နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်သူများ လိုလားတောင့်တနေကြသည့် စစ်မှန် စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ကြိုတင် ပြင်ဆင်မှုများအား ဆောင်ရွက်လျက်ရှိရာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး၊ သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ များကို ပြင်ဆင်သည့်ဥပဒေများ ပြဋ္ဌာန်းခြင်းနှင့် ရွေးကောက်ပွဲများကို နှောင့်ယှက်ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဆိုင်ရာ ဥပဒေပြဋ္ဌာန်းခြင်းများကို ဇူလိုင်လ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် အသီးသီး ထုတ်ပြန်ခဲ့ပါသည်-
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် ၄၃/၂၀၂၅ ဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံ တင်ခြင်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေပြဋ္ဌာန်းပြီး ဥပဒေပုဒ်မ ၁၂ ပုဒ်မခွဲ (က)ပုဒ်မခွဲငယ်(၁၀)၏ နောက်တွင် ပုဒ်မခွဲငယ်(၁၁)အဖြစ် "(၁၁) ရွေးကောက်ပွဲတွင် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများကို ကျုးလွန်ကြောင်း ကော်မရှင်က စစ်ဆေးတွေ့ရှိခြင်း” ဟု ပြင်ဆင်ဖြည့်စွက်၍ ပြဋ္ဌာန်းခဲ့။
- ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေကို ဆဋ္ဌမ အကြိမ် ပြင်ဆင်သည့်ဥပဒေအမှတ် ၄၅/ ၂၀၂၅ ဖြင့် ပုဒ်မ ၂၊ ၈၊ ၁၃၊ ၁၄၊ ၁၇၊ ၁၈၊ ၁၉၊ ၂၂၊ ၃၀၊ ၄၀၊ ၄၁၊ ၄၃၊ ၄၅၊ ၄၆၊ ၄၈၊ ၄၉၊ ၅၂၊ ၅၈၊ ၆၄၊ ၆၅၊ ၆၆၊ ၇၀၊ ၇၈၊ ၈၂၊ ၈၈ နှင့် ၈၉ တို့ရှိ ပြဋ္ဌာန်းချက်အချို့ကို ပြင်ဆင်ဖြည့်စွက်ခဲ့။
- အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေကို ဆဋ္ဌမအကြိမ် ပြင်ဆင်သည့်ဥပဒေအမှတ် ၄၆/ ၂၀၂၅ ဖြင့် ပုဒ်မ ၂၊ ၄၊ ၈၊ ၁၃၊ ၁၄၊ ၁၇၊ ၁၈၊ ၁၉၊ ၂၂၊ ၂၄၊ ၂၇၊ ၂၈၊ ၃၀၊ ၃၅၊ ၄၀၊ ၄၁၊ ၄၃၊ ၄၅၊ ၄၆၊ ၄၈၊ ၄၉၊ ၅၂၊ ၅၈၊ ၆၄၊ ၆၅၊ ၆၆၊ ၇၀၊ ၇၈၊ ၈၁၊ ၈၂၊ ၈၈ နှင့် ၈၉ တို့ရှိ ပြဋ္ဌာန်းချက် အချို့ကို ပြင်ဆင်ဖြည့်စွက်ခဲ့။
- တိုင်းဒေသကြီးလွှတ်တော်သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေကို ဆဋ္ဌမ အကြိမ် ပြင်ဆင်သည့်ဥပဒေအမှတ် ၄၇/ ၂၀၂၅ ဖြင့် ပုဒ်မ ၂၊ ၄၊ ၈၊ ၁၃၊ ၁၄၊ ၁၇၊ ၁၈၊ ၁၉၊ ၂၂၊ ၂၇၊ ၂၈၊ ၃၀၊ ၃၅၊ ၄၀၊ ၄၁၊ ၄၃၊ ၄၅၊ ၄၆၊ ၄၈၊ ၄၉၊ ၅၂၊ ၅၅၊ ၅၈၊ ၆၄၊ ၆၅၊ ၆၆၊ ၇၀၊ ၇၈၊ ၈၁၊ ၈၂၊ ၈၈ နှင့် ၈၉ တို့ရှိ ပြဋ္ဌာန်းချက်အချို့ကို ပြင်ဆင်ဖြည့်စွက်ခဲ့။
- ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ် ပေးရေးဥပဒေအမှတ် ၄၈/ ၂၀၂၅ ဖြင့် ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်း စဉ်များဆောင်ရွက်ခြင်းကို တားဆီးနှောင့်ယှက်ခြင်းမှ ကာကွယ်ရန်၊ ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲ မကျင်းပမီ စည်းရုံးရေးကာလအတွင်း ဥပဒေနှင့်အညီ မဲဆွယ်စည်းရုံးမှု များကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ရန်၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း လုံခြုံစိတ်ချ စွာဖြင့် လွတ်လပ်စွာ ဆန္ဒမဲပေးရေးကို နှောင့်ယှက်ခြင်း၊ တားဆီးခြင်းတို့မှ ကာကွယ်ရန်နှင့် မဲရုံနှင့် မဲရုံအတွင်း တာဝန်ကျသူများ လုံခြုံမှုအပြည့်အဝဖြင့် တာဝန်ထမ်းဆောင်နိုင်ရန် ရည်ရွယ်၍ ပြဋ္ဌာန်းခဲ့။
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ ဥပဒေပြင်ဆင်ဖြည့်စွက်ချက်များအား နေ့စဉ်ထုတ်သတင်းစာတို့တွင် ဖတ်ရှုနိုင်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၀-၇-၂၀၂၅)
စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး၊ သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို ပြင်ဆင်သည့်ဥပဒေများ ပြဋ္ဌာန်းခြင်းနှင့် ရွေးကောက်ပွဲများကို နှောင့်ယှက်ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းချက်များအား ထုတ်ပြန်ခဲ့။
Add new comment