အိုမီခရွန်ရောဂါပိုးထပ်မံတွေ့ရှိမှု အခြေအနေများ

ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ Relief Flight များဖြင့် ပြန်လည်ဝင်ရောက်လာသူများတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများ၏ ဓာတ်ခွဲနမူနာများ၊ မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ အစုလိုက်ကူးစက်ဖြစ်ပွားမှုများနှင့် ကိုဗစ်-၁၉ ရောဂါ သံသယလူနာများမှ ရောဂါအတည်ပြုလူနာများ၏ ဓာတ်ခွဲနမူနာများအား ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇစစ်ဆေးခြင်းကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန၌ ၂-၂-၂၀၂၂ ရက်တွင် ဆောင်ရွက်ခဲ့ရာ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုး ဓာတ်ခွဲနမူနာ ၁၀ ခုတွေ့ရှိခဲ့ပါသည်။

အဆိုပါ အိုမီခရွန်ရောဂါပိုးတွေ့ရှိသူ ၁၀ ဦးမှာ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံ မြို့နယ်ရှိ စက်ရုံလုပ်ငန်းတစ်ခုမှ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများ ဖြစ်ပါသည်။

မြန်မာနိုင်ငံ၌ ၂-၂-၂၀၂၂ ရက်အထိ အိုမီခရွန်ရောဂါပိုးတွေ့ရှိသူစုစုပေါင်း ၃၂၀ ဦး ရှိပြီး ပြည်ပမှ Relief Flight များဖြင့် ပြန်လည်ဝင်ရောက်လာသူ ၂၃၆ ဦးနှင့် ပြည်တွင်း ကူးစက်ခံရသူ ၈၄ ဦးတို့ဖြစ်ပါသည်။

ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူ ၂၃၆ ဦးမှာ မြန်မာနိုင်ငံသား ၂၁၆ ဦးနှင့် နိုင်ငံခြားသား ၂၀ ဦးတို့ဖြစ်ပြီး အဆိုပါ ၂၃၆ ဦးမှာ ယူအေအီးနိုင်ငံမှ ၃၅ ဦး၊ မလေးရှား နိုင်ငံမှ ၄၉ ဦး၊ အိန္ဒိယနိုင်ငံမှ ၇၈ ဦး၊ ထိုင်းနိုင်ငံမှ ၂၁ ဦး၊ ဖိလစ်ပိုင်နိုင်ငံမှ ၁၈ ဦး၊ စင်ကာပူနိုင်ငံမှ ၂၂ ဦး၊ ရုရှားနိုင်ငံမှ ၂ ဦး၊ ကိုရီးယားနိုင်ငံမှ ၁၀ ဦးနှင့် ဂျပန်နိုင်ငံမှ ၁ ဦး တို့ဖြစ်သည်။ ပြည်တွင်းကူးစက်ခံရသူ ၈၄ ဦးမှာ တမူးမြို့မှ ၄၈ ဦး၊ ကလေးမြို့မှ ၂၀ ဦး နှင့် ရန်ကုန်မြို့မှ ၁၆ ဦးတို့ဖြစ်ပါသည်။

  • ၂-၂-၂၀၂၂ ရက်နေ့က ဓာတ်ခွဲစစ်ဆေးမှုဆောင်ရွက်ခဲ့သည့် ဓာတ်ခွဲနမူနာများတွင် SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုး ဓာတ်ခွဲနမူနာ ၁၀ ခု ထပ်မံတွေ့ရှိခဲ့။
  • ၂-၂-၂၀၂၂ ရက်အထိ အိုမီခရွန်ရောဂါပိုးတွေ့ရှိသူစုစုပေါင်း ၃၂၀ ဦးရှိပြီး ပြည်ပမှ Relief Flight များဖြင့် ပြန်လည်ဝင်ရောက်လာသူ ၂၃၆ ဦးနှင့် ပြည်တွင်းကူးစက်ခံရသူ ၈၄ ဦးတို့ဖြစ်။

Add new comment