အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH NUGနှင့် ယင်းတို့၏ လက် အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ လူပုဂ္ဂိုလ် များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
ပြည်သူများအနေဖြင့် ယင်းတို့၏လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည် ၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်းများပြုလုပ်ပါက ဥပဒေနှင့်အညီ အရေးယူခံရမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၂၅ ရက်တွင် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် အသိပေး သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။
ထိုကဲ့သို့ အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြုကာ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမှု လုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ် အရေးယူ ခြင်းများ ဆောင်ရွက်ခဲ့ရာ -
- ဇန်နဝါရီလ ၃၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးတွင် ၁၁ ဦး၊ မန္တလေးတိုင်းဒေသ ကြီးတွင် ၄ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁ ဦး၊ ပဲခူးတိုင်းဒေသကြီးတွင် ၁ ဦး၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၄ ဦး၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၁ ဦး၊ ရှမ်း ပြည်နယ်(မြောက်ပိုင်း)တွင် ၁ ဦး စုစုပေါင်း ၂၃ ဦးတို့ကို ဖမ်းဆီးခဲ့ပြီး ဇန်နဝါရီလ ၂၇ ရက်မှ ဇန်နဝါရီလ ၃၁ ရက်ထိ စုစုပေါင်း ၈၅ ဦးအား ဥပဒေနှင့်အညီ အရေး ယူထားပါသည်၊၊
ထိုသို့လှုံ့ဆော်သူဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်ကာ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
- အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUGနှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူ လူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိ၊၊
- အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြုကာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့် တရားခံ ၈၅ ဦးအား တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့။
Add new comment