အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH/ NUGနှင့် ယင်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH NUGနှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် နည်းမျိုး စုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ပြည်သူများအနေဖြင့် ယင်းတို့၏လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်းများပြုလုပ်ပါက ဥပဒေနှင့်အညီ အရေးယူခံရမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၂၅ ရက်တွင် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

ထိုကဲ့သို့ အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြုကာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမှုလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီလ ၂၉ ရက်နှင့်  ၃၀ ရက်နေ့တို့တွင် ရန်ကုန်တိုင်းဒေသကြီးတွင် ၂၂ ဦး၊ မန္တလေးတိုင်းဒေသကြီးတွင် ၅ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁ ဦး၊ မကွေးတိုင်းဒေသကြီးတွင်  ၁ ဦး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့တွင် ၁ ဦး၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ၂ ဦးနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ၂ ဦး တို့ကို ဖမ်းဆီးခဲ့ပါသည်၊၊

 ထိုသို့လှုံ့ဆော်သူဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်ကာ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

  • အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH NUGနှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိ၊၊
  • အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြုကာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့် တရားခံ ၃၄ ဦးအား တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ်  အရေးယူခြင်းမျာ ဆောင်ရွက်ခဲ့။

Add new comment