အိုမီခရွန်ရောဂါပိုးတွေ့ရှိမှု အခြေအနေများ

ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ Relief Flight များဖြင့် ပြန်လည်ဝင်ရောက်လာသူများတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများ၏ ဓာတ်ခွဲနမူနာများအနက် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုးတွေ့ရှိနိုင်သည့် သံသယဖြစ်ဖွယ်ဓာတ်ခွဲနမူနာများအား ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇစစ်ဆေးခြင်းကို အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန၌ ၃၁-၁-၂၀၂၂ ရက်တွင် ဆောင်ရွက်ခဲ့ရာ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုး ဓာတ်ခွဲနမူနာ ၂၇ ခုတွေ့ရှိခဲ့ပါသည်။

မြန်မာနိုင်ငံ၌ ၃၁-၁-၂၀၂၂ ရက်အထိ အိုမီခရွန်ရောဂါပိုးတွေ့ရှိသူစုစုပေါင်း ၃၁၀ ဦး ရှိပြီး ပြည်ပမှ Relief Flight များဖြင့် ပြန်လည်ဝင်ရောက်လာသူ ၂၃၆ ဦးနှင့် ပြည်တွင်း ကူးစက်ခံရသူ ၇၄ ဦးတို့ဖြစ်ပါသည်။

ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူ ၂၃၆ ဦးမှာ မြန်မာနိုင်ငံသား ၂၁၆ ဦးနှင့် နိုင်ငံခြားသား ၂၀ ဦးတို့ဖြစ်ပြီး အဆိုပါ ၂၃၆ ဦးမှာ ယူအေအီးနိုင်ငံမှ ၃၅ ဦး၊ မလေးရှား နိုင်ငံမှ ၄၉ ဦး၊ အိန္ဒိယနိုင်ငံမှ ၇၈ ဦး၊ ထိုင်းနိုင်ငံမှ ၂၁ ဦး၊ ဖိလစ်ပိုင်နိုင်ငံမှ ၁၈ ဦး၊ စင်ကာပူနိုင်ငံမှ ၂၂ ဦး၊ ရုရှားနိုင်ငံမှ ၂ ဦး၊ ကိုရီးယားနိုင်ငံမှ ၁၀ ဦးနှင့် ဂျပန်နိုင်ငံမှ ၁ ဦး တို့ဖြစ်သည်။ ပြည်တွင်းကူးစက်ခံရသူ ၇၄ ဦးမှာ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့မှ ၄၈ ဦး၊ ကလေးမြို့မှ ၂၀ ဦး၊ အဆိုပါဒေသများမှ ရောက်ရှိလာသူများမှတဆင့် ထပ်မံကူးစက်ခံရသူ ၃ ဦး၊ ကိုဗစ်-၁၉ ရောဂါ သံသယလူနာများမှ ရောဂါအတည်ပြုလူနာ ၁ ဦးနှင့် ပြည်ပ နိုင်ငံများမှ ပြန်လည်ဝင်ရောက်သူများနှင့် ထိတွေ့သည့်မိသားစုဝင် ၂ ဦး တို့ဖြစ်ပါသည်။

  • ၃၁-၁-၂၀၂၂ ရက်နေ့က ဓာတ်ခွဲစစ်ဆေးမှုဆောင်ရွက်ခဲ့သည့် ဓာတ်ခွဲနမူနာများ တွင် SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုး ဓာတ်ခွဲနမူနာ ၂၇ ခု ထပ်မံတွေ့ရှိခဲ့။
  • ၃၁-၁-၂၀၂၂ ရက်အထိ အိုမီခရွန်ရောဂါပိုးတွေ့ရှိသူစုစုပေါင်း ၃၁၀ ဦးရှိပြီး ပြည်ပမှ Relief Flight များဖြင့် ပြန်လည်ဝင်ရောက်လာသူ ၂၃၆ ဦးနှင့် ပြည်တွင်းကူး စက်ခံရသူ ၇၄ ဦးတို့ဖြစ်။

Add new comment