ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော Quarantine Center များအား ဆက်လက်ဖွင့်လှစ်ပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပေးခြင်းတို့အား တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီး၌ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်-
· တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၂၀ ရက်တွင် ဒုတိယအကြိမ်အဖြစ် ပြည် သူစုစုပေါင်း ၁၂၅,၅၇၀ ဦးအားလည်းကောင်း၊ ပထမ အကြိမ်အဖြစ် ပြည်သူစုစုပေါင်း ၁၁၉,၁၈၅ ဦးအားလည်းကောင်း ကာကွယ်ဆေးထိုးနှံပေးခဲ့။
· တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/သူများ၏ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီးမှုမှာ ဒီဇင်ဘာလ ၂၀ ရက်တွင် ဒုတိယ အကြိမ်အဖြစ် ၅,၁၀၂ ဦးအားလည်းကောင်း၊ ပထမအကြိမ် အဖြစ် ၃,၃၃၉ ဦးအားလည်းကောင်း ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ဒီဇင်ဘာလ ၂၀ ရက်အထိ ကျောင်းသား/သူစုစုပေါင်း ၁,၄၅၂,၀၀၇ ဦး ကာကွယ်ဆေးထိုးနှံပြီးစီးခဲ့ပြီးဖြစ်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများအား ပြည်ပမှ အဆင် ပြေချောမွေ့စွာ တင်သွင်းနိုင်ရန်အတွက် ဆောင်ရွက်ပေးလျက် ရှိရာ-
· ဒီဇင်ဘာလ ၂၀ ရက်တွင် မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းတို့မှ တင်သွင်း ရာ၌ ကုမ္ပဏီ ၃ ခုမှ ယာဉ် ၅ စီးဖြင့် အောက်ဆီဂျင်(အရည်) Storage Container/Tank ၂ ခု၊ အောက်ဆီဂျင်(အရည်) Distributor ၂ ခုနှင့် နှာခေါင်းစည်း (Mask) ၁၉ တန်တို့ကို တင်သွင်းနိုင်ခဲ့။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက် ရှိရာ ဒီဇင်ဘာလ ၂၀ ရက်တွင် ဓာတ်ခွဲနမူနာစုစုပေါင်း ၁၁,၅၁၉ ခုအားစစ်ဆေးခဲ့ပြီး၊ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၂၇ ဦးဖြင့် ရောဂါပိုးတွေ့ရှိမှု ၁.၁၀ ရာခိုင်နှုန်းရှိခဲ့ပါသည်။ ၂၀-၁၂-၂၀၂၁ ရက်အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၅,၉၀၉,၃၈၉ ခုအား စစ်ဆေးခဲ့ရာ အတည်ပြုလူနာစုစုပေါင်း ၅၂၈,၃၈၀ ဦးနှင့် သေဆုံးသူ စုစုပေါင်း ၁၉,၂၂၆ ဦးရှိကြောင်း သိရှိရပါသည်။
- တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၂၀ ရက်တွင် ဒုတိယအကြိမ်အဖြစ် ပြည်သူစုစုပေါင်း ၁၂၅,၅၇၀ ဦးအားလည်းကောင်း၊ ပထမအကြိမ် အဖြစ် ပြည်သူစုစုပေါင်း ၁၁၉,၁၈၅ ဦးအားလည်းကောင်း ကာကွယ်ဆေးထိုးနှံပေးခဲ့။
- ၂၀-၁၂-၂၀၂၁ ရက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/သူ စုစုပေါင်း ၁,၄၅၂,၀၀၇ ဦး ကာကွယ်ဆေးထိုးနှံပြီးစီးခဲ့ပြီးဖြစ်။
- ၂၀-၁၂-၂၀၂၁ ရက်အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၅,၉၀၉,၃၈၉ ခုအား စစ်ဆေးခဲ့ရာ အတည်ပြုလူနာစုစုပေါင်း ၅၂၈,၃၈၀ ဦးနှင့် သေဆုံးသူစုစုပေါင်း ၁၉,၂၂၆ ဦးဖြစ်ပြီး ၂၀-၁၂-၂၀၂၁ ရက်တွင် ရောဂါပိုးတွေ့ရှိမှု ၁.၁၀ ရာခိုင်နှုန်းရှိ။