နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရန် စခန်းသွင်း လေ့ကျင့်လျက်ရှိသည့် မြန်မာ့လက်ရွေးစင်အားကစား သမားများ၏ လေ့ကျင့်သရုပ်ပြသမှုအား ကြည့်ရှုအားပေး

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် မြန်မာ့လက်ရွေးစင်အားကစားသမားများ၏ လေ့ကျင့်သရုပ်ပြသမှုအား ဇန်နဝါရီလ ၂၉ ရက်တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေးခဲ့ပါသည်။

 (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် မြန်မာ့လက်ရွေးစင်အားကစားသမားများက အားကစား အမျိုးအစားတစ်ခုချင်းစီ အဖွဲ့လိုက်မိတ်ဆက်ကြပြီး ဗိုဗီနမ်အားကစားအသင်း၊ ဂျူဒိုအားကစားအသင်း၊ တိုက်ကွမ်ဒိုအားကစားအသင်း၊ ပိုက်ကျော်ခြင်း အားကစားအသင်းနှင့် Myanmar Fitness Dance အဖွဲ့တို့က အားကစားအမျိုးအစားအလိုက် အားကစားစွမ်းရည်များ စွမ်းရည်သရုပ်ပြသကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အားကစား သမားများကို အမှာစကားပြောကြားရာတွင်-

  • အားကစားဆိုသည်မှာ နိုင်ငံတော်၏ဂုဏ်ကိုဆောင်သည့် ဆောင်ရွက်ချက်တစ်ခု ဖြစ်ကြောင်း၊ ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာများ၏ စွမ်းဆောင်ရည်ရှိမှုကို နိုင်ငံ၏ ကိုယ်စားပြသခြင်းပင်ဖြစ်ကြောင်း။
  • ရုပ်ပိုင်းဆိုင်ရာတွင် ကြံ့ခိုင်မှုရှိရန်နှင့် ကျွမ်းကျင်မှုရှိရန်လိုသကဲ့သို့ စိတ်ပိုင်းဆိုင်ရာတွင်လည်း စိတ်ဓာတ်ကောင်းမွန်ရန်နှင့် မိမိတို့၏တစ်ဦးချင်းဉာဏ်ရည်ကို အသုံးချ၍ ယှဉ်ပြိုင်ဆောင်ရွက်ရန်လိုကြောင်း။
  • တစ်ဦးချင်း ကစားသည့်ပွဲများတွင် ပြိုင်ဘက်ကစားသမား၏ အားနည်းချက်ကို မိမိ၏အားသာချက်နှင့် အနိုင်ရရှိအောင် ဉာဏ်ကိုသုံး၍ ကစားရခြင်းဖြစ်သကဲ့သို့ အသင်းလိုက်ယှဉ်ပြိုင်သည့် ကစားပွဲများတွင်လည်း ကစားကွက်များဖြင့် အနိုင်ရရှိအောင် ယှဉ်ပြိုင်ရခြင်းဖြစ်ကြောင်း၊ နည်းစနစ်ပိုင်းဆိုင်ရာများ ကျွမ်းကျင်ရန်လိုအပ်သကဲ့သို့ ကစားသမားတစ်ဦးချင် ကြံ့ခိုင်မှုရှိရန်လည်း လိုအပ်ကြောင်း။
  • အားကစားသမားများအနေဖြင့် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ရန်လိုကြောင်း၊ လေ့ကျင့်ရေးများ ဆောင်ရွက်ရာတွင်လည်း စိတ်ဓာတ်နှင့် စည်းကမ်းကို အခြေခံ၍ လေ့ကျင့်ရေးများကို စနစ်တကျဆောင်ရွက်ရန်လိုကြောင်း။
  • နိုင်ငံ့လက်ရွေးစင်အားကစားသမားများအနေဖြင့် ကျန်းမာရေးမှအစ အစစအရာရာ ဂရုပြုကြရန်လိုကြောင်း၊ လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှင့် ပတ်သက်၍ ကူးစက်မှုများမရှိအောင် ဂရုတစိုက်ဖြင့် နေထိုင်၊ လုပ်ကိုင် ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်းဖြင့်ပြောကြားသည်။

 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက် မြန်မာ့အားကစားလှုပ်ရှား ဆောင်ရွက်မှုများပြခန်း၊ မြန်မာ့အားကစားမော်ကွန်းခန်းမအတွင်းရှိ အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ် ရရှိခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ၏ ပုံတူရုပ်တုများနှင့် ဓာတ်ပုံများ၊ အားကစားပြတိုက် (စိတ်ဓာတ်မြှင့်တင်ရေးခန်းမ)အတွင်းရှိ ခေတ်အဆက်ဆက် မြန်မာ့ဂုဏ်ဆောင်အားကစားသမားများ၏ ဆုရရှိခဲ့မှု မှတ်တမ်းဓာတ်ပုံများနှင့် ဆုတံဆိပ်များနှင့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မှတ်တမ်းဓာတ်ပုံများ ပြခန်းတို့အား လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-

  • မြန်မာ့အားကစားကဏ္ဍမြှင့်တင်ရေးအတွက် နိုင်ငံတော်အစိုးရမှ ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးနှင့် ခရိုင်အဆင့်၊ မြိုနယ်အဆင့်များတွင် အဆင့်မီဘောလုံးအားကစားကွင်းများ၊ မိုးလုံလေလုံ အားကစားကွင်းများနှင့် ရေကူးကန်များ တည်ဆောက်ပေးသွား မည်ဖြစ်ကြောင်း။
  • တက္ကသိုလ်များနှင့် အခြေခံပညာကျောင်းများတွင်လည်း ကျောင်းသား၊ ကျောင်းသူ များ အားကစားပွဲများ ပြုလုပ်နိုင်ရန်အတွက် အားကစားကွင်းများ စနစ်တကျဖြင့် တည်ဆောက်ပေးရန်လိုကြောင်း။
  • နိုင်ငံ့ကိုယ်စားပြု အားကစားသမားများ၏ ဘဝအာမခံချက်ရှိစေရေးအတွက် နိုင်ငံတော်မှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းမှာကြားပြီး အခြားလိုအပ်သည်များကို မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။

          ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်း ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးခဲ့ပါသည်။

  • အားကစားဆိုသည်မှာ နိုင်ငံတော်၏ဂုဏ်ကိုဆောင်သည့် ဆောင်ရွက်ချက်တစ်ခု ဖြစ်ကြောင်း၊ ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာများ၏ စွမ်းဆောင်ရည်ရှိမှုကို နိုင်ငံ၏ ကိုယ်စားပြသခြင်းပင်ဖြစ်။
  • ရုပ်ပိုင်းဆိုင်ရာတွင် ကြံ့ခိုင်မှုရှိရန်နှင့် ကျွမ်းကျင်မှုရှိရန်လိုသကဲ့သို့ စိတ်ပိုင်းဆိုင် ရာတွင်လည်း စိတ်ဓာတ်ကောင်းမွန်ရန်နှင့် မိမိတို့၏တစ်ဦးချင်း ဉာဏ်ရည်ကို အသုံးချ၍ ယှဉ်ပြိုင်ဆောင်ရွက်ရန်။
  • နိုင်ငံ့လက်ရွေးစင်အားကစားသမားများအနေဖြင့် ကျန်းမာရေးမှအစ အစစအရာရာ ဂရုပြုကြရန်လိုကြောင်း၊ လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှင့် ပတ်သက်၍ ကူးစက်မှုများမရှိအောင် ဂရုတစိုက်ဖြင့် နေထိုင်၊ လုပ်ကိုင် ဆောင်ရွက် သွားကြရန်။
  • မြန်မာ့အားကစားကဏ္ဍမြှင့်တင်ရေးအတွက် နိုင်ငံတော်အစိုးရမှ ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးနှင့် ခရိုင်အဆင့်၊ မြိုနယ်အဆင့်များတွင် အဆင့်မီ ဘောလုံးအားကစားကွင်းများ၊ မိုးလုံလေလုံ အားကစားကွင်းများနှင့် ရေကူးကန်များ တည်ဆောက်ပေးသွားမည်ဖြစ်။
  • တက္ကသိုလ်များနှင့် အခြေခံပညာကျောင်းများတွင်လည်း ကျောင်းသား၊ ကျောင်းသူများ အားကစားပွဲများ ပြုလုပ်နိုင်ရန်အတွက် အားကစားကွင်းများစနစ်တကျဖြင့် တည်ဆောက်ပေးရန်။
  • နိုင်ငံ့ကိုယ်စားပြု အားကစားသမားများ၏ ဘဝအာမခံချက်ရှိစေရေးအတွက် နိုင်ငံတော်မှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်။

Add new comment