တိုင်းဒေသကြီးနှင့်ပြည်နယ်တို့ရှိ မြို့အသီးသီး၌ ပြည်သူလူထုစိတ်အေးချမ်းစွာ သွားလာလှုပ်ရှားလျက်ရှိ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့တာဝန်ယူသည့် ၁ နှစ်ပြည့်သည့် ဖေဖေါ်ဝါရီလ ၁ ရက်တွင် ပြည်သူများ စိတ်အေးချမ်းသာစွာ သွားလာလှုပ်ရှား ဆောင်ရွက်နိုင်မှုမရှိစေရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝပျက်စီးစေရေးအတွက် NUG၊ CRPH နှင့် PDF အမည်ခံ အကြမ်းဖက်သမားများသည် Silent Strike ခေါ် အသံတိတ်လှုပ်ရှားမှုကို ပြုလုပ်ကြရန် လူမှုကွန်ရက်မှတစ်ဆင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်ဖိအားပေး လုပ်ဆောင်ခဲ့မှုအပေါ် တာဝန်ရှိအဖွဲ့အစည်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို တိုးမြှင့်ကြပ်မတ်ဆောင်ရွက်ပေးခဲ့ရာ-

  • မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အလွတ်တန်းဖိတ်ခေါ် စက်ဘီးစီးပြိုင်ပွဲကို အောင်မြေသာစံမြို့နယ်၊ ၂၆ လမ်း၊ ၇၁ လမ်းနှင့် ၇၂ လမ်းကြား မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီရုံးရှေ့၌ပြုလုပ်ခဲ့ရာ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဒေသခံပြည်သူများက ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့။
  • ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများသည် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့၊ အတုလမာရဇိန်မြတ်စွာဘုရား၊ မြို့လယ်ဓမ္မာရုံကြီး၌ တောင်ကြီးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း ၁၇ ကျောင်းမှ သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူခဲ့။
  • ရခိုင်ပြည်နယ်လုံးကျွတ် သံဃာတော်များအား ဆွမ်းတော်ကြီးလောင်းလှူပွဲကို စစ်တွေမြို့၊ လောကနန္ဒာစေတီတော်မြတ်ကြီးဝင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများက ဆွမ်းဆန်စိမ်း၊ လှူဖွယ် ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆပ်ကပ်လောင်းလှူခဲ့။
  • ပဲခူးတိုင်းဒေသကြီးတွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို မာရသွန် (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲအား စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ရာ ဒေသခံပြည်သူများက ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့။

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဖေဖေါ်ဝါရီလ ၁ ရက်၌  ဘုရား၊ စေတီ၊ ကျောင်းကန်များ၊ ဘာသာရေးဆိုင်ရာနေရာများ၌ စိတ်အေးချမ်းသာစွာ လာရောက်ဝတ်ပြုဆုတောင်းသူ သက်ဆိုင်ရာဘာသာဝင်များဖြင့် စည်းကားခဲ့ပြီး ဈေးများ၊ ဘဏ်များ၊ ဆေးရုံများ၊ လေကြောင်းခရီးစဉ်များ၊ ရေကြောင်းခရီးစဉ်များ၊ မော်တော် ယာဉ်လိုင်းများလည်း တည်ငြိမ်အေးချမ်းစွာဖြင့် ပုံမှန်အတိုင်းဖွင့်လှစ်ပြေးဆွဲခဲ့ကြောင်း သိရှိရပါသည်။

  • တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဖေဖေါ်ဝါရီလ ၁ ရက်၌  ဘုရား၊ စေတီ၊ ကျောင်းကန်များ၊ ဘာသာရေးဆိုင်ရာနေရာများ၌ စိတ်အေးချမ်းသာစွာ လာရောက်ဝတ်ပြုဆုတောင်းသူ သက်ဆိုင်ရာဘာသာဝင်များဖြင့် စည်းကားခဲ့ပြီး ဈေးများ၊ ဘဏ်များ၊ ဆေးရုံများ၊ လေကြောင်းခရီးစဉ်များ၊ ရေကြောင်း ခရီးစဉ်များ၊ မော်တော်ယာဉ်လိုင်းများလည်း တည်ငြိမ်အေးချမ်းစွာဖြင့် ပုံမှန်အတိုင်းဖွင့်လှစ်ပြေးဆွဲခဲ့။

Add new comment