နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါ်အေးနုစိန် တောင်ကုတ်တက္ကသိုလ်ဖွင့်ပွဲသို့ တက်ရောက်

တောင်ကုတ်တက္ကသိုလ်ဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၂၇ ရက်တွင် အဆိုပါ တက္ကသိုလ်ဝင်း၌ကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာညွန့်ဖေ၊ ဦးစောထွန်းအောင်မြင့်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌအကြံပေးအဖွဲ့ အဖွဲ့ဝင် ဒေါက်တာ ရင်ရင်နွယ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်မှ အမှာစကားပြောကြားခဲ့ရာတွင်-

  • တောင်ကုတ်တက္ကသိုလ်သည် ရခိုင်ပြည်နယ်အတွက် အားထားရသည့် တက္ကသိုလ် အသစ်ကြီးဖြစ်လာမည်ဖြစ်ပြီး ရခိုင်ပြည်နယ်၏ လိုအပ်နေသည့် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည့်အတွက် အားရကျေနပ်စရာကောင်းလှပါကြောင်း။
  • တောင်ကုတ်မြို့သည်လည်း အချိန်တိုတိုအတွင်း တိုးတက်စည်ပင်လာသည်ကို မြင်တွေ့လာရပါကြောင်း။
  • နိုင်ငံတော်တစ်ဝန်းမြို့ရွာများ ယခုကဲ့သို့ စည်ပင်သာယာအောင် နိုင်ငံ့ဝန်ထမ်းများ၊ မြို့ခံလူထုနှင့်အတူ ပညာရှင်များ ပူးပေါင်းလုပ်ဆောင်ကြလျှင် မလွဲဧကန် ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း။
  • ကျရာတာဝန်ထမ်းဆောင်ရန် ရောက်ရှိလာကြသည့် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများကလည်း မိမိတို့တာဝန်ကျရာ ဒေသဖွံ့ဖြိုးတိုးတက်အောင် စေတနာထား ဝိုင်းဝန်းကြိုးပမ်းလုပ်ဆောင်ပေးကြရန်လိုကြောင်း ပြောကြားခဲ့ပါသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိ သူများသည် တောင်ကုတ်တက္ကသိုလ်၏ လှုပ်ရှားဆောင်ရွက်မှုပြခန်းနှင့် တက္ကသိုလ်ဘာသာရပ်ဆိုင်ရာ ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။  

  • ရခိုင်ပြည်နယ်အတွက် အားထားရသော တက္ကသိုလ်ကြီးဖြစ်လာမည့် တောင်ကုတ်တက္ကသိုလ်အား ဇန်နဝါရီလ ၂၇ ရက်တွင်စတင်ဖွင့်လှစ်ခဲ့။
  • နိုင်ငံတော်တစ်ဝန်းမြို့ရွာများ ယခုကဲ့သို့ စည်ပင်သာယာအောင် နိုင်ငံ့ဝန်ထမ်းများ၊ မြို့ခံလူထုနှင့်အတူ ပညာရှင်များ ပူးပေါင်းလုပ်ဆောင်ကြလျှင် မလွဲဧကန် ဖွံ့ဖြိုးလာမည်ဖြစ်။
  • ကျရာတာဝန်ထမ်းဆောင်ရန် ရောက်ရှိလာကြသည့် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများကလည်း မိမိတို့တာဝန်ကျရာ ဒေသဖွံ့ဖြိုးတိုးတက်အောင် စေတနာထား ဝိုင်းဝန်းကြိုးပမ်း လုပ်ဆောင်ပေးကြရန်လို။

 

Add new comment