ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းအနောက်ဘက် ၈ မိုင်ခန့်အကွာ မြန်မာ့ပင်လယ်ပြင်အတွင်း၌ ဇန်နဝါရီလ ၂၈ ရက်တွင် မိုးကောင်း(၉) အမည်ရှိ ငါးဖမ်း ဝါးလက်လှေသည် စက်ချွတ်ယွင်းမှုဖြစ်ပေါ်ပြီး ရာသီဥတုဆိုးရွားမှုကြောင့် ရေမျော၍ ကျောက်တန်းပေါ်သို့ တင်နေကြောင်းသိရှိရသဖြင့် တပ်မတော်(ရေ)သည် ၎င်းတို့၏ လုပ်ငန်းတာဝန်များဖြစ်သည့် ကဏ္ဍကြီး ၄ ရပ်မှ စာနာအကူ အညီပေးရေးကဏ္ဍတွင် ပါဝင်သည့် ပင်လယ်ပြင်တွင် ဘေးဒုက္ခရောက်သူများအား အကူအညီပေးရေးလုပ်ဆောင်ချက်နှင့်အညီ တပ်မတော်သားများက စစ်ရေယာဉ်ဖြင့် သွားရောက်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်၊၊
အဆိုပါ လှေပေါ်ပါ လှေသား ၁၈ ဦးအား လိုအပ်သော ကျန်းမာရေးစောင့် ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် အဝတ်အထည်နှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
- ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းအနောက်ဘက် မြန်မာ့ပင်လယ်ပြင် အတွင်း၌ ဇန်နဝါရီလ ၂၈ ရက်တွင် မိုးကောင်း(၉) အမည်ရှိ ငါးဖမ်း ဝါးလက် လှေ စက်ချွတ်ယွင်းမှု ဖြစ်ပေါ်ခဲ့၊၊
- လှေပေါ်ပါ လှေသား ၁၈ ဦးအား လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် အဝတ်အထည်နှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ခဲ့၊၊
Add new comment