တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၂) ပြန်တမ်းဝင်အရာရှိခန့်အပ်ခြင်းနှင့် (၂၂) ကြိမ် မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ဒီဇင်ဘာလ ၂၀ ရက်တွင် ကျင်းပခဲ့ရာ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ တပ်မတော်ဆေးတက္ကသိုလ်မှ ပညာရေးအဖွဲ့ဝင်များနှင့် ကျောင်းဆင်းဗိုလ်လောင်းများ တက်ရောက် ခဲ့ကြပါသည်။
· နံနက်ပိုင်းတွင် ပြန်တမ်းဝင်အရာရှိ ခန့်အပ်ခြင်းအခမ်းအနား ကို ပြုလုပ်ခဲ့ရာ စစ်ရာထူးခန့်ချုပ်က ကျောင်းဆင်းဗိုလ်လောင်း ၃၉ ဦးအား ပြန်တမ်းဝင်ခန့်အပ်လွှာများပေးအပ်ခဲ့။
· နေ့လည်ပိုင်းတွင် ဘွဲ့နှင်းသဘင်အခမ်းအနားအား ပြုလုပ်ခဲ့ရာ တပ်မတော်ဆေးတက္ကသိုလ် ခေတ္တပါမောက္ခချုပ်က ဆေး ပညာဘွဲ့ ၃၃ ဦး၊ သွားဘက်ဆိုင်ရာဆေးပညာဘွဲ့ ၆ ဦး၊ စုစုပေါင်း ၃၉ ဦးတို့အား ဘွဲ့လက်မှတ်များချီးမြှင့်အပ်နှင်းခဲ့။
တပ်မတော်ဆေးတက္ကသိုလ်အနေဖြင့် ယနေ့အချိန်အထိ ဆေးပညာမဟာသိပ္ပံဘွဲ့ ၂,၁၃၆ ဦး၊ ဆေးလက်တွေ့နှင့်ဆေးလက်တွေ့အခြေခံပါရဂူဘွဲ့ ၁၃၈ ဦး၊ ဆေးပညာသင်ကြား ရေးဘွဲ့လွန်ဒီပလိုမာ ၂၀၇ ဦး၊ ဆေးပညာဘွဲ့လွန်ဒီပလိုမာ ၁၈၉ ဦးတို့အား ဘွဲ့များပေးအပ်ချီးမြှင့်ခဲ့ပြီး ဖြစ်ပါသည်။ လက်ရှိ ဆေးပညာမဟာသိပ္ပံဘွဲ့လွန်သင်တန်း အမှတ်စဉ်(၂၆)တွင် သင်တန်းသားအရာရှိ ၄ ဦး၊ အမှတ်စဉ် (၂၇)တွင် သင်တန်းသား အရာရှိ ၁၆၇ ဦး၊ အမှတ်စဉ်(၂၈)တွင် သင်တန်းသား အရာရှိ ၂၃၂ ဦး၊ အမှတ်စဉ် (၂၉) တွင် သင်တန်းသားအရာရှိ ၃၀၄ ဦး၊ စုစုပေါင်း ဘွဲ့လွန်သင်တန်းသားအရာရှိ ၇၀၇ ဦး သင် တန်းတက်ရောက်နေဆဲဖြစ်ပါသည်။
အဆိုပါ တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းများရရှိခဲ့သည့် ပညာရည်ထူးချွန်ဆုအဆင့်များ၊ ဂုဏ်ထူးများသည် တပ်မတော်ဆေးတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ပါမောက္ခ၊ ဌာနမှူးများနှင့်သာ စစ်ဆေးခဲ့ခြင်းမဟုတ်ဘဲ ဆေးတက္ကသိုလ် (၁)ရန်ကုန်၊ ဆေးတက္ကသိုလ် (မန္တလေး)၊ ဆေးတက္ကသိုလ် (၂) ရန်ကုန်၊ ဆေးတက္ကသိုလ်(မကွေး)၊ ဆေးတက္ကသိုလ်(တောင်ကြီး)စသည့် တစ်နိုင်ငံလုံးရှိ ဆေးတက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့် စာစစ်ပုဂ္ဂိုလ်များ၏ စစ်ဆေးချက်များနှင့်အညီ ချီးမြှင့်ခြင်းဖြစ်ကြောင်း၊ တပ်မတော်ဆေးတက္ကသိုလ်၏ သင်ရိုးညွှန်းတမ်းများကိုလည်း အခြားဆေးတက္ကသိုလ်များနှင့် ညှိနှိုင်းရေးဆွဲထားရှိပြီး ဆေးပညာသင်ကြားရေးဆိုင်ရာ သင်ရိုးညွှန်းတမ်းအရ စံချိန်စံညွှန်းသတ်မှတ်ချက်များနှင့်အညီ အထူးအောင်သတ်မှတ်ခြင်းနှင့် ဂုဏ်ထူးပေးခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
- ဆေးပညာဘွဲ့ ၃၃ ဦး၊ သွားဘက်ဆိုင်ရာ ဆေးပညာဘွဲ့ ၆ ဦး၊ စုစုပေါင်း ၃၉ ဦး တို့အား ဘွဲ့လက်မှတ်များ ချီးမြှင့် အပ်နှင်းနိုင်ခဲ့။
- တပ်မတော်ဆေးတက္ကသိုလ်အနေဖြင့် ယနေ့အချိန်အထိ ဆေးပညာမဟာသိပ္ပံဘွဲ့ ၂,၁၃၆ ဦး၊ ဆေးလက်တွေ့နှင့် ဆေးလက်တွေ့အခြေခံပါရဂူဘွဲ့ ၁၃၈ ဦး၊ ဆေးပညာသင်ကြားရေးဘွဲ့လွန်ဒီပလိုမာ ၂၀၇ ဦး၊ ဆေးပညာဘွဲ့လွန် ဒီပလိုမာ ၁၈၉ ဦးတို့အား ဘွဲ့များပေးအပ်ချီးမြှင့်ခဲ့ပြီးဖြစ်။
- လက်ရှိဆေးပညာ မဟာသိပ္ပံဘွဲ့လွန်သင်တန်း အမှတ်စဉ်(၂၆)တွင် သင်တန်းသား အရာရှိ ၄ ဦး၊ အမှတ်စဉ် (၂၇)တွင် သင်တန်းသားအရာရှိ ၁၆၇ ဦး၊ အမှတ်စဉ် (၂၈) တွင် သင်တန်းသားအရာရှိ ၂၃၂ ဦး၊ အမှတ်စဉ် (၂၉) တွင် သင်တန်းသားအရာရှိ ၃၀၄ ဦး၊ စုစုပေါင်း ဘွဲ့လွန်သင်တန်းသားအရာရှိ ၇၀၇ ဦး သင်တန်းတက်ရောက်နေ ဆဲဖြစ်။
- တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းများရရှိခဲ့သည့် ပညာရည်ထူးချွန်ဆု အဆင့်များ၊ ဂုဏ်ထူးများသည် တပ်မတော်ဆေးတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ပါမောက္ခ၊ ဌာနမှူးများနှင့်သာ စစ်ဆေးခဲ့ခြင်းမဟုတ်ဘဲ ဆေး တက္ကသိုလ် (၁) ရန်ကုန်၊ ဆေးတက္ကသိုလ် (မန္တလေး)၊ ဆေးတက္ကသိုလ် (၂) ရန်ကုန်၊ ဆေးတက္ကသိုလ် (မကွေး)၊ ဆေးတက္ကသိုလ်(တောင်ကြီး)စသည့် တစ်နိုင်ငံလုံးရှိ ဆေးတက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ပါမောက္ခ များနှင့် စာစစ်ပုဂ္ဂိုလ်များ၏ စစ်ဆေးချက်များနှင့် အညီချီးမြှင့်ခြင်းဖြစ်။