(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော် အောင်မြင်စွာကျင်းပပြီးစီး

(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော်ကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ဇန်နဝါရီလ ၂၉ ရက်မှ ၃၁ ရက်အထိ ကျင်းပခဲ့ရာ ဝန်ကြီးဌာနများရှိ ဝန်ထမ်းများနှင့် မိသားစုများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များ၊ ကလေးငယ်များ၊ လူငယ်များနှင့် ပြည်သူများ စိတ်ပါဝင်စားစွာဖြင့် တစ်ခဲနက် လာရောက်ပါဝင်ဆင်နွှဲခဲ့ကြပါသည်။

အဆိုပါပွဲတော်တွင် ပြခန်းအမျိုးအစား ၄၀ ကျော် ပါဝင်ခင်းကျင်းပြသခဲ့ပြီး သိပ္ပံနှင့် နည်းပညာပြခန်း၊ လေကြောင်းပညာရပ်ဆိုင်ရာ အသိပညာပေးပြခန်း၊ ရေကြောင်း ပညာရပ်ဆိုင်ရာ အသိပညာပေးပြခန်းတို့တွင် ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်များကိုယ်တိုင် အဆင့်မြင့်တိုက်လေယာဉ်၊ ရဟတ်ယာဉ်များ၊ သင်္ဘာများကို စမ်းသပ်မောင်းနှင်နိုင်မည့် simulator များ ထားရှိပေးထားသည့်အတွက် ၎င်းပြခန်းတို့တွင် ကြိတ်ကြိတ်တိုး စည်ကားခဲ့ပါသည်။

 နိုင်ငံတော်အစိုးရအနေဖြင့် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်း အမှတ် လူငယ်နှင့်စာပေပွဲတော်ကို ကောင်းမွန်ထိရောက်သော ရည်ရွယ်ချက်များဖြင့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဇန်နဝါရီလ ၂၉ ရက်မှ ၃၁ ရက်အထိ သုံးရက်တိုင်တိုင် စည်းကားသိုက်မြိုက်စွာ ကျင်းပပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များဘက်မှလည်း စိတ်ပါဝင်စားစွာ  တစ်ခဲနက်ပါဝင် ဆင်နွှဲခဲ့မှုကြောင့် ပွဲတာ်အား အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရှိရပါသည်။

  • နိုင်ငံတော်အစိုးရအနေဖြင့် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော်ကို ကောင်းမွန်ထိရောက်သောရည်ရွယ်ချက်များဖြင့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဇန်နဝါရီလ ၂၉ ရက်မှ ၃၁ ရက်အထိ သုံးရက်တိုင်တိုင် စည်းကားသိုက်မြိုက်စွာကျင်းပပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များဘက်မှလည်း စိတ်ပါဝင်စားစွာ တစ်ခဲနက်ပါဝင် ဆင်နွှဲခဲ့မှုကြောင့် ပွဲတာ်အား အောင်မြင်စွာကျင်းပနိုင်ခဲ့။

Add new comment