အိုမီခရွန်ရောဂါပိုး ထပ်မံတွေ့ရှိမှုအား သတင်းထုတ်ပြန်

ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ Relief Flight များဖြင့် ပြန်လည်ဝင်ရောက်လာသူများတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများ၏ ဓာတ်ခွဲနမူနာများ၊ မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါအစုလိုက်ကူးစက်ဖြစ်ပွားမှုများမှ ဓာတ်ခွဲနမူနာများနှင့် ကိုဗစ်-၁၉ ရောဂါ သံသယလူနာများမှ ရောဂါအတည်ပြုလူနာများ၏ ဓာတ်ခွဲနမူနာ များအား ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇစစ်ဆေးခြင်းကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန၌ ၂၈-၁-၂၀၂၂ ရက် တွင် ဆောင်ရွက်ခဲ့ရာ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုး ဓာတ်ခွဲနမူနာ ၇၂ ခုတွေ့ရှိခဲ့ပါသည်။

အဆိုပါ အိုမီခရွန်ရောဂါပိုးတွေ့ရှိသူ ၇၂ ဦးမှာ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့မှ (၄၈)ဦးနှင့် ကလေးမြို့မှ (၂၀)ဦး၊ အဆိုပါဒေသများမှရောက်ရှိလာသူများမှတစ်ဆင့်  ထပ်မံကူးစက်ခံရသူ (၃) ဦးနှင့် ကိုဗစ်-၁၉ ရောဂါ သံသယလူနာများမှ ရောဂါအတည်ပြုလူနာ (၁) ဦးတို့ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ၂၈-၁-၂၀၂၂ ရက်အထိ အိုမီခရွန်ရောဂါပိုးတွေ့ရှိသူစုစုပေါင်း ၂၈၃ ဦးရှိရာ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူ ၂၀၉ ဦးနှင့် ပြည်တွင်းကူးစက်သူ ၇၄  ဦးတို့ဖြစ်ကြောင်း သိရှိရပါသည်။

  • ၂၈-၁-၂၀၂၂ ရက်နေ့က ဓာတ်ခွဲစစ်ဆေးမှုဆောင်ရွက်ခဲ့သည့် ဓာတ်ခွဲနမူနာများတွင် SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုး ဓာတ်ခွဲနမူနာ ၇၂ ခု ထပ်မံ တွေ့ရှိခဲ့။
  • ၂၈-၁-၂၀၂၂ ရက်အထိ အိုမီခရွန်ရောဂါပိုးတွေ့ရှိသူစုစုပေါင်း ၂၈၃ ဦးရှိရာ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူ ၂၀၉ ဦးနှင့် ပြည်တွင်းကူးစက်သူ ၇၄ ဦးတို့ဖြစ်။
  • ပြည်တွင်းကူးစက်မှုအနေဖြင့် အိုမီခရွန်ရောဂါပိုးတွေ့ရှိသူများမှာ စစ်ကိုင်းတိုင်းဒေသ ကြီး တမူးမြို့၊ ကလေးမြို့တို့မှဖြစ်။

Add new comment