PDF အကြမ်းဖက်သမားများက ကလေးမွေးဖွားမည့်လူနာကို လိုက်ပါပို့ဆောင်သည့် လူမှုကူညီရေးယာဉ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့

ဇန်နဝါရီလ ၂၆ ရက်တွင် တန့်ဆည်မြို့၊ ဗိုလ်မြရပ်ကွက်နေ မအေးမာထွန်း (၂၃)နှစ်သည် ၎င်း၏အစ်ကိုဖြစ်သူ ကိုရဲအောင်နှင့်အတူ ၎င်း၏ဇနီး မသန်းသန်းအေး ကလေးမွေးဖွားရန်အတွက် ရေဦးမြို့ပြည်သူ့ဆေးရုံကြီးသို့ လူမှုကူညီရေးအသင်းယာဉ်ဖြင့် ထွက်လာခဲ့ရာ ဆပ်သေကျေးရွာအနီးအရောက် PDF အကြမ်းဖက်သမားများက မိုင်းဆွဲ တိုက်ခိုက်ခဲ့သဖြင့် မအေးမာထွန်းတွင် နောက်ကျောမိုင်းစထိမှန်ဒဏ်ရာ၊ ယာခြေသလုံး မိုင်းစထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး လူနာတင်ယာဉ်မှာလည်း အနည်းငယ်ပျက်စီးဆုံးရှုံးခဲ့ပါသည်။

PDF အကြမ်းဖက်သမားများအနေဖြင့် စစ်ရေးနှင့်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးခြင်း၊ ရက်စက်စွာသတ်ဖြတ်ခြင်းများအပြင် မီးသတ်ယာဉ်များ၊ ပရဟိတယာဉ်များနှင့် ကျန်းမာရေးကိစ္စရပ်များအတွက် ကူညီဆောင်ရွက်ပေးနေသည့် လူမှုကူညီရေးယာဉ်များအား မိုင်းဆွဲတိုက်ခိုက်ခြင်း၊ သေနတ်ဖြင့် ချောင်းမြောင်းပစ်ခတ်ခြင်းများကြောင့် အပြစ်မဲ့ပြည်သူများနှင့် စေတနာ့ဝန်ထမ်းများကို အသက်အန္တရာယ်ထိခိုက်သေကြေနိုင်သည်အထိ အကြောင်းမဲ့နှောင့်ယှက်ပစ်ခတ်မှုများနှင့် မိုင်းဖောက်ခွဲခြင်းများ ကျူးလွန်လျက်ရှိပါသည်။ ၎င်းတို့လုပ်ရပ်များအား ပြည်သူများက ပြစ်တင်ရှုတ်ချလျက်ရှိသည့်အပြင် နိုင်ငံတကာအနေဖြင့် လည်း အကြမ်းဖက်လုပ်ရပ်များအား ဝိုင်းဝန်းဆန့်ကျင်ကြရန် လိုလားလျက်ရှိပါသည်။

ထိုသို့ဆောင်ရွက်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးနှင့် နယ်မြေလုံခြုံရေးတို့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းများအား တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။                   

  • PDF အကြမ်းဖက်သမားများက ကလေးမွေးဖွားမည့်လူနာကို လိုက်ပါပို့ဆောင်သည့် လူမှုကူညီရေးယာဉ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် ယာဉ်ပေါ်ပါအမျိုးသမီး ဦး သေဆုံးပြီး လူနာတင်ယာဉ်မှာလည်း အနည်းငယ်ပျက်စီးဆုံးရှုံးခဲ့။

Add new comment