ဒုတိယအကြိမ်မြောက် အာဆီယံဒီဂျစ်တယ်ဆိုင်ရာ ဝန်ကြီးများအစည်းအဝေး ( 2nd ASEAN Digital Ministers’ Meeting – 2nd ADGMIN ) အား မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပ

ဒုတိယအကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာဝန်ကြီးများအစည်းအဝေး (2nd ASEAN Digital Ministers’ Meeting – 2nd ADGMIN) ကို ဇန်နဝါရီလ ၂၇ ရက်မှ ၂၈ ရက်ထိ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ်ဦးဆောင်၍ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ အစည်းအဝေးတွင် တက်ရောက်လာကြသည့် ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အာဆီယံအထွေထွေအတွင်ရေးမှူးချုပ်နှင့် တာဝန်ရှိသူများက-

  • ဒုတိယအကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာဝန်ကြီးများ အစည်းအဝေး၏ ဆောင်ပုဒ်ဖြစ်သည့် “ Digital Transformation: the Engine for ASEAN Economic Recovery from COVID-19” “ ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်း – ကိုဗစ်(၁၉) အလွန် အာဆီယံဒေသ စီးပွားရေး ပြန်လည်ကောင်းမွန် လာစေမည့် တွန်းအား” နှင့်စပ်လျဉ်းသည့် ကိစ္စရပ်များကို ဆွေးနွေးခြင်း။
  • ၂၀၂၂ ခုနှစ်အတွင်း အာဆီယံဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်အဝေး (ASEAN Digital Senior Officials’ Meeting-ADGSOM) နှင့် အာဆီယံဆက်သွယ်ရေးဥပဒေပြုသူများ ကောင်စီအစည်းအဝေး (ASEAN Telecommunication Regulators’ Council Meeting – ATRC) အောက်မှ ဆောင်ရွက်ရန်ရှိသည့် စီမံကိန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးအတည်ပြုခြင်း။
  • နေပြည်တော်ကြေညာချက် (Nay Pyi Taw Declaration) အားမှတ်တမ်းတင်ခြင်းနှင့် ဒုတိယအကြိမ်မြောက် အာဆီယံဒီဂျစ်တယ်ဆိုင်ရာဝန်ကြီးများ အစည်းအဝေး၏ ပူးတွဲသတင်းထုတ်ပြန်ချက် (Joint Media Statement) အပေါ်ဆွေးနွေးအတည်ပြုခဲ့ကြကြောင်းသိရှိရပါသည်။

  အထက်ပါအစည်းအဝေးသည် မြန်မာနိုင်ငံအနေဖြင့် ဒုတိယအကြိမ်မြောက် အိမ်ရှင်အဖြစ်လက်ခံကျင်းပသော ဝန်ကြီးများအဆင့်အစည်းအဝေးဖြစ်ပြီး အစည်းအဝေးသို့ မြန်မာနိုင်ငံမှ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွန်ကြား ရေးမှူးချုပ်၊ အာဆီယံ (၁၀) နိုင်ငံမှ ဒစ်ဂျစ်တယ်ဆိုင်ရာ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊  အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်နှင့်  တာဝန်ရှိသူများ အပါအဝင် ကိုယ်စားလှယ်စုစုပေါင်း (၇၆) ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

  • ဒုတိယအကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာဝန်ကြီးများအစည်းအဝေးကို ဇန်နဝါရီလ ၂၇ ရက်မှ ၂၈ ရက်ထိ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ဦးဆောင်၍ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်ကျင်းပခဲ့။
  • ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်း – ကိုဗစ်(၁၉) အလွန် အာဆီယံဒေသ စီးပွားရေး ပြန်လည်ကောင်းမွန်လာစေမည့်တွန်းအားနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များကိုဆွေးနွေးခဲ့။
  • ၂၀၂၂ ခုနှစ်အတွင်း အာဆီယံဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်အးဝေးနှင့် အာဆီယံဆက်သွယ်ရေး ဥပဒေပြုသူများ ကောင်စီအစည်းအဝေးအောက်မှ ဆောင်ရွက်ရန်ရှိသည့် စီမံကိန်း များနှင့်စပ်လျဉ်း၍ ဆွေးနွေးအတည်ပြုခဲ့။

နေပြည်တော်ကြေညာချက်အား မှတ်တမ်းတင်ခြင်းနှင့် ဒုတိယအကြိမ်မြောက် အာဆီယံဒီဂျစ်တယ်ဆိုင်ရာဝန်ကြီးများ အစည်းအဝေး၏ ပူးတွဲသတင်းထုတ်ပြန်ချက်အပေါ်ဆွေးနွေးအတည်ပြုခဲ့။

Add new comment