၂၀၂၅ - ၂၀၂၆ ခုနှစ် ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိ

၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ကိုယ်ပိုင် ကျောင်းများကို ဇွန်လ ၂ ရက်မှ စတင်ဖွင့်လှစ်ပြီး ကျောင်းသား ကျောင်းသူများက အေးချမ်းပျော်ရွှင် စွာ တက်ရောက်ပညာသင်ကြားလျက်ရှိရာ ကျောင်းများ စတင်ဖွင့်လှစ်ပြီး ဒုတိယရက်ဖြစ်သော ဇွန် လ ၃ ရက်တွင် ကျောင်းသား ကျောင်းသူစုစုပေါင်း ၆,၀၃၁,၀၁၂ ဦး တက်ရောက်ပညာသင်ကြားလျက် ရှိပါသည်-

  • အခြေခံပညာဦးစီးဌာန၊ အခြေခံပညာကျောင်းများ၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မူလတန်း ကျောင်းအပ်နှံမှု ၄,၁၄၆,၂၅၁ ဦး၊ အလယ်တန်းကျောင်းအပ်နှံမှု ၁,၃၄၄,၂၃၆ ဦးနှင့် အထက်တန်း ကျောင်းအပ်နှံမှု ၆၂၈,၇၇၃ ဦး၊ စုစုပေါင်း ကျောင်းအပ်နှံမှုမှာ ၆,၁၁၉,၂၆၀ ဦး ဖြစ်ပါသည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အခြေခံပညာ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား ကျောင်းသူများအား ကျောင်းအပ်နှံချိန်တွင် သင်ရိုးညွှန်းတမ်းစာအုပ်များ၊ ဗလာစာအုပ် များ၊ စာရေးကိရိယာများကို အခမဲ့ထုတ်ပေးပြီး KG နှင့် မူလတန်း ကျောင်းသား ကျောင်းသူများအား ကျောင်းဝတ်စုံများလည်း အခမဲ့ပေးအပ်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းအပ် နောက်ကျနေသည့် ကျောင်းသား ကျောင်းသူများကိုလည်း ဆက်လက်ကျောင်းအပ်လက်ခံပေးလျက် ရှိပါသည်။

ယခုကဲ့သို့ အခြေခံပညာကျောင်းများ စနစ်တကျဖွင့်လှစ်နိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာန နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများက စာသင်ခန်းများတွင် စာသင်ခုံများ ကြိုတင်နေရာ ချထားပေးခြင်း၊ ကျောင်းကြို/ ပို့ယာဉ်များ စီစဉ်ပေးခြင်း၊ ကျောင်းများ သန့်ရှင်းသာယာလှပရေးနှင့် ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးတို့အတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေး ခဲ့ကြောင်း၊ နိုင်ငံအဝန်းရှိ အခြေခံပညာကျောင်းများ၌ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ များ၏ ကျောင်းသင်ခန်းစာများ သင်ကြား/သင်ယူနေမှုတို့ကို နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၆-၂၀၂၅)

  • ဇွန်လ ၂ ရက်မှ စတင်ဖွင့်လှစ်ပြီး ကျောင်းသား ကျောင်းသူများက အေးချမ်းပျော်ရွှင် စွာ တက် ရောက် ပညာသင်ကြားလျက်ရှိရာ ကျောင်းများ စတင်ဖွင့်လှစ်ပြီး ဒုတိယရက်ဖြစ်သော ဇွန် ရက်တွင် ကျောင်းသား ကျောင်းသူစုစုပေါင်း ၆,၀၃၁,၀၁၂ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိ

 

  • အခြေခံပညာဦးစီးဌာန၊ အခြေခံပညာကျောင်းများ၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မူလ တန်း ကျောင်းအပ်နှံမှု ,၁၄၆,၂၅၁ ဦး၊ အလယ်တန်းကျောင်းအပ်နှံမှု ,၃၄၄,၂၃၆ ဦးနှင့် အထက်တန်း ကျောင်းအပ်နှံမှု ၆၂၈,၇၇၃ ဦး၊ စုစုပေါင်း ကျောင်းအပ်နှံမှုမှာ ,၁၁၉,၂၆၀ ဦး ဖြစ်။

 

Add new comment