မြန်မာနိုင်ငံအနေဖြင့် အောက်တိုဘာလ ၁ ရက်မှ ဒီဇင် ဘာလ ၁၀ ရက်အထိ ပို့ကုန်တင်ပို့မှုပမာဏ အမေရိကန်ဒေါ်လာ ၂ ဒသမ ၇၁၃ ဘီလီယံကျော်ရှိပြီး သွင်းကုန်ပမာဏ အမေ ရိကန်ဒေါ်လာ ၂ ဒသမ ၆၁၅ ဘီလီယံ စုစုပေါင်း ပြည်ပကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၅ ဒသမ ၃၂၈ ဘီလီယံကျော်ရှိပါသည်။မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ လယ်ယာထွက် ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ကုန်ပစ္စည်း၊ သတ္ထု တွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချော (CMP)နှင့် တခြားထွက်ကုန်ပစ္စည်းများကို တင်ပို့ပြီး သွင်းကုန် တင်သွင်းမှုအဖြစ် ရင်းနှီးမြှပ်နှံမှုကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်းများကို အဓိကတင်သွင်းလျက် ရှိပါသည်။
မြန်မာနိုင်ငံမှ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် အမျိုး သားပို့ကုန်မဟာဗျူဟာ အကောင်အထည်ဖော်ဆောင်နေပြီး အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀-၂၀၂၅ ၏ အဓိကဦးစားပေး ကဏ္ဍများတွင် လယ်ယာထွက်ကုန်ပစ္စည်းကဏ္ဍ၊ အခြေခံစားသောက်ကုန်ထုတ်လုပ်ခြင်းကဏ္ဍ၊ အထည်အလိပ်နှင့် အဝတ်အထည်ကဏ္ဍ၊ စက်မှုနှင့် လျှပ်စစ်ပစ္စည်းကဏ္ဍ၊ ရေထွက်ကုန်လုပ်ငန်းကဏ္ဍ၊ သစ်တောထွက်ပစ္စည်းကဏ္ဍ၊ ဒစ်ဂျစ်တယ်ထုတ် ကုန်များနှင့် ဝန်ဆောင်မှုကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုကဏ္ဍ၊ အရည်အသွေးစီမံခန့်ခွဲမှုကဏ္ဍ၊ ကုန်သွယ်မှုသတင်းအချက်အလက်ဝန်ဆောင်မှုကဏ္ဍနှင့် တီထွင်ဆန်းသစ် မှုနှင့် စွန့်ဦးတီထွင်ဆောင်ရွက်ခြင်းကဏ္ဍတို့ပါဝင်ကြောင်း သိရှိရပါသည်။
- မြန်မာနိုင်ငံအနေဖြင့် အောက်တိုဘာလ ၁ ရက်မှ ဒီဇင်ဘာလ ၁၀ ရက်အထိ ပြည်ပကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၅ ဒသမ ၃၂၈ ဘီလီယံကျော်ရှိ။
- မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ လယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ကုန်ပစ္စည်း၊ သတ္ထုတွင်း ထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချော(CMP)နှင့် တခြားထွက်ကုန်ပစ္စည်းများကို တင်ပို့ပြီး သွင်းကုန် တင်သွင်းမှုအဖြစ် ရင်းနှီးမြှပ်နှံမှုကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်းများကို အဓိက တင်သွင်းလျက်ရှိ။