နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဘောလခဲမြို့ရှိ ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများအား တွေ့ဆုံ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ဖေဖော်ဝါရီလ ၂ ရက်တွင် ဘောလခဲမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိမြို့ဖများအား နယ်မြေခံတပ်ဧည့်ရိပ်သာ၌ သွားရောက်တွေ့ဆုံ၍ အမှာစကားပြောကြား ခဲ့ပါသည်။

တွေ့ဆုံအမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌက-

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အရေးပေါ်ကာလ ၁ နှစ်ကို ပြည်တွင်း/ ပြည်ပဖိအားမျိုးစုံဖြင့် ကြုံတွေ့ခဲ့ရသော်လည်း ပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် အောင်မြင်အောင် ဖြတ်သန်းခဲ့ကြောင်း။
  • အချို့ဝန်ထမ်းများသည် နိုင်ငံ၏မျက်နှာကို မကြည့်ဘဲ CDM လုပ်ဆောင်ခဲ့၍ ဆူပူ အကြမ်းဖက်မှုကိုမလိုလားသည့် ဝန်ထမ်းကောင်းများဖြင့် ကြိုးပမ်းဆောင်ရွက် ခဲ့ရကြောင်း။
  • ကြီးမားသောစိန်ခေါ်မှုအဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသမှုဖြစ် ပြီး နိုင်ငံအချို့နှင့် INGO အဖွဲ့အချို့အနေဖြင့် မိမိတို့နိုင်ငံအား ကိုဗစ်-၁၉ ရောဂါအပေါ် လက်မြှောက်အရှုံးပေးရတော့မည်၊ ကျရှုံးသွားရတော့မည်ဟု ပြောဆိုမှုများ ရှိခဲ့ကြောင်း။
  • နိုင်ငံတော်အနေဖြင့် နိုင်ငံတော်ကို သစ္စာရှိသည့် ကျန်းမာရေးဝန်ထမ်းများ အပါအဝင် သက်ဆိုင်ရာမှ ဌာနဆိုင်ရာများ၏ သစ္စာရှိစွာဖြင့် ပူးပေါင်းဆောင်ရွက်မှု၊ ပြည်သူများ၏ပါဝင်မှုတို့ဖြင့် ကိုဗစ်-၁၉ တတိယလှိုင်းကို အချိန်တိုအတွင်း ကျော်ဖြတ်ခဲ့ကြောင်း။
  • ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးဗဟိုကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကိုယ်တိုင် တနင်္လာနေ့တိုင်းတွင်လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုဥက္ကဋ္ဌ ဦးစီး၍ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်တုန့်ပြန် ရေးကော်မတီကလည်း နေ့စဉ်နီးပါး ပြည်နယ်နှင့်တိုင်းဒေသကြီး အရေးပေါ်ထိန်းချုပ် တုံ့ပြန်ရေးအဖွဲ့များဖြင့်လည်းကောင်း ဆွေးနွေးညှိနှိုင်း အဖြေရှာဖော်ထုတ်၍ ကြိုးပမ်းခဲ့ကြောင်း။
  • ပထမလှိုင်းနှင့် ဒုတိယလှိုင်းတို့တွင် ကာကွယ်ဆေးထိုးမှုနှင့် ပတ်သက်သည့် စာရင်းဇယားအားနည်းမှုများရှိခဲ့သော်လည်း  ယခုအခါ တစ်နိုင်ငံလုံးတွင် စနစ်တကျ မှတ်တမ်းများထားရှိပြီး Webportal တွင် VMIS Program ကိုပင်တင်ထားနိုင် ပြီဖြစ်ကြောင်း။
  • တတိယလှိုင်းကာလအတွင်း အောက်ဆီဂျင်လိုအပ်ချက်ကြီးမားစွာဖြစ်ပေါ်ခဲ့ပြီး မသမာသူစီးပွားရေးသမား အချို့အနေဖြင့် မတော်လောဘဖြင့် အောက်ဆီဂျင် လိုအပ်ချက်အပေါ် ကိုယ်ကျိုးစီးပွားရှာခဲ့မှုတို့ကိုလည်းတွေ့ရကြောင်း။
  • နိုင်ငံတော်အနေဖြင့် အောက်ဆီဂျင်အပါအဝင် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးဆေးပစ္စည်းများ၊ ကာကွယ်ဆေးများနှင့် ကုသဆေးများကို အချိန်မီရရှိအောင် ဆောင်ရွက်ခြင်းတို့ဖြင့် အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့သဖြင့် နိုင်ငံတကာနှင့် INGO များကပင် အံ့ဩမှင်သက်ကြရသည်အထိ ဖြစ်ခဲ့ကြောင်း။
  • အစိုးရရပ်တည်မှု မရနိုင်ရန် ပြည်ပဩဇာခံများက ပြည်ပနိုင်ငံကြီးအချို့နှင့် ပူးပေါင်းကာ ဘဏ်စနစ်ပြိုလဲပြီး စီးပွားရေးယိုင်လဲရန် ဆောင်ရွက်ခဲ့သော်လည်း ကြံ့ကြံ့ခံ၍ ဖြတ်ကျော်နိုင်ခဲ့ကြောင်း။
  • နိုင်ငံတော်ဝန်ကြီးချုပ်၏ ပြည်တွင်းဖြစ်ကို အားပေးရန်မူဝါဒအရ ပြည်ပသွင်းကုန်အချို့အား ကန့်သတ်၍ ပြည်တွင်းထုတ်ကုန်လုပ်ငန်းများကို အားပေးခဲ့မှုကြောင့် ၂၀၂၁-၂၀၂၂ ပထမခြောက်လပတ် မီနီဘတ်ဂျက်တွင် ကုန်သွယ်ရေးပိုငွေပြမှုဖြစ်ပေါ်ခဲ့ကြောင်း။
  • အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများကို တိုးမြှင့်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပို့ကုန်များစဉ်ဆက်မပြတ် တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း။
  • ဌာနဆိုင်ရာများအနေဖြင့် နိုင်ငံအပေါ်သစ္စာရှိစွာဖြင့် ဒေသတိုးတက်ရေးအတွက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားရန် လိုကြောင်းပြောကြားခဲ့။

မြို့မိမြို့ဖများနှင့် ဌာနဆိုင်ရာများ၏ သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

  • အရေးပေါ်ကာလ ၁ နှစ်ကို ပြည်တွင်း/ပြည်ပဖိအားမျိုးစုံဖြင့် ကြုံတွေ့ခဲ့ရသော် လည်း ပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် အောင်မြင်အောင် ဖြတ်သန်းခဲ့။
  • ကိုဗစ်-၁၉ ရောဂါ ပထမလှိုင်းနှင့် ဒုတိယလှိုင်းတို့တွင် ကာကွယ်ဆေးထိုးမှုနှင့် ပတ်သက်သည့် စာရင်းဇယားအားနည်းမှုများရှိခဲ့သော်လည်း  ယခုအခါ တစ်နိုင်ငံလုံးတွင် စနစ်တကျ မှတ်တမ်းများထားရှိပြီး Webportal တွင် VMIS Program ကိုပင် တင်ထားနိုင်ပြီဖြစ်။
  • နိုင်ငံတော်အနေဖြင့် အောက်ဆီဂျင်အပါအဝင် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီး ရေးဆေးပစ္စည်းများ၊ ကာကွယ်ဆေးများနှင့် ကုသဆေးများကို အချိန်မီရရှိအောင်  အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့သဖြင့် နိုင်ငံတကာနှင့် INGO များကပင် အံ့ဩမှင်သက်ကြရသည်အထိ ဖြစ်ခဲ့။
  • အစိုးရရပ်တည်မှု မရနိုင်ရန် ပြည်ပဩဇာခံများက ပြည်ပနိုင်ငံကြီးအချို့နှင့် ပူးပေါင်းကာ ဘဏ်စနစ်ပြိုလဲပြီး စီးပွားရေးယိုင်လဲရန် ဆောင်ရွက်ခဲ့သော်လည်း  ကြံ့ကြံ့ခံ၍ ဖြတ်ကျော်နိုင်ခဲ့။
  • နိုင်ငံတော်ဝန်ကြီးချုပ်၏ ပြည်တွင်းဖြစ်ကို အားပေးရန်မူဝါဒအရ ပြည်ပသွင်းကုန်အချို့အား ကန့်သတ်၍ ပြည်တွင်းထုတ်ကုန်လုပ်ငန်းများကို အားပေးခဲ့မှုကြောင့် ၂၀၂၁-၂၀၂၂ ပထမခြောက်လပတ် မီနီဘတ်ဂျက်တွင် ကုန်သွယ်ရေးပိုငွေပြမှု ဖြစ်ပေါ်ခဲ့။
  • အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများကို တိုးမြှင့်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပို့ကုန်များစဉ်ဆက်မပြတ် တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိ။

 

Add new comment