ဒုတိယအကြိမ် အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာ ဝန်ကြီးများအစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေးပို့သည့် အဖွင့်အမှာစကား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်နဝါရီလ ၂၇ ရက်တွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ် အာဆီယံ ဒစ်ဂျစ်တယ်ဆိုင်ရာ ဝန်ကြီးများအစည်းအဝေးသို့ Video Message ပေးပို့၍ အဖွင့် အမှာစကားပြောကြားရာတွင်-

  • 2nd ADGMIN အစည်းအဝေးကို virtual format ဖြင့် ပြုလုပ်နိုင်ခြင်းသည် မိမိတို့နိုင်ငံများနှင့် မိမိတို့၏စီးပွားရေးအတွက် မြန်နှုန်းမြင့် အင်တာနက်နှင့် ဒစ်ဂျစ်တယ်နည်းပညာ၏ ပိုမိုအရေးပါလာမှုကို ရှင်းရှင်းလင်းလင်းဖော်ပြခွင့်ရရှိကြောင်း။   
  • ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်းမှသည် မိမိတို့၏ စီးပွားရေးလုပ်ငန်းများနှင့် တစ်ဦးချင်းစီ၏ ဘဝများအပေါ် ရရှိစေနိုင်မည့် အကျိုးကျေးဇူးများအားလုံးကို ပြည့်စုံစွာနားလည်ရန် လိုအပ်နေသေးကြောင်း။     
  • (ASEAN Digital Masterplan- ADM 2025) သည် လာမည့် (၅) နှစ်အတွင်း အာဆီယံဒစ်ဂျစ်တယ်နှင့် အိုင်စီတီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းညွှန်ချက်များပေးနိုင်မည်ဖြစ်ပြီးအာဆီယံဒစ်ဂျစ်တယ်ဝန်ကြီးများအနေဖြင့်လည်း ဒေသတွင်းဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးကြိုးပမ်းမှုကို ဦးဆောင် နိုင်မည်ဟု ယုံကြည်ကြောင်း။
  • ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးတွင် ဆိုက်ဘာလုံခြုံရေးသည် အထူးအရေးပါသောအစိတ်အပိုင်းတစ်ခုဖြစ်ပြီး မိမိတို့အဖွဲ့ဝင်နိုင်ငံများအနေဖြင့် လက်ရှိဆိုက်ဘာလုံခြုံရေး ကြိုးပမ်းဆောင်ရွက်နေမှုများကို ပိုမိုအားကောင်းလာစေရန် တိုးမြှင့်လုပ်ဆောင်ရမည်ဖြစ်ကြောင်း။
  • ဆိုရှယ်မီဒီယာ ပလက်ဖောင်းများနှင့် e-commerce ပလက်ဖောင်းများအပါအဝင် ဒစ်ဂျစ်တယ်ပလက်ဖောင်းများ၏ အမျိုးမျိုးသော လုပ်ဆောင်မှုများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုပိုမိုရှိစေရေး ဆောင်ရွက်သွားကြရန် ဝန်ကြီးများကို အလေးအနက်ထား တိုက်တွန်းလိုကြောင်း။
  • အဆိုပါပလက်ဖောင်းများပေါ်တွင်သတင်းအတု၊ သတင်းအမှားများ၊ ကောလာဟလ များလွှင့်တင်ခြင်း၊ အမုန်းစကားများဖန်တီးခြင်း၊ အကြမ်းဖက်မှုကို သွေးထိုးလှုံ့ ဆော်ရာရောက်သည့်ကိစ္စရပ်များ ဆောင်ရွက်ခြင်း၊ အနိုင်ကျင့်ခြင်း၊ ရိုင်းစိုင်းခြင်း စသည့် အင်တာနက်အလွဲသုံးမှုများသည်လည်း ကမ္ဘာတစ်ဝန်း လက်တွေ့ကြုံတွေ့ လာရသည့် ပြဿနာများဖြစ်ပြီး ထိုကဲ့သို့ ကျယ်ပြန့်သည့် ပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် အားလုံးသဘောတူညီမှုရှိသော Framework တစ်ခုရေးဆွဲနိုင်ရေး တိုက်တွန်းလိုကြောင်း။
  • မြန်မာနိုင်ငံအစိုးရအနေဖြင့်လည်း Digital Economy သည် နိုင်ငံတော်၏ လူမှု စီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက်  အဓိကကျသော ကဏ္ဍတစ်ခုအဖြစ် လက်ခံထားရှိသည့်အပြင် မိမိတို့သည် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်းအတွက် သင့်လျော်သည့်အခြေခံအုတ်မြစ်များကို ချမှတ်နေကြောင်း။
  • ထိုသို့လုပ်ဆောင်ရာတွင် အစိုးရ-ပုဂ္ဂလိက မိတ်ဖက်ဆက်ဆံချဉ်းကပ်မှုပုံစံဖြင့် ဆောင်ရွက်လျက်ရှိကာ မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားလိုကြောင်း။
  • မြန်မာနိုင်ငံသည် အာဆီယံအသိုက်အဝန်းသို့ စတင်ဝင်ရောက်ခဲ့သည့် အချိန်မှစ၍ အာဆီယံ၏ အခြေခံမူများကို လေးစားလိုက်နာကာ အာဆီယံစီးပွားရေးကောင်စီ၏ ကြံ့ခိုင်မှုရှိ၍ အားလုံးပါဝင်နိုင်သော၊ ပြည်သူကိုဗဟိုပြုသော အာဆီယံဖြစ်စေရေး ရည်မှန်းချက်ပန်းတိုင်ကို အောင်မြင်အောင်ကြိုးပမ်း ဆောင်ရွက်ရာတွင်လည်း  တက်ကြွစွာပါဝင်ခဲ့သည့် အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ကြောင်း။   

မြန်မာနိုင်ငံအနေဖြင့် အာဆီယံ၏ ရည်မှန်းချက်များ အကောင်အထည်ဖော်ရာတွင် အခြားသော အာဆီယံအဖွဲ့ဝင်များနှင့် လက်တွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။   

  • (ASEAN Digital Masterplan- ADM 2025) သည် လာမည့် (၅) နှစ်အတွင်း အာဆီယံဒစ်ဂျစ်တယ်နှင့် အိုင်စီတီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းညွှန်ချက် များပေးနိုင်မည်ဖြစ်ပြီးအာဆီယံဒစ်ဂျစ်တယ်ဝန်ကြီးများအနေဖြင့်လည်း ဒေသတွင်း ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးကြိုးပမ်းမှုကို ဦးဆောင်နိုင်မည်ဟု ယုံကြည်။
  • ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးတွင် ဆိုက်ဘာလုံခြုံရေးသည် အထူးအရေးပါသောအစိတ်အပိုင်းတစ်ခုဖြစ်ပြီး မိမိတို့အဖွဲ့ဝင်နိုင်ငံများအနေဖြင့် လက်ရှိဆိုက်ဘာလုံခြုံရေး ကြိုးပမ်းဆောင်ရွက်နေမှုများကို ပိုမိုအားကောင်းလာစေရန် တိုးမြှင့်လုပ်ဆောင်ရမည်ဖြစ်။
  • ဆိုရှယ်မီဒီယာ ပလက်ဖောင်းများနှင့် e-commerce ပလက်ဖောင်းများအပါအဝင် ဒစ်ဂျစ်တယ်ပလက်ဖောင်းများပေါ်တွင် သတင်းအတု၊ သတင်းအမှားများ၊ ကောလာဟလများလွှင့်တင်ခြင်း၊ အမုန်းစကားများဖန်တီးခြင်း၊ အကြမ်းဖက်မှုကို သွေးထိုးလှုံ့ဆော်ရာရောက်သည့်ကိစ္စရပ်များ ဆောင်ရွက်ခြင်း၊ အနိုင်ကျင့်ခြင်း၊ ရိုင်းစိုင်းခြင်း စသည့် အင်တာနက်အလွဲသုံးမှုများသည်လည်း ကမ္ဘာတစ်ဝန်း လက်တွေ့ကြုံတွေ့ လာရသည့် ပြဿနာများဖြစ်ပြီး ထိုကဲ့သို့ ကျယ်ပြန့်သည့် ပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် အားလုံးသဘောတူညီမှုရှိသော Framework တစ်ခုရေးဆွဲနိုင်ရေး တိုက်တွန်းလို။
  • မြန်မာနိုင်ငံအစိုးရအနေဖြင့်လည်း Digital Economy သည် နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက်  အဓိကကျသောကဏ္ဍတစ်ခုအဖြစ် လက်ခံထားရှိသည့်အပြင် မိမိတို့သည် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်းအတွက် သင့်လျော်သည့်အခြေခံအုတ်မြစ်များကို ချမှတ်နေ။
  • မြန်မာနိုင်ငံအနေဖြင့် အာဆီယံ၏ ရည်မှန်းချက်များ အကောင်အထည်ဖော်ရာတွင် အခြားသော အာဆီယံအဖွဲ့ဝင်များနှင့် လက်တွဲလုပ်ဆောင်သွားမည်ဖြစ်။

Add new comment