ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော Quarantine Center များအား ဆက်လက်ဖွင့်လှစ်ပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပေးခြင်းတို့အား တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်-
- ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဖေဖော်ဝါရီ လ ၁ ရက်အထိ လူဦးရေစုစုပေါင်း ၂၂ ဒသမ ၁၉ သန်းအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ်အပြည့်ထိုးနှံပြီးစီးသူ ၁၈ ဒသမ ၉၄ သန်းနှင့် ပထမအကြိမ် ထိုးနှံပြီးစီးသူ ၃ ဒသမ ၂၅ သန်းရှိကာ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ရေစုစုပေါင်း ၄၁ ဒသမ ၁၃ သန်းထိုးနှံပြီးဖြစ်။
- ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် ၃၁-၁-၂၀၂၂ ရက်အထိ ထုတ်ပြန်ထားသော ပြည်သူသို့ပြန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ(ဖြေလျော့ပေးထားသည့် ကိစ္စရပ်များမပါ)အား ၂၈-၂ -၂၀၂၂ ရက် အထိ ထပ်မံတိုးမြှင့်သတ်မှတ်ခဲ့။
- နိုင်ငံတကာလေကြောင်းခရီးသည်များမှတစ်ဆင့် ကိုဗစ်ရောဂါပိုး ကူးစက်မှုအန္တရာယ်ကို ဆက်လက်တားဆီးကာကွယ်နိုင်ရေးအတွက် နိုင်ငံတကာခရီးသည်တင်လေကြောင်း ခရီးစဉ်များအား မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းကို ယာယီကန့်သတ်ချက် ဆိုင်ရာညွှန်ကြားချက်အဖြစ် ၃၁-၁၂-၂၀၂၀ ရက်တွင် ပြင်ဆင် ထုတ်ပြန်ခဲ့ပြီး သက်ရောက်မှုကာလကို ၂၈-၂-၂၀၂၂ ရက်အထိ ထပ်မံတိုးမြှင့်သတ်မှတ်ခဲ့။
- ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြည်ပမှဝင်ရောက်လာနိုင်မှုနှင့် ကူးစက်ပြန့်ပွားမှုအန္တရာယ်မှ မြန်မာပြည်သူများအား ကာကွယ်စောင့်ရှောက်ပေးနိုင်ရေးအတွက် ထိရောက်သည့် အစီအမံများကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန် ရှေးရှုလျက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီးသွားများအပေါ် ပြည်ဝင်ခွင့်ယာယီကန့်သတ်မှုဆိုင်ရာအစီအမံများ အားလုံးကို ၃၁-၁-၂၀၂၂ ရက်တွင် ပြင်ဆင်ထုတ်ပြန်ခဲ့ပြီး သက်ရောက်ကာလကို ၂၈-၂-၂၀၂၂ ရက်အထိ ထပ်မံတိုးမြှင့်သတ်မှတ်ခဲ့။
- မကွေးတိုင်းဒေသကြီးရှိ ပြည်သူ့ဆေးရုံ၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူ ဒါန်းထားသော Oxygen Plant စက်ရုံအား ဇန်နဝါရီလ ၃၀ ရက်တွင် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖွင့်လှစ်ပေးခဲ့။
- မြန်မာနိုင်ငံ၌ ၁-၂-၂၀၂၂ ရက်အထိ အိုမီခရွန်ရောဂါပိုးတွေ့ရှိသူစုစုပေါင်း ၃၁၀ ဦး ရှိပြီး ပြည်ပမှ Relief Flight များဖြင့် ပြန်လည်ဝင်ရောက်လာသူ ၂၃၆ ဦးနှင့် ပြည်တွင်းကူးစက်ခံရသူ ၇၄ ဦးတို့ဖြစ်ပါသည်။ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူ ၂၃၆ ဦးမှာ မြန်မာနိုင်ငံသား ၂၁၆ ဦးနှင့် နိုင်ငံခြားသား ၂၀ ဦးတို့ဖြစ်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီလ ၁ ရက်တွင် ဓာတ်ခွဲနမူနာ စုစုပေါင်း ၃၉,၉၈၃ ခုအားစစ်ဆေးခဲ့ပြီး၊ ဓာတ်ခွဲအတည်ပြုလူနာသစ် ၈၆၁ ဦးဖြင့် ရောဂါ ပိုးတွေ့ရှိမှု ၂.၁၅ ရာခိုင်နှုန်းရှိခဲ့ပါသည်။ ၁-၂-၂၀၂၂ ရက်အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၆,၃၉၃,၆၂၁ ခုအား စစ်ဆေးခဲ့ရာ အတည်ပြုလူနာစုစုပေါင်း ၅၃၆,၃၉၃ ဦးနှင့် သေဆုံးသူ စုစုပေါင်း ၁၉,၃၁၀ ဦးရှိကြောင်း သိရှိရပါသည်။
- ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဖေဖော်ဝါရီလ ၁ ရက်အထိ လူဦးရေစုစုပေါင်း ၂၂ ဒသမ ၁၉ သန်းအား ထိုးနှံ ပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ်အပြည့်ထိုးနှံပြီးစီးသူ ၁၈ ဒသမ ၉၄ သန်းနှင့် ပထမအကြိမ်ထိုးနှံပြီးစီးသူ ၃ ဒသမ ၂၅ သန်းရှိကာ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ရေစုစုပေါင်း ၄၁ ဒသမ ၁၃ သန်းထိုးနှံပြီးဖြစ်။
- မြန်မာနိုင်ငံ၌ ၁-၂-၂၀၂၂ ရက်အထိ အိုမီခရွန်ရောဂါပိုးတွေ့ရှိသူစုစုပေါင်း ၃၁၀ ဦး ရှိပြီး ပြည်ပမှ Relief Flight များဖြင့် ပြန်လည်ဝင်ရောက်လာသူ ၂၃၆ ဦးနှင့် ပြည်တွင်းကူးစက်ခံရသူ ၇၄ ဦးတို့ဖြစ်။
- နိုင်ငံတကာခရီးသည်တင်လေကြောင်းခရီးစဉ်များအား မြန်မာနိုင်ငံသို့ ပျံသန်း ဆင်းသက်ခြင်းကို ယာယီကန့်သတ်ချက်ဆိုင်ရာညွှန်ကြားချက်အဖြစ် သက်ရောက်မှုကာလကို ၂၈-၂-၂၀၂၂ ရက်အထိ ထပ်မံတိုးမြှင့်သတ်မှတ်ခဲ့။
- ၁-၂-၂၀၂၂ ရက်အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၆,၃၉၃,၆၂၁ ခုအား စစ်ဆေးခဲ့ရာ အတည်ပြုလူနာစုစုပေါင်း ၅၃၆,၃၉၃ ဦးနှင့် သေဆုံးသူစုစုပေါင်း ၁၉,၃၁၀ ဦး ဖြစ်ပြီး ၁-၂-၂၀၂၂ ရက်တွင် ရောဂါပိုးတွေ့ရှိမှု ၂.၁၅ ရာခိုင်နှုန်းရှိ။
Add new comment