အကြမ်းဖက် PDF အဖွဲ့ရဲ့ အကြမ်းဖက်လုပ်ရပ်များကို လက်မခံတဲ့ အင်မထီးရွာအား စစ်တပ်အားပေးဟုဆိုကာ အကြမ်းဖက်သောင်းကျန်းသူ အင်အား ၃၀၀ ခန့်မှ လက်နက်ငယ်များ၊ လက်လုပ်ဗုံးများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကူလိုက်လာတဲ့ လုံခြုံရေးအဖွဲ့၊ ကျေးရွာပြည်သူ့စစ်အဖွဲ့နှင့် ရွာသားများက ခုခံတိုက်ခိုက်ခဲ့ပါတယ်။
ခုခံတိုက်ခိုက်ခဲ့သော်လည်း သာလွန်အင်အားဖြင့် အကြမ်းဖက်သမားများက အတင်းဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့် လုံခြုံရေးအဖွဲ့များသည် ပတ်လည်ခံစစ်ဆင်ပြီး ခုခံထားနိုင်ခဲ့ပါသည်။
အဆိုပါအချိန်တွင် အကြမ်းဖက် PDF များက ရွာထဲရှိ အိမ် ၂၀၀ လုံးခန့်အား မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း သိရှိရပါသည်။ ယခု စစ်ကူထပ်မံလိုက်လာတဲ့ စစ်ကြောင်းတွေနဲ့လည်း ပူးပေါင်းမိသွားပါပြီ။ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိပါ။ အကြမ်းဖက် PDF ထိခိုက်မှုမသိရသေး။ အကြမ်းဖက်သမားများ မီးရှို့ ဖျက်ဆီးခဲ့မှုကြောင့် အိမ်ခြေ ၂၀၀ လုံးခန့် မီးလောင်ပျက်စီးခဲ့ပါသည်။
Add new comment