နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး(၂/၂၀၂၂) သို့ တက်ရောက်အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၂/၂၀၂၂)ကို ဇန်နဝါရီလ ၂၉ ရက် တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ တစ်နှစ်တာ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရှင်းလင်းပြောကြားရာတွင်-

  • နိုင်ငံရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်ပြီး တပ်မတော်က နိုင်ငံတော်တာဝန်ရယူ ထိန်းသိမ်းခဲ့ရသည့် အခြေအနေများ၊  နိုင်ငံတော်တာဝန်ကို ထိန်းသိမ်းပြီးနောက် လုပ်ဆောင်ခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ။
  • လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်ပြီး တပ်မတော်က နိုင်ငံတော် တာဝန်ရယူ မထိန်းသိမ်းမီ အခြေအနေနှင့် ရယူထိန်းသိမ်းပြီးနောက် အခြေအနေများ။
  • စီးပွားရေးဆိုင်ရာများနှင့်ပတ်သက်ပြီး တပ်မတော်က နိုင်ငံတော်တာဝန်မယူမီ အခြေအနေနှင့် တာဝန်ယူပြီးနောက် အခြေအနေများ။
  • လူမှုရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်ပြီး တပ်မတော်ကတာဝန်မယူမီ ဘာသာ၊ သာသနာ၊ မြန်မာ့ယဉ်ကျေးမှုများ ဖျက်ဆီးခံရမှု အခြေအနေများ၊ တပ်မတော်မှ တာဝန်ယူပြီးနောက် ပြန်လည်ထိန်းသိမ်းဆောင်ရွက်ခဲ့မှု အခြေအနေများ။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉) ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့်ပတ်သက်ပြီး နိုင်ငံသားအားလုံး နိုင်ငံသားစိစစ်ရေးကတ်ရရှိရေး ကြိုးပမ်းဆောင်ရွက်နေမှုအခြေအနေများ။
  • ကိုဗစ် - ၁၉ ကပ်ရောဂါကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက် ဆောင်ရွက်နေသည့် အခြေအနေများ။
  • တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသည့် အခြေအနေများ။
  • ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်နေမှုအခြေအနေများ။
  • တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့။

ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးသိန်းညွှန့်၊ မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ ဒေါ်အေးနုစိန်နှင့် ဒေါက်တာဗညားအောင်မိုးတို့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ တစ်နှစ်တာဆောင်ရွက်ချက်များနှင့် စပ်လျဉ်းပြီး အကြံပြုဆွေးနွေးခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က လက်ရှိကာလတွင် နယ်မြေဒေသများ လုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ လာမည့်ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မြို့နယ်အားလုံး ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက် လျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်၍ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ တစ်နှစ်တာဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာကိစ္စရပ်များနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်နေမှုများအပြင် လာမည့်ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မြို့နယ်အားလုံး ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားခဲ့။

Add new comment