ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ရခိုင်ပြည်နယ်အတွင်းရှိ IDP စခန်းများ၊ တိုက်ပွဲရှောင်စခန်းများနှင့် ပြန်လည်လက်ခံရေးစခန်းများအား ကြည့်ရှုစစ်ဆေး

  နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့် ပြည်ထောင်စုဝန်ကြီးများသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ဒီဇင်ဘာ ၁၉ ရက်တွင် ကျောက်ဖြူမြို့သို့ ရောက်ရှိခဲ့ကြပြီး ပြည်နယ်အစိုးရ ဧည့်ရိပ်သာ၌ ကျောက်ဖြူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ကျောက်တစ်လုံး IDP စခန်းဖွင့်လှစ်ထားရှိမှုနှင့် ပြောင်းရွှေ့ နေရာချထားမည့်မြေနေရာကို သွားရောက်ကြည့်ရှုစစ်ဆေး၍ ဌာနဆိုင်ရာများ၏တင်ပြချက်၊ စခန်းနေသူများ၏ လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့သည် ဒီဇင်ဘာ ၂၀ ရက်တွင်-

· အမ်းမြို့ရှိ မိုးလုံလေလုံအားကစားခန်းမ၌ တိုက်ပွဲရှောင်စခန်းနေပြည်သူများနှင့် တွေ့ဆုံပြီး လတ်တလောဆောင် ရွက်ပေးနိုင်မည့်အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့်အခြေအနေများကို ရှင်းလင်းပြောကြားပြီး ယာယီခိုလှုံရာ စခန်း ၃ ခု၊ စုရပ် ၄ ခုရှိ စုစုပေါင်းအိမ်ထောင်စု ၆၈၉ စု၊ လူဦးရေ ၃,၁၉၈ ဦး တို့အတွက် ၁ လစာ ထောက်ပံ့ဆန် ၉၉၉ အိတ်ကို ထောက်ပံ့ပေးအပ်ခဲ့။

· အမ်းမြို့နယ်၊ ပဲပဒုံတိုက်ပွဲရှောင်စခန်းနေ ပြည်သူများအား သွားရောက်တွေ့ဆုံပြီး မိမိနေရပ်သို့ အမြန်ဆုံးပြန်လည်အခြေချနိုင်ရေးအတွက် လိုအပ်သည်များကို အကောင်းဆုံး ထောက်ပံ့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း  ပြောကြားခဲ့။

· ဆက်လက်၍ အမ်းမြို့နယ်၊ အမ်းတောင်ကျေးရွာအုပ်စုရှိ တိုက်ပွဲရှောင်စခန်းတည်ဆောက်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လက်ရှိတည်ဆောက်ထားမှုအခြေအနေနှင့်စပ်လျဉ်း၍ လိုအပ်သည်များ မှာကြားခဲ့။

  ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် ရခိုင်ပြည်နယ်  ဝန်ကြီးချုပ်တို့သည် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီနှင့် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီများအနေဖြင့် ဆက်လက်ဆောင်  ရွက်ရမည့်လုပ်ငန်းစဉ်များကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

  ၂၀၂၁ ခုနှစ်၊ ဧပြီလမှ ယနေ့အထိ နယ်မြေတည်ငြိမ်အေးချမ်းမှုကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းနေ တိုင်းရင်းသားအိမ်ထောင်စု ၃,၈၅၈ စု၊ လူဦးရေ ၁၆,၇၁၇ ဦး တို့ကို မူလနေရပ်များသို့ ပြန်လည်နေထိုင်နိုင်ရေး ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကျေးရွာများအတွက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

  •  ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒီဇင်ဘာ ၁၉ ရက်တွင် ကျောက်တစ်လုံး IDP စခန်းဖွင့်လှစ်ထားရှိမှုနှင့် ပြောင်းရွှေ့ နေရာချထားမည့်မြေနေရာကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့။
  •  ဒီဇင်ဘာ ၂၀ ရက်တွင် အမ်းမြို့ရှိ မိုးလုံလေလုံအားကစားခန်းမ၌ တိုက်ပွဲရှောင်စခန်းနေပြည်သူများ၊ ပဲပဒုံတိုက်ပွဲရှောင် စခန်းနေ ပြည်သူများနှင့်တွေ့ဆုံ၍ အမ်းတောင်ကျေးရွာအုပ်စုရှိ တိုက်ပွဲရှောင်စခန်း တည်ဆောက်ပြီးစီးမှုအခြေအနေ များအား ကြည့်ရှုစစ်ဆေးခဲ့။
  • ၂၀၂၁ ခုနှစ်၊ ဧပြီလမှ ယနေ့အထိ ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းနေ တိုင်းရင်းသားအိမ်ထောင်စု ၃,၈၅၈ စု၊ လူဦးရေ ၁၆,၇၁၇ ဦးတို့ကို မူလနေရပ်များသို့ ပြန်လည်နေထိုင်နိုင်ရေး ဆောင်ရွက်ပေးနိုင်ခဲ့။