ထိုကဲ့သို့ နိုင်ငံတော်ပိုင်၊ ပုဂ္ဂလိကပိုင်အဆောက်အဦများအား ဖောက်ခွဲဖျက်ဆီးမှုများ ကျူးလွန်ခဲ့ကြသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံတပ်မတော်စစ်ကြောင်းများနှင့်ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

  • PDF အကြမ်းဖက်သမားများက ဆားတောင်မြို့ရှိ စည်ပင်ရုံးအဆောက်အဦကို ဖောက်ခွဲဖျက်ဆီးခဲ့ရာ ပြတင်းတံခါးမှန် ၉ ချပ်၊ ဘေစင် ၁ ခုနှင့် Water Cooler  ၁ လုံး ပျက်စီးခဲ့။
  • PDF အကြမ်းဖက်သမားများက စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့အဝင်ရှိ ရွှေတောင်ကုမ္ပဏီမှ တည်ဆောက်ထားရှိသည့် တိုးဂိတ်ကို လက်လုပ်မိုင်းများ အသုံးပြု၍ ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် တိုးဂိတ်တွင် တပ်ဆင်ထားသည့် CCTV ၁၈ လုံး၊ Industrial Computer ၆ လုံး၊ Touch Monitor ၆ လုံး၊ Sever Reck ၁ လုံး၊ Line Station ၄ လုံးနှင့် တိုးဂိတ်၏အဆောက်အဦ မျက်နှာကျက်အမိုးများ (စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၁,၀၀၀ ကျပ်) ပျက်စီးဆုံးရှုံးခဲ့။

Add new comment