၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် လေးလတာကာလအတွင်း မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ် မှု အမေရိကန်ဒေါ်လာ သန်း ၁,၅၀၀ ခန့်ရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။
၂၀၂၁ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၁ ရက်အထိ-
- တာချီလိတ်နယ်စပ်ကုန်သွယ်ရေးမှ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၂.၁၆၅ သန်းရှိခဲ့။
- မြဝတီနယ်စပ်ကုန်သွယ်ရေးမှ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၇၅၈.၂၄၉ သန်းရှိခဲ့။
- ကော့သောင်းနယ်စပ်ကုန်သွယ်ရေးမှ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၀၀.၃၅၃ သန်းရှိခဲ့။
- မြိတ်နယ်စပ်ကုန်သွယ်ရေးမှ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၄၂.၀၄၆ သန်းရှိခဲ့။
- ထီးခီးနယ်စပ်ကုန်သွယ်ရေးမှ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၅၆၁.၀၉၁ သန်းရှိခဲ့။
- မောတောင်နယ်စပ်ကုန်သွယ်ရေးမှ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၅.၃၆၆ သန်းရှိခဲ့။
- စုစုပေါင်းပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၉၇၀.၇၃၆ သန်းရရှိခဲ့ပြီး စုစုပေါင်းသွင်းကုန် တန်ဖိုး အမေရိကန်ဒေါ်လာ ၅၂၈.၅၃၄ သန်းဖြင့် ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၁,၄၉၉.၂၇ သန်းရှိခဲ့။
ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀-၂၀၂၅ ကို အကောင်အထည်ဖော်နေပြီး ဦးစားပေးကဏ္ဍများတွင် လယ်ယာထွက်ကုန်ပစ္စည်း၊ အခြေခံစားသောက်ကုန်ထုတ်လုပ်ခြင်းကဏ္ဍ၊ အထည်အလိပ်နှင့်အဝတ်အထည်ကဏ္ဍ၊ စက်မှုနှင့်လျှပ်စစ်ပစ္စည်းကဏ္ဍ၊ ရေထွက်ကုန်လုပ်ငန်းကဏ္ဍ၊ သစ်တောထွက်ပစ္စည်းကဏ္ဍ၊ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုကဏ္ဍ၊ အရည်အသွေးစီမံခန့်ခွဲမှုကဏ္ဍ၊ ကုန်သွယ်မှုသတင်းအချက်အလက်ဝန်ဆောင်မှုကဏ္ဍ၊ တီထွင်ဆန်းသစ်မှုနှင့် စွန့်ဦးတီထွင်ဆောင်ရွက်မှုကဏ္ဍတို့ပါဝင်ကြောင်း သိရှိရပါသည်။
-
၂၀၂၁ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၁ ရက်အထိ စုစုပေါင်း ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၉၇၀.၇၃၆ သန်းရရှိခဲ့ပြီး စုစုပေါင်းသွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၅၂၈.၅၃၄ သန်းဖြင့် ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၁,၄၉၉.၂၇ သန်းရှိခဲ့။
-
ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀-၂၀၂၅ ကို အကောင်အထည်ဖော်လျက်ရှိ။
Add new comment