အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH NUGနှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
ပြည်သူများအနေဖြင့် ယင်းတို့၏လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည် ၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်းများပြုလုပ်ပါက ဥပဒေနှင့်အညီ အရေးယူခံရမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၂၅ ရက်တွင် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။
ထိုကဲ့သို့ အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြုကာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမှုလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ် အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရပါသည်-
- မြောက်ဥက္ကလာပမြို့နယ်တွင် ဖွင့်လှစ်ထားသည့် FAMILY HOUSE ဒုတ်ထိုးဟော့ပေါ့ ဆိုင်ပိုင်ရှင် မပြည့်ဖြိုးဝေ အသုံးပြုသည့် Facebook Page "Family House- Stick pot”။
- တောင်ဥက္ကလာပမြို့နယ်၊ ချယ်ရီဥယျာဉ်အိမ်ရာနေ ဇော်မျိုးထွဋ် အသုံးပြု သည့် Facebook အကောင့် “Zaw Myo Htut”နှင့် မေတ္တာလမ်း ပဒေသာ ဈေးတွင် ဖွင့်လှစ်ထားသည့် Kha Kha(ခ)ကော်ပြန့်ပေါင်း ဆိုင်ပိုင်ရှင် မသဲနုခိုင် အသုံးပြုသည့် Facebook အကောင့် “ မမ သဲနု”။
- စမ်းချောင်းမြို့တွင် ဖွင့်လှစ်ထားသည့် “Gucci Aung" မိတ်ကပ် အလှပြင်ဆိုင်ပိုင်ရှင် Gucci Aung(ခ)အောင်ကိုလင်း အသုံးပြုသည့် Facebook အကောင့် “Gucci Aung"။
- မရမ်းကုန်းမြို့တွင် ဗေဒင်ဟောခန်းဖွင့်လှစ်ထားသည့် ခိုင်ဦး(ခ)သာထက်ဆန်း အသုံးပြုသည့် Facebook အကောင့် “သာထက်ဆန်း"။
- ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နေ မမြင့်မြင့်စိုး အသုံးပြုသည့် Facebook Page “စားမှာဘဲ ချဉ်ငံစပ်”။
- တာမွေမြို့နေ “Hello Mobile" ဖုန်းပြုပြင်ရေးဆိုင်ပိုင်ရှင်ဖြစ်သူ ဖြိုးမြင့်ဇော် အသုံးပြုသည့် Facebook အကောင့် “Phyo Myint Zaw"။
- မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ ဖွင့်လှစ်ထားသည့် “SIP Café Club” ဆိုင်ပိုင်ရှင် မဝင်းဝင်းထွန်း၏ အစ်ကိုဖြစ်သူ ဝေလင်းထွန်း အသုံးပြုသည့် Facebook Page “SIP Café Club”၊ အောင်မြေသာစံ မြို့နယ်နေ သူချစ်အောင်(ခ)ချစ်ညို အသုံးပြုသည့် Facebook အကောင့် “Thu Chit Aung”၊ မဟာအောင်မြေမြို့နယ်နေ အောင်ကျော်ဇော(ခ) ကောင်းစံနှင့် ညီဖြစ်သူ ကျော်ညီညီသက်(ခ)ဖိုးညီတို့ ၂ ဦးဖွင့်လှစ်ထား သည့် Facebook Page “Royal Boots Sneaker"။
- ပြင်ဦးလွင်မြို့နေ နိုင်လင်းစိုးအသုံးပြုသည့် Facebook အကောင့် “Naing Lin Soe"။
ထိုသို့လှုံ့ဆော်သူဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်ကာ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
- အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြုကာ နိုင်ငံတော်တည်ငြိမ်အေးချမ်း ရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမှုလုပ်ဆောင် ခဲ့သည့် တရားခံ ၁၂ ဦးအား တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ် အရေးယူခြင်းများ ဆောင်ရွက်ခဲ့။
Add new comment