အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရာတွင်အသုံးပြုသည့် ပစ္စည်းများ လက်ဝယ်ကိုင်ဆောင်သူများအား ပြစ်ဒဏ်အသီးသီးချမှတ်

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်နေ ထွန်းထွန်း ဦး(ခ)အီးတီ၊ အမှတ်(၉) ရပ်ကွက်နေ သက်နိုင်နှင့် အမှတ်(၃) ရပ်ကွက်နေ သူရဖြိုးဝေ တို့သည် အကြမ်းဖက်ဖောက်ခွဲရာတွင် အသုံးပြုသည့် ယမ်းစိမ်းများအား လက်ဝယ်ထား ရှိမှုနှင့် ထိန်းသိမ်းထားရှိရာတွင် အားပေးကူညီမှုတို့ကိုပြုခဲ့ကြသည့်အတွက် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပေါက်ကွဲစေတတ်သောဝတ္ထုပစ္စည်းများဆိုင်ရာ အက်ဥပဒေပုဒ်မ- ၄(ခ)/၆ အရ ဇန်နဝါရီလ ၂၆ ရက်တွင် ၎င်းတို့အား “ထောင်ဒဏ် ၂၀ နှစ် ” ပြစ်ဒဏ်အား အသီးသီးအမိန့်ချမှတ်လိုက်ကြောင်း သိရှိရပါသည်။

စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ကြေညာထားသည့် မြို့နယ်များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်း ပူးတွဲထုတ်ပြန်ထားကြောင်းနှင့် အဆိုပါပြစ်မှုများကို ဖောက်ဖျက်ကျူးလွန်ပါက စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ကာ ထိထိရောက်ရောက်မြန်မြန်ဆန်ဆန်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရ ပါသည်။

  • အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရာတွင် အသုံးပြုသည့်ပစ္စည်းများ လက်ဝယ်ကိုင်ဆောင် ထားသည့် ရွှေပြည်သာမြို့နယ်နေ တရားခံ ၃ ဦးအား ပေါက်ကွဲစေတတ်သောဝတ္ထုပစ္စည်းများဆိုင်ရာ အက်ဥပဒေပုဒ်မ- ၄(ခ)/၆ အရ “ထောင်ဒဏ် ၂၀ နှစ် ” ပြစ်ဒဏ်အား အသီးသီးအမိန့်ချမှတ်ခဲ့။

Add new comment