(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ၂၀၂၂ ခုနှစ် မွေးမြူရေးတိရစ္ဆာန်ပြပွဲ၊ ပြိုင်ပွဲဖွင့်ပွဲအား ဇန်နဝါရီလ ၂၈ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ကိုးရွာသပြေကုန်းကျေးရွာအနီးရှိ စက်စက်ယိုကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနား၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင်-
- မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးကိုသာမက မွေးမြူရေးလုပ်ငန်းကိုပါ လုပ်ကိုင်နိုင်ရေး လိုအပ်သည့်သဘာဝသယံဇာတအရင်းအမြစ်များရှိပြီးဖြစ်သည့်အတွက် မျိုးကောင်းမျိုးသန့်များနှင့် ထုတ်လုပ်မှုဆိုင်ရာနည်းပညာများကို ပူးပေါင်းလိုက်မည်ဆိုပါက နိုင်ငံတော်အစိုးရ၏ မူဝါဒရည်မှန်းချက်ဖြစ်သည့် စားရေရိက္ခာ ပေါများပြီး လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံတစ်ခုအဖြစ် မလွဲမသွေဖြစ်လာမည်ဟု ယုံကြည်ကြောင်း။
- ၂၀၁၉ ခုနှစ် တိရစ္ဆာန်ကောင်ရေစာရင်းအရ မြန်မာနိုင်ငံတွင် ကျွဲနွားကောင်ရေ စုစုပေါင်း ၁၀.၆ သန်းကျော်ရှိပြီး ၂၀၂၁ ခုနှစ်တွင် ကောက်ယူခဲ့သည့် စာရင်းများအရ ဝက်ကောင်ရေ ၃.၇ သန်း၊ အသားစားကြက် ၃၀.၈ သန်း၊ ဥစားကြက် ၂၈.၅ သန်း၊ ဒေသကြက် ၃၈.၅၅ သန်း၊ သိုးဆိတ် ၂.၂၂ သန်းရှိသဖြင့် များပြားသည့် မွေးမြူမှု ပင်ဖြစ်ကြောင်း။
- ပြည်တွင်းတွင် မွေးမြူထုတ်လုပ်သည့်တောင်သူများ အကျိုးစီးပွားဖွံ့ဖြိုးအောင်မြင် စေရေးအတွက် ကျွဲနွားများ ပြည်ပသို့တရားဝင် တင်ပို့ရောင်းချခွင့်များကိုလည်း ၂၀၁၇ ခုနှစ်၊ အောက်တိုဘာ ၉ ရက်မှစ၍ ခွင့်ပြုပေးခဲ့ရာ မူဆယ်လမ်းကြောင်းမှ တရုတ်နိုင်ငံသို့ တရားဝင်အများဆုံး တင်ပို့ခြင်းဖြစ်ကြောင်း။
- ဆက်လက်ပြီး ဒေသတွင်းနှင့် နိုင်ငံတကာဈေးကွက်များကို တင်ပို့ရောင်းချနိုင် ရေးအတွက် ကုန်သွယ်မှုဆိုင်ရာနှင့် တိရစ္ဆာန်ရောဂါကင်းရှင်းရေးဆိုင်ရာ သဘော တူညီချက်များကို တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း။
- မြန်မာနိုင်ငံ၏ လူတစ်ဦးချင်း တစ်နှစ်ပျမ်းမျှအသားစားသုံးမှုကို ကြည့်မည်ဆိုပါက ကြက်သား ၉.၅ ပိဿာ၊ ဝက်သား ၃ ပိဿာ၊ အမဲသား ၁.၇ ပိဿာနှင့် ဆိတ်သား ၀.၂၄ ပိဿာရှိသည်ဟု သိရှိရကြောင်း၊ သို့သော် လေ့လာချက်များအရ လူတစ်ဦးသည် တစ်ရက်လျှင် အသားငါးအား ၅ ကျပ်သားမှ ၁၀ ကျပ်သားအထိ စားသုံးရန်လိုအပ်သည်ကို တွေ့ရှိရကြောင်း။
- လက်ရှိမွေးမြူထားသည့် တိရစ္ဆာန်ကောင်ရေစာရင်းများအရ အသားလိုအပ်ချက်ပမာဏကို လုံလောက်အောင် ထုတ်လုပ်ပေးနိုင်သည့် အခြေအနေရှိသည်ကို တွေ့ရှိရကြောင်း။
- စနစ်ကျသည့် မွေးမြူရေးဆိုသည်မှာ မိရိုးဖလာအရ လွှတ်မွေးခြင်း၊ လှောင်မွေးခြင်းနှင့် လှန်မွေးခြင်းဟူ၍ သုံးမျိုးတွေ့ရှိရပြီး များသောအားဖြင့် လွှတ်မွေးကြပြီး တချို့ကလှောင်မွေးခြင်းနှင့် လှန်မွေးခြင်းများကို ဆောင်ရွက်နေကြသည်ကို တွေ့ရကြောင်း၊ အထူးသဖြင့် စားကျက်ဖြင့် မွေးမြူသည့်စနစ်မှ တိရစ္ဆာန် အစာကို စိုက်ပျိုးရိတ်သိမ်း ကျွေးမွေးသည့်စနစ်ကို အမြန်ဆုံးကူးပြောင်းဆောင်ရွက်သွားရန်လိုကြောင်း။
- စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများနှင့် ပတ်သက်၍ မျိုး၊ မြေ၊ ရေ၊ နည်း စသည့် နည်းလမ်းလေးသွယ်ရှိကြောင်း၊ မျိုးကောင်းမျိုးသန့်များမွေးမြူနိုင်ရန်၊ တိရစ္ဆာန် မွေးမြူရေးတွင် လုံလောက်ပြီး ပတ်ဝန်းကျင်ကောင်းမွန်သည့်မြေများရှိရန် လိုအပ် သကဲ့သို့ တိရစ္ဆာန်များကိုလည်း ရေကောင်း၊ ရေသန့်များ တိုက်နိုင်ရန်နှင့် အစာကျွေး ခြင်းများအပါအဝင် နည်းစနစ်တကျ ထားသိုသိုလှောင်ခြင်းများဖြင့် မွေးမြူနိုင်ရန်လိုကြောင်း။
- “တို့အနာဂတ်ကောင်းမွန်ဖို့၊ မွေးမြူထုတ်လုပ်ကြပါစို့”ဆိုသည့် ပြပွဲ၊ ပြိုင်ပွဲ၏ ဆောင်ပုဒ်အတိုင်း အရည်အသွေးကောင်းမွန်ပြီး ဘေးကင်းလုံခြုံသည့် အသား၊ နို့၊ ဥတို့ကို မွေးမြူထုတ်လုပ်ခြင်း၊ ပြည်တွင်းတွင်လည်း အာဟာရပြည့်ဝစွာ စားသုံးနိုင်ခြင်း၊ ပြည်ပသို့လည်း တင်ပို့ရောင်းချနိုင်ခြင်းဖြင့် မြန်မာပြည်သူ ပြည်သားများ၏ အနာဂတ်ဘဝသာယာဝပြောလာနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ခင်းကျင်းပြသထားသည့် နွား၊ ကျွဲ၊ သိုး၊ ဆိတ် တိရစ္ဆာန်များပြသထားမှုနှင့် ယှဉ်ပြိုင်နေမှုများ၊ ကုမ္ပဏီပြခန်းများနှင့် တိရစ္ဆာန်မွေးမြူ ရေးလုပ်ငန်းဆိုင်ရာအစားအစာနှင့် ဆေးဝါးများ၊ စက်ကိရိယာများနှင့် တန်ဖိုးမြှင့်ထွက်ကုန်များပြသထားမှုကို စိတ်ပါဝင်စားစွာ လိုက်လံကြည့်ရှုကြပြီး လိုအပ်သည်များကို အကြံပြုဆွေးနွေးမှာကြားခဲ့ပါသည်။
အဆိုပါပွဲတော်တွင် ပြခန်းပေါင်း ၁၄၅ ခန်းကို ဇန်နဝါရီလ ၂၈ ရက်မှ ၃၀ ရက် အထိ ပြသသွားမည်ဖြစ်ပြီး ဇန်နဝါရီလ ၂၉ ရက်တွင် တာဝန်ရှိသူများက ပြိုင်ပွဲအမျိုးအစားအလိုက် ဆုရရှိသူများ၊ ပြခန်းဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။
- ပြည်တွင်းတွင် မွေးမြူထုတ်လုပ်သည့်တောင်သူများ အကျိုးစီးပွားဖွံ့ဖြိုးအောင်မြင်စေရေးအတွက် ကျွဲနွားများ ပြည်ပသို့တရားဝင် တင်ပို့ရောင်းချခွင့်များကိုလည်း ၂၀၁၇ ခုနှစ်၊ အောက်တိုဘာ ၉ ရက်မှစ၍ ခွင့်ပြုပေးခဲ့ရာ မူဆယ်လမ်းကြောင်းမှ တရုတ်နိုင်ငံသို့ တရားဝင်အများဆုံး တင်ပို့ခြင်းဖြစ်။
- လက်ရှိမွေးမြူထားသည့် တိရစ္ဆာန်ကောင်ရေစာရင်းများအရ အသားလိုအပ်ချက် ပမာဏကို လုံလောက်အောင် ထုတ်လုပ်ပေးနိုင်သည့် အခြေအနေရှိ။
- စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများနှင့် ပတ်သက်၍ မျိုး၊ မြေ၊ ရေ၊ နည်း စသည့် နည်းလမ်းလေးသွယ်ရှိ၊ မျိုးကောင်းမျိုးသန့်များမွေးမြူနိုင်ရန်၊ တိရစ္ဆာန်မွေးမြူရေး တွင်လုံလောက်ပြီး ပတ်ဝန်းကျင်ကောင်းမွန်သည့်မြေများရှိရန် လိုအပ်သကဲ့သို့ တိရစ္ဆာန်များကိုလည်း ရေကောင်း၊ ရေသန့်များတိုက်နိုင်ရန်နှင့် အစာကျွေးခြင်းများအပါအဝင် နည်းစနစ်တကျ ထားသို သိုလှောင်ခြင်းများဖြင့် မွေးမြူနိုင်ရန်လို။
- အဆိုပါပွဲတော်တွင် ပြခန်းပေါင်း ၁၄၅ ခန်းကို ဇန်နဝါရီလ ၂၈ ရက်မှ ၃၀ ရက်အထိ ပြသသွားမည်ဖြစ်ပြီး ဇန်နဝါရီလ ၂၉ ရက်တွင် တာဝန်ရှိသူများက ပြိုင်ပွဲအမျိုး အစားအလိုက် ဆုရရှိသူများ၊ ပြခန်းဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ခဲ့။
Add new comment