တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအား ထောက်ခံပွဲများ ပြုလုပ်

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များ၌ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် မြန်မာ့တပ်မတော်အား ထောက်ခံပွဲများ ပြုလုပ်လျက်ရှိပါသည်။

  • ဇန်နဝါရီလ ၃၁ ရက်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွမ်းလုံမြို့နှင့် လောက်ကိုင်မြို့၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နှင့် နမ့်စန်မြို့၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ မြို့နယ် ၅ မြို့နယ်၊ မွန်ပြည်နယ် အတွင်းရှိ မြို့နယ် ၆ မြို့နယ်နှင့် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်နှင့် ကမာရွတ်မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၈ မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ခန္တီးမြို့နှင့် မော်လိုက်မြို့၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၁၆ မြို့နယ်နှင့် မကွေးတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၅ မြို့ နယ်တို့၌ အသီးသီးပြုလုပ်ခဲ့ကြပြီး အကြမ်းဖက်များအား ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့။

ဆန္ဒဖော်ထုတ်ရာတွင် ပြည်သူများက- “NUG၊ CRPH၊ PDF အကြမ်းဖက်သမား အလိုမရှိ၊ NUG၊ CRPH၊ PDF အကြမ်းဖက်လုပ်ရပ်များအား ဆန့်ကျင်ကြ၊ ပြည်ထောင်စုမပြိုကွဲရေးဒို့အရေး၊ မြန်မာ့ပြည်တွင်းရေး ပြည်ပဖြည့်စွက်မှုအလိုမရှိ၊ ပြည်ဖျက်သည့် CRPH၊ NUG လူသတ်သည့် PDF ဆန့်ကျင်ကြ၊ NUG၊ PDF အကြမ်းဖက်မှုအမြစ်ဖြတ်၊ NUG၊ PDF အကြမ်းဖက်မှုတွေ မြင်အောင်ကြည့်၊ NUG၊ PDF ရဲ့ ပြည်သူ့အပေါ် အကြမ်းဖက်မှုချက်ချင်းရပ်’’ စသည့် စာသားပါ ဆိုင်းဘုတ်များအား ကိုင်ဆောင်ကြွေးကြော်ခဲ့ကြကြောင်း သိရှိရပါသည်။

  • ဇန်နဝါရီလ ၃၁ ရက်တွင် တိုင်းဒေသကြီး ၅ ခုနှင့် ပြည်နယ် ၆ ခုရှိ မြို့နယ် ၅၃ မြို့ နယ်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် တပ်မတော်အား ထောက်ခံပွဲများ ပြုလုပ်ခဲ့ပြီး အကြမ်းဖက်များအား ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့။
  • ဆန္ဒဖော်ထုတ်ရာတွင် ပြည်သူများက- “မြန်မာ့ ပြည်တွင်းရေး ပြည်ပဖြည့်စွက်မှု အလိုမရှိ၊ ပြည်ဖျက်သည့် CRPH၊ NUG လူသတ်သည့် PDF ဆန့်ကျင်ကြ၊ NUG၊ PDF အကြမ်းဖက်မှုအမြစ်ဖြတ်၊ NUG၊ PDF အကြမ်းဖက်မှုတွေ မြင်အောင်ကြည့်၊ NUG၊ PDF ရဲ့ ပြည်သူ့အပေါ် အကြမ်းဖက်မှု ချက်ချင်းရပ်’’ စသည့် စာသားပါ ဆိုင်းဘုတ်များအား ကိုင်ဆောင်ကြွေးကြော်ခဲ့။

Add new comment