နေပြည်တော်ရှိ Ms. Christine Schraner Burgener ၏ ရုံးခန်းကို ဆက်လက်ထားရှိခြင်းမပြုရန် ဆုံးဖြတ်

   ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener ၏ ရုံးခန်းကို နေပြည်တော်၌ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတစ်နိုင်ငံ အပေါ် ဦးတည်ချမှတ်သည့် အဆိုဆုံးဖြတ်ချက်များမှ ထွက်ပေါ်သည့် လုပ်ပိုင်ခွင့်များကို အစဉ်တစိုက် ဆန့်ကျင်ကန့်ကွက် ခဲ့သော်လည်း ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပြသသည့်အနေဖြင့် Ms. Christine Schraner Burgener နှင့် ကိစ္စရပ်တစ်ခုချင်းစီအလိုက် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ၎င်း၏ရုံးခန်း ကို မြန်မာနိုင်ငံ၌ ဖွင့်လှစ်ခွင့်ပြုခဲ့ခြင်းဖြစ်ပါသည်။

  ကုလသမဂ္ဂ၏ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက် စွဲပါ သတင်းထုတ်ပြန်ချက်တွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် က မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်သစ် ခန့်အပ်ကြောင်း နှင့် Ms. Christine Schraner Burgener ၏ နေရာတွင် ဆက်ခံမည်ဖြစ်ကြောင်းဖော်ပြခဲ့ပါသည်။ ယခုအခါ Ms. Christine Schraner Burgener ၏ တာဝန်ပြီးဆုံးပြီဖြစ်ကြောင်း သိရှိရသဖြင့် ၎င်း၏ရုံးခန်းကို မြန်မာနိုင်ငံ၌ ဆက်လက်ထားရှိခြင်း မပြုရန် ဆုံးဖြတ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကုလသမဂ္ဂဘက်သို့ ဒီဇင်ဘာလ ၂၀ ရက်တွင် အကြောင်းကြားထားရှိပြီးဖြစ်ကြောင်း သိရှိရပါသည်။

  •  မြန်မာနိုင်ငံသည် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပြသသည့်အနေဖြင့် Ms. Christine Schraner Burgener နှင့် ကိစ္စရပ်တစ်ခုချင်းစီအလိုက် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ၎င်း၏ရုံးခန်းကို မြန်မာနိုင်ငံ၌ ဖွင့်လှစ်ခွင့်ပြုခဲ့။
  • ကုလသမဂ္ဂ၏ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်စွဲပါ သတင်းထုတ်ပြန်ချက်အရ Ms. Christine Schraner Burgener ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် တာဝန်ပြီးဆုံးပြီဖြစ်ကြောင်းသိရှိရသဖြင့် ၎င်း၏ရုံးခန်းကို မြန်မာနိုင်ငံ၌ ဆက်လက်ထားရှိခြင်းမပြုရန် ဆုံးဖြတ်ခဲ့။