ဇန်နဝါရီလ ၂၇ ရက် ညပိုင်းတွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့က ရိတ်-မြဝတီကားလမ်း၌ မော်တော်ယာဉ် ၁ စီး မီးလောင်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က မီးသတ်ယာဉ် ၂ စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ပြီး မီးလောင်မှုကြောင့် ဆပ်ပြာမှုန့်၊ မုန့်မျိုးစုံ တင်ဆောင်ထားသည့်ကုန်တင်ယာဉ် ၁ စီး မီးလောင်ပျက်စီးခဲ့ပါသည်။
ဖြစ်စဉ်အား စိစစ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ သဲကုန်းကျေးရွာနေ ဇော်ဇော်ဦး (၄၆)နှစ် မောင်းနှင်ပြီး ဇနီးဖြစ်သူ ဒေါ်ရှမ်းမ(၃၀)နှစ် လိုက်ပါလာသည့် ကုန်တင်ယာဉ်သည် ကုန်မျိုးစုံတင်ဆောင်ပြီး မြဝတီ-ကော့ကရိတ်ကားလမ်းအတိုင်း မြဝတီမြို့မှ ထွက်ခွာလာခဲ့ရာ အခင်းဖြစ်နေရာအရောက်တွင် သေနတ်များကိုယ်စီကိုင်ဆောင် ထားသည့် အကြမ်းဖက်သမားများက မော်တော်ယာဉ်အား တားဆီး၍ ၎င်းတို့ ၂ ဦးအား ယာဉ်ပေါ်မှ ဆင်းခိုင်းကာ ယာဉ်၏ခေါင်းပိုင်းအတွင်းသို့ ဓာတ်ဆီလောင်းချမီးရှို့ခဲ့ပြီး ကားလမ်း၏ ဝဲဘက်ခြမ်းလယ်ကွင်းဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရှိရပါသည်။
PDF အကြမ်းဖက်သမားများက စစ်ရေးနှင့်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးခြင်း၊ ရက်စက်စွာသတ်ဖြတ်ခြင်းများအပြင် ကောင်းရောင်းကောင်းဝယ် လုပ်ကိုင်စားသောက်နေသော သာမန်ပြည်သူများ၏ကိုယ်ပိုင်ယာဉ်များအား မီးရှို့ဖျက်ဆီး၍ အကြောင်းမဲ့နှောင့်ယှက်ခြင်းများကို ပြုလုပ်နေခြင်းသည် ပြည်တွင်း ၌ ကုန်စည်စီးဆင်းမှုကို ထိခိုက်စေပြီး သာမန်ပြည်သူများ၏ အကျိုးစီးပွားများကိုလည်း နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်စေပါသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါအကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေးအတွက် နယ်မြေခံတပ်မတော်စစ်ကြောင်းများနှင့်ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းစဉ်များ နှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။
- ကော့ကရိတ်-မြဝတီကားလမ်း၌ အကြမ်းဖက်သမားများက ဆပ်ပြာမှုန့်၊ မုန့်မျိုးစုံ တင်ဆောင်လာသည့် ကုန်တင်ယာဉ် ၁ စီးအား တားဆီး၍ ယာဉ်မောင်းနှင့် ဇနီးဖြစ်သူတို့ ၂ ဦးအား ယာဉ်ပေါ်မှဆင်းခိုင်းကာ ယာဉ်၏ ခေါင်းပိုင်းအတွင်းသို့ ဓာတ်ဆီလောင်းချမီးရှို့ခဲ့ရာ မီးလောင်မှုကြောင့် ကုန်တင်ယာဉ် မီးလောင်ပျက်စီးခဲ့။
Add new comment