လူငယ်၊ လူရွယ်များ၏ အနာဂတ်ပညာရည်မြင့်မားရေးအတွက် စာသင်ကျောင်းများ ဖွင့်လှစ်၍ သင်ကြားပေးလျက်ရှိသည်ကို လိုလားမှုမရှိသည့် နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် ပညာရေးဆိုင်ရာရုံးဌာနများနှင့် စာသင်ကျောင်းများကို မိုင်းထောင်ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံး/လက်လုပ်မိုင်းများ၊ လက်နက် ငယ်များဖြင့် ပစ်ခတ်ဖောက်ခွဲခြင်းများပြုလုပ်လျက်ရှိသည့်အပြင် ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများအား အကြမ်းဖက်ခြိမ်းခြောက်ခြင်း၊ ရက်စက်စွာသတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။
ဖေဖော်ဝါရီလ ၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့၌-
- PDF အကြမ်းဖက်သမားများထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးသည် သာကေတမြို့နယ်ရှိ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းအနီးတွင် ပေါက်ကွဲခဲ့ပြီး ကျောင်းအဆောက်အဦ၏ လေကာမှန်တစ်ချပ် ကွဲအက်ပျက်စီးခဲ့။
- PDF အကြမ်းဖက်သမား ၂ ဦးသည် ကောလင်းမြို့နယ် ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူး ဦးကျော်သိန်းနှင့်ဇနီး အပြင်သို့သွားနေသည့် အချိန် နေအိမ်အတွင်းသို့ လက်လုပ်ဗုံး ၂ လုံးဖြင့် ပစ်ပေါက်ခဲ့ရာ ပေါက်ကွဲခဲ့သဖြင့် နေအိမ်အတွင်းရှိ ရေခဲသေတ္တာ ၁ လုံး၊ သံသေတ္တာ ၄ လုံးနှင့် အခြားအသုံးအဆောင် ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့။
- ထို့အတူ ဖေဖော်ဝါရီလ ၂ ရက်တွင် တိုက်ကြီးမြို့၊ မင်္ဂလာရပ်ကွက်နေ ကိုမျိုးမင်းထွန်းသည်သားဖြစ်သူအား ဆိုင်ကယ်ဖြင့် မြို့မအခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပို့စဉ် PDF အကြမ်းဖက်သမား ၂ ဦးက သေနတ်ဖြင့်ပစ်ခတ်ထွက် ပြေးသွားသဖြင့် ကိုမျိုးမင်းထွန်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့။
အလုံးစုံပျက်သုဉ်းရေးလမ်းစဉ်အရ နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် အကြမ်းဖက်လုပ်ရပ်များကို အရှိန်အဟုန်မြင့်လုပ်ဆောင်လျက်ရှိရာ နိုင်ငံတော်၏အနာဂတ်ဖြစ်သော လူငယ်များ၏ ပညာသင်ကြားမှုများကို ဖျက်ဆီးရန် ပညာရေးကဏ္ဍအတွက် အဓိကကျသော အခြေခံအဆောက်အဦများဖြစ်သည့် စာသင် ကျောင်းများနှင့် ပညာရေးအဆောက်အဉီများအား ယခုကဲ့သို့ မိုင်းထောင်ဖောက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ ပညာရည်မြင့်မားရေးကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နေသည့် အပြစ်မဲ့ပြည်သူများနှင့် ပညာရေးဝန်ထမ်းများအား ရက်စက်စွာလုပ်ကြံသတ်ဖြတ်ခြင်းများကို အသိတရားမဲ့စွာ ပြုလုပ်လျက်ရှိသဖြင့် ၎င်းတို့အား နိုင်ငံတကာမှ ဝိုင်းဝန်းဆန့်ကျင်ရန် နိုင်ငံတစ်ဝှမ်းရှိ ပြည်သူများက လိုလားလျက်ရှိပါသည်။
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား ဉပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရှိရပါသည်။
Add new comment