၂၀၂၁ ခုနှစ် ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများ ပြသရောင်းချပွဲ စတုတ္ထနေ့ ဆက်လက်ကျင်းပ

  ၂၀၂၁ ခုနှစ် ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများပြပွဲ (Mini Gems Emporium)ကို ဒီဇင်ဘာလ ၂၀ ရက်တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ စတုတ္ထနေ့  အဖြစ် ဆက်လက်ကျင်းပခဲ့ရာ ကျောက်စိမ်းအတွဲပေါင်း ၁၉၉ တွဲ ရောင်းချနိုင်ခဲ့ပါသည်။ အဆိုပါပြပွဲသို့ သယံဇာတနှင့် သဘာဝပတ်  ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် တာဝန်ရှိသူများတက်ရောက်ပြီး ကျောက်စိမ်း  အတွဲများကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ပါသည်။

  ပြည်တွင်းပြည်ပရတနာကုန်သည်များက ရောင်းချရန် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက် လေ့လာကြည့်ရှုခဲ့ကြပြီးနောက် ကျောက်စိမ်းအတွဲများ၏ ဈေး နှုန်းအဆိုပြုလွှာများကို ဖွင့်ဖောက်စစ်ဆေးရောင်းချပေးခဲ့ရာ  ဒီဇင်ဘာလ ၂၀ ရက်အတွက် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ကျောက် စိမ်းအတွဲပေါင်း ၁၉၉ တွဲ ရောင်းချခဲ့ရပြီး ဒီဇင်ဘာလ ၂၁ ရက် တွင် ကျောက်စိမ်းအတွဲအမှတ် (၂၅၁ မှ ၅၀၀)တို့အား အိတ် ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက်ရောင်းချသွားမည်ဖြစ်ပါသည်။

  ပြပွဲတွင် ပုလဲအတွဲပေါင်း ၃၃၀ ကို ဒီဇင်ဘာလ ၁၈ ရက် မှ ၁၉ ရက်အထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ပုလဲ အတွဲပေါင်း ၃၃၀ တွဲ ရောင်းချပေးနိုင်ခဲ့ပြီး ဒီဇင်ဘာလ ၂၁ ရက် တွင် ကျောက်စိမ်းအတွဲအမှတ် (၅၀၁ မှ ၇၈၀)တို့အား ဆက် လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

  • ၂၀၂၁ ခုနှစ် ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများပြပွဲ (Mini Gems Emporium)ကို ဒီဇင်ဘာလ ၂၀ ရက်တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ စတုတ္ထနေ့အဖြစ် ဆက်လက်ကျင်းပခဲ့ရာ ကျောက်စိမ်းအတွဲ ၁၉၉ တွဲ ရောင်းချနိုင်ခဲ့။
  •  ပြပွဲတွင် ပုလဲအတွဲပေါင်း ၃၃၀ ကို ဒီဇင်ဘာလ ၁၈ ရက်မှ ၁၉ ရက်အထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ပုလဲအတွဲပေါင်း ၃၃၀ တွဲ ရောင်းချပေးနိုင်ခဲ့ပြီး ဒီဇင်ဘာလ ၂၁ ရက်တွင် ကျောက်စိမ်းအတွဲအမှတ် (၅၀၁ မှ ၇၈၀)တို့အား ဆက်လက်ရောင်းချပေးသွားမည်ဖြစ်။