ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၂)သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၂)ကို ဇန်နဝါရီလ ၂၇ ရက်တွင် နေပြည်တော်၌ ကျင်းပရာ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။

အစည်းအဝေး၌ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေ ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-

  • နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးလုပ်ငန်းများအား တာဝန်ရှိသူများအနေဖြင့် စနစ်တကျဖြင့် ကြပ်မတ်ဆောင်ရွက်ရန် အခြေအနေများ။
  • နိုင်ငံသားများအနေဖြင့် ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများအား သိရှိလိုက်နာစေရေး အသိပညာများရှိရန်အတွက် အတန်းပညာများ တတ်မြောက်အောင်သင်ကြားပေးရန်လိုအပ်မှုနှင့် နိုင်ငံအတွင်း အသိပညာရှင်များ၊ အတတ်ပညာရှင်များ ပေါများရေး အလေးထားဆောင်ရွက်ရန် လိုအပ်မှုအခြေအနေများ။
  • ဥပဒေပြုရေးနှင့်ပတ်သက်၍ ဥပဒေများပြဌာန်းရာတွင် အားနည်းချက်များမရှိစေရေး အားလုံးဝိုင်းဝန်းဆွေးနွေးဆောင်ရွက်ရန်နှင့် ဥပဒေပြုရေးကိစ္စရပ်များ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် အလေးအနက်စဉ်းစားဆောင်ရွက်ရန် လိုအပ်မှုအခြေအနေများ။
  • ပြည်သူများအားလုံး ညီညွတ်မှုရှိစေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဆင်းရဲ၊ ချမ်းသာကွာဟမှုများ နည်းပါးအောင် အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန်လိုအပ်မှု အခြေအနေများအား အကျယ်တဝင့်ဆွေးနွေးမှာကြားခဲ့ပါသည်။

အစည်းအဝေးတက်ရောက်လာကြသည့် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များဖြည့်စွက်မှာကြားပြီး လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ တည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စ ရပ်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

  • နိုင်ငံသားများအနေဖြင့် ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများအား သိရှိလိုက်နာစေရေးအသိပညာများရှိရန်အတွက် အတန်းပညာများ တတ်မြောက်အောင်သင်ကြားပေးရန်လိုအပ်
  • ဥပဒေများပြဌာန်းရာတွင် အားနည်းချက်များမရှိစေရေး အားလုံးဝိုင်းဝန်းဆွေးနွေးဆောင်ရွက်ရန်နှင့် ဥပဒေပြုရေးကိစ္စရပ်များဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် အလေးအနက်စဉ်းစားဆောင်ရွက်ရန်လိုအပ်
  • ပြည်သူများအားလုံး ညီညွတ်မှုရှိစေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဆင်းရဲ၊ ချမ်းသာကွာဟမှုများ နည်းပါးအောင် အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန်လိုအပ်

Add new comment