ကယားပြည်နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းလာသည့်အတွက် တိုက်ပွဲရှောင်ပြည်သူများ နေရပ်အသီးသီးသို့ ပြန်လည်ဝင်ရောက်

ကယားပြည်နယ်၊ လွိုင်ကော်မြို့နှင့် အနီးတဝိုက်ကျေးရွာများတွင် တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် တိမ်းရှောင်နေသော ဒေသခံပြည်သူများသည် ယခုအခါ နယ်မြေပြန်လည်တည်ငြိမ်အေးချမ်းလာသည့်အတွက် ၎င်းတို့နေရပ်အသီးသီးသို့ ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိပါသည်။

  • ဇန်နဝါရီလ ၂၆ ရက်တွင် လွိုင်ကော်မြို့ပေါ်နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံ ပြည်သူ ၂,၈၀၇ ဦး။
  • ဇန်နဝါရီလ ၂၇ ရက်တွင် လွိုင်ကော်မြို့ပေါ်နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံ ပြည်သူ ၄၃၉ ဦး။
  • ဇန်နဝါရီလ ၂၉ ရက်တွင် လွိုင်ကော်မြို့ပေါ်နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံ ပြည်သူ ၅၅၅ ဦး၊ စုစုပေါင်း ဒေသခံပြည်သူ ၃,၉၉၄ ဦး ပြန်လည်ဝင်ရောက်လာခဲ့ရာ ဇန်နဝါရီလ ၂၂ ရက်မှ ၂၉ ရက်အထိ လွိုင်ကော်မြို့ပေါ်နှင့် ပတ်ဝန်းကျင်ကျေးရွာ များမှ ဒေသခံပြည်သူ စုစုပေါင်း ၄,၇၄၂ ဦး ရှိပြီဖြစ်ပါသည်။

ကယားပြည်နယ်အတွင်း ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့သည့် ဒေသတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၂၂ ရက်မှစ၍ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ရာ နယ်မြေတည်ငြိမ်အေးချမ်းမှုများပြန်လည်ရရှိလာပြီး ဈေးများပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်၍ အေးချမ်းတည်ငြိမ်စွာ ရောင်းဝယ်ဖောက်ကားလျက်ရှိသည့်အပြင် ဘုရား၊ စေတီများနှင့် အခြားဘာသာရေးကျောင်းများ၌လည်း ဘုရားဖူးဝတ်ပြုဆုတောင်းသူများနှင့် ပုံမှန်အတိုင်းသွားလာလှုပ်ရှားလျက်ရှိကြောင်း သိရှိရပါသည်။

  • ကယားပြည်နယ်အတွင်း ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့သည့် ဒေသတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၂၂ ရက်မှစ၍ ပြန်လည်ထိန်းချုပ်နိုင်ခဲ့။
  • ကယားပြည်နယ်အတွင်း နယ်မြေပြန်လည်တည်ငြိမ်အေးချမ်းလာသည့်အတွက် ဒေသခံပြည်သူ ၄,၇၄၂ ဦး ပြန်လည်ရောက်ရှိလာပြီး ဈေးများပုံမှန်အတိုင်း ပြန်လည် ဖွင့်လှစ်၍ အေးချမ်းတည်ငြိမ်စွာ ရောင်းဝယ်ဖောက်ကားလျက်ရှိသည့်အပြင် ဘုရား၊ စေတီများနှင့် အခြားဘာသာရေးကျောင်းများ၌လည်း ဘုရားဖူးဝတ်ပြုဆုတောင်းသူများနှင့် ပုံမှန်အတိုင်း သွားလာလှုပ်ရှားလျက်ရှိ။

Add new comment