နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်နှင့် စာပေပွဲတော်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှုများ ကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ဇန်နဝါရီလ ၂၇ ရက်တွင်  ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပမည့် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော်အတွက်  ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြခန်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ခင်းကျင်းပြသရန်နှင့် လုံခြုံရေးဂရုပြုဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။

စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော်တွင် စာတမ်းများနှင့် မှတ်တမ်းမှတ်ရာများပြခန်း၊ စာပေတိုက်အသီးသီးက ထုတ်ဝေထားသည့် စာအုပ်စာစောင်များနှင့် စာပေပညာရှင်ကြီးများ၏ အတ္ထုပ္ပတ္တိများပြခန်း၊ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးပြခန်း၊ ရေကြောင်းပညာရပ်၊ လေကြောင်း ပညာရပ်ဆိုင်ရာ အသိပညာပေးပြခန်းများ၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာ အသိပညာပေးပြခန်း၊ ပန်းချီ၊ အနုပညာပြခန်းစသည်ဖြင့် ပြခန်းပေါင်း ၄၀ ကျော်ခင်းကျင်းပြသမည်ဖြစ်ကြောင်း၊ မြန်မာအသံနှင့်ရုပ်မြင်သံကြား၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များ၊ ကျောင်းသား /သူများ၏ ဖျော်ဖြေမှုအစီအစဉ်များ ပါဝင်ကြောင်းနှင့် ဇန်နဝါရီလ ၂၉ ရက်မှ ၃၁ ရက် အထိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်မည်ဖြစ်ရာ  မည်သူမဆို လာရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း  သိရှိရပါသည်။

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ဇန်နဝါရီလ ၂၇ ရက်တွင်  စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ်နှင့် စာပေပွဲတော်အတွက်  ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့။
  • စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်နှင့် စာပေပွဲတော်တွင် ပြခန်းပေါင်း ၄၀ ကျော်ခင်းကျင်းပြသမည်ဖြစ်ကြောင်းနှင့် အနုပညာဦးစီးဌာနမှ အနုပညာရှင်များ၊ ကျောင်းသား/သူများ၏ ဖျော်ဖြေမှုအစီအစဉ်များ ပါဝင်ကြောင်းနှင့် ဇန်နဝါရီလ ၂၉ ရက်မှ ၃၁ ရက်အထိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်မည်ဖြစ်ရာ  မည်သူမဆိုလာရောက်ကြည့်ရှုလေ့လာနိုင်။

Add new comment