လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ မြန်မာတော်ဝင်ကျောက်စိမ်းစင်တာကုမ္ပဏီ၌ လောင်းကစားပြုလုပ်နေသူများအား ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

ဇန်နဝါရီလ ၂၅ ရက်နေ့တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ညောင်ကျေးရွာ၊ ပန်းလှိုင်ဂေါက်ကွင်းလမ်းရှိ မြန်မာတော်ဝင်ကျောက်စိမ်းစင်တာကုမ္ပဏီ၌ လောင်းကစားလုပ်ငန်းများ ဖွင့်လှစ်လုပ်ကိုင်နေသည့် ကုမ္ပဏီပိုင်ရှင် အမျိုးသား ၂ ဦး၊ ကုမ္ပဏီဝန်ထမ်း အမျိုးသား ၄၅ ဦး၊ အမျိုးသမီး ၅၁ ဦး ပေါင်း ၉၆ ဦး၊ လောင်းကစား ပြုလုပ်နေသူ အမျိုးသား ၅၂ ဦး၊ အမျိုးသမီး ၁၀ ဦး ပေါင်း ၆၂ ဦး၊ စုစုပေါင်း ၁၆၀ ဦးတို့အား ကာစီနိုစားပွဲဝိုင်း  ၁၅ လုံး၊ ဖဲချပ်မျိုးစုံ ၁,၅၈၇ ချပ်၊ ငါးမန်းလောင်းကစားခုံ ၇ ခုံ၊ မာကျောက်လောင်းကစားကိရိယာ ၆ စုံ၊ ကွန်ပျူတာ မော်နီတာ ၇ လုံး အပါအဝင် လောင်းကြေးငွေ စုစုပေါင်းငွေကျပ်သိန်း ၂,၄၉၀ ကျပ်နှင့် အခြား ဆက်စပ် ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ပါသည်၊၊

အဆိုပါ ကျောက်စိမ်းစင်တာကုမ္ပဏီအမည်ခံကာ လောင်းကစားခြင်းများအား လုပ်ကိုင်ခဲ့သည့် ကုမ္ပဏီပိုင်ရှင် ၂ ဦးနှင့်အတူ ဖမ်းဆီးရမိသူ ၁၆၀ ဦးတို့အား လောင်း ကစားဥပဒေပုဒ်မ ၁၈(က)/၁၉ (က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။

  • ဇန်နဝါရီလ ၂၅ ရက်နေ့တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ညောင်ကျေးရွာ၊ မြန်မာတော်ဝင်ကျောက်စိမ်းစင်တာကုမ္ပဏီ၌ လောင်းကစားလုပ်ငန်းများ ဖွင့်လှစ် လုပ်ကိုင်နေသည့် ကုမ္ပဏီပိုင်ရှင် အမျိုးသား ၂ ဦး၊ဝန်ထမ်း ၉၆ ဦး၊ လောင်းကစား ပြုလုပ်နေသူ ၆၂ ဦး စုစုပေါင်း ၁၆၀ ဦး တို့အား လောင်းကြေးငွေ စုစုပေါင်း ငွေကျပ် သိန်း ၂,၄၉၀ ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့၊၊

 

Add new comment