နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော် တက်ရောက်ဖွင့်လှစ်

(၇၅) နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၂၉ ရက်တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး စည်းမျဉ်း၊ စည်းကမ်းများနှင့် အညီကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် လူငယ်နှင့်စာပေပွဲတော်တွင် ခင်းကျင်းပြသထားသည့် ပြန်ကြားရေးဝန်ကြီးဌာနပြခန်းများ၊ ကျန်းမာရေးဝန်ကြီးဌာနပြခန်းများ၊ အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနပြခန်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနပြခန်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနပြခန်းများနှင့် လေကြောင်းပညာရပ်ဆိုင်ရာပြခန်းများနှင့် ပညာရေးဝန်ကြီးဌာနပြခန်းများအား ပြခန်းတစ်ခုချင်းစီအလိုက် အသေးစိတ်လှည့်လည်ကြည့်ရှုခဲ့သည့်အပြင်  ကျောင်းသား၊ ကျောင်းသူများ၏ ကာတွန်း ရုပ်ပြောင်ပန်းချီရေးဆွဲခြင်း၊ ပန်းချီပြိုင်ပွဲ၊ အိမ်ဆောက် ကစားခြင်း၊ စကားပုံဆက်ကစားခြင်းများကိုလည်း လှည့်လည်ကြည့်ရှုအားပေးပြီး ကျောင်းသား၊ ကျောင်းသူလေးများကို လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊  နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။  (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော်တွင် ပြခန်းပေါင်း ၄၀ ကျော်ပြသထားပြီး ဇန်နဝါရီ ၂၉ ရက်မှ ၃၁ ရက်နေ့အထိ ပြသသွားမည်ဖြစ်ကာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လာရောက်လေ့လာနိုင်ကြောင်း သတင်းထုတ်ပြန်ထားပါသည်။

  • (၇၅) နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော်ဖွင့်ပွဲအခမ်းအနားအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့။
  • (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော်တွင် ပြခန်းပေါင်း ၄၀ ကျော်ပြသထားပြီး ဇန်နဝါရီ ၂၉ ရက်မှ ၃၁ ရက်နေ့ အထိ ပြသသွားမည်ဖြစ်ကာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လာရောက် လေ့လာနိုင်ကြောင်း သတင်းထုတ်ပြန်ထား။

Add new comment