အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUGနှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် နည်း မျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
ပြည်သူများအနေဖြင့် ယင်းတို့၏လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည် ၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်းများပြုလုပ်ပါက ဥပဒေနှင့်အညီ အရေးယူခံရမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၂၅ ရက်တွင် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။
ထိုကဲ့သို့ အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြုကာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမှုလုပ်ဆောင်ခဲ့ပြီး အကြမ်းဖက်လုပ်ရပ်များကို အားပေးလုပ်ဆောင်ခဲ့သဖြင့် တရားဥပဒေနှင့်အညီ ဖမ်းဆီးအရေးယူခြင်းများ ဆောင်ရွက်ခဲ့ရာ -
- ဖေဖော်ဝါရီလ ၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးတွင် ၅ ဦးနှင့် မကွေးတိုင်း ဒေသကြီး တွင် ၂ ဦး စုစုပေါင်း ၇ ဦးတို့ကို ဖမ်းဆီးခဲ့ပြီး ဇန်နဝါရီလ ၂၇ ရက်မှ ဖေဖော်ဝါရီလ ၂ ရက်ထိ စုစုပေါင်း ၁၀၈ ဦးအား ဥပဒေနှင့်အညီ အရေးယူထား ပါသည်၊၊
ထိုသို့လှုံ့ဆော်သူ၊ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်ကာ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
- အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUGနှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိ၊၊
- အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြုကာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမှုလုပ်ဆောင်ခဲ့ပြီး အကြမ်းဖက်လုပ်ရပ်များကို အားပေးလုပ်ဆောင်ခဲ့သဖြင့် တရားခံ ၁၀၈ ဦးအား တရားဥပဒေနှင့်အညီ ဖမ်းဆီးအရေးယူခြင်းများ ဆောင်ရွက်ခဲ့။
Add new comment