အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံ၌ ပထမဆုံးအကြိမ် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုအောင်မြင်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၂၀၂၀ ခုနှစ်၊ ဇွန်လတွင်လာရောက်သည့် ခရီးစဉ်အတွင်း လမ်းညွှန်မှာကြားခဲ့သည့် ကျောက်ကပ်ပျက်စီးသည့် ဝေဒနာရှင်လူနာများအား အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံ၌ ကျောက်ကပ်အစားထိုးခွဲစိတ်ကုသပေးနိုင်ရေး လမ်းညွှန်ချက်အရ အကြောင်းအမျိုးမျိုးကြောင့် ကျောက်ကပ်ပျက်စီးသည့် လူနာများအတွက် ကျောက်ကပ်ဆေးသည့် ဆေးကုသမှုအပြင် ကျောက်ကပ်အစားထိုးကုသမှုကို ဆောင်ရွက်ပေးလျက်ရှိရာ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ပထမဆုံးအကြိမ် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုအနေဖြင့် ကျောက်ကပ်အစားထိုးလူနာ ၂ ဦးကို အောင်မြင်စွာ အစားထိုးခွဲစိတ်ကုသပေး နိုင်ခဲ့ပါသည်၊၊

အဆိုပါ ခွဲစိတ်ကုသမှုကို တပ်မတော်ဆေးရုံမှတပ်မှူး ဗိုလ်မှူးချုပ် စောရန်နိုင် ဦးဆောင်သည့် ဆီးနှင့်ကျောက်ကပ်ခွဲစိတ်ပါရဂူများ၊ ကျောက်ကပ်ကုသမားတော်များ၊ မေ့ဆေးပါရဂူများနှင့် ကျွမ်းကျင်သူနာပြုများ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး အစားထိုးခွဲ စိတ်ကုသပေးရာတွင် ကျောက်ကပ် လှူဒါန်းသူတစ်ဦးကို ခေတ်မီနည်းစနစ် ဖြစ်သော ဝမ်းဗိုက်တွင် အပေါက်ငယ်များဖောက်၍ မှန်ပြောင်းဖြင့် ခွဲစိတ်ကုသခြင်း (Laparoscopic Donor Nephrectomy)ဖြင့် ခွဲစိတ်ကုသပေးခဲ့ပြီး တပ်မတော်ဆေးရုံများတွင်ကျောက်ကပ် အစားထိုးခွဲစိတ်ကုသခြင်းကို ၁၉၉၅ ခုနှစ်မှ စတင်ခွဲစိတ်ကုသပေးခဲ့ပြီး ယခုအထိ ကျောက်ကပ်ပျက်စီးသည့် လူနာ ၃၀၈ ဦးကို အောင်မြင်စွာ ကျောက်ကပ်အစားထိုးခွဲ စိတ်ကုသပေးနိုင်ခဲ့ပါသည်။      

တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်အပြင် နိုင်ငံ့အကျိုးပြုလုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ ကူညီထမ်းဆောင်လျက်ရှိရာ ပြည်သူ့အကျိုးပြုလုပ် ငန်းတာဝန်များအနက် ပြည်သူများ၏ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လိုအပ်သောနေရာများတွင် အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်၊၊                                          

  • ဇန်နဝါရီလ ၂၇ ရက်နေ့တွင် အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံ၌ ပထမဆုံးအကြိမ် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုအနေဖြင့် ကျောက်ကပ်အစားထိုးလူနာ ၂ ဦးကို အောင်မြင်စွာ အစားထိုးခွဲစိတ်ကုသပေးခဲ့၊၊

  • တပ်မတော်ဆေးရုံများတွင် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသခြင်းကို ၁၉၉၅ ခုနှစ်မှ စတင်ခွဲစိတ်ကုသပေးခဲ့ပြီး ယခုအထိ ကျောက်ကပ်ပျက်စီးသည့် လူနာ ၃၀၈ ဦးကို အောင်မြင်စွာ ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသပေးနိုင်ခဲ့၊၊

  • တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်အပြင် နိုင်ငံ့အကျိုးပြုလုပ် ငန်းများကို တစ်ဖက်တစ်လမ်းမှ ကူညီထမ်းဆောင်လျက်ရှိရာ ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန်များအနက် ပြည်သူများ၏ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လိုအပ်သောနေရာများတွင် အင်တိုက် အားတိုက် ဆောင်ရွက်ပေးလျက်ရှိ၊၊

Add new comment