တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက်  ဆောင်ရွက်ပေးမှုများ

မန္တလေးငလျင်ကြီးကြောင့် အဖြေလွှာများ ပျက်စီးခဲ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အတွက် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဇွန် ၁၆ ရက်တွင် ပြန်လည်ဖြေဆိုကြရမည်ဖြစ်ရာ ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် ဧပြီလ ၂၈ ရက်မှစတင်၍ သတ်မှတ်ထားသည့်ကျောင်းများ၌ လေ့ကျင့်သင်ကြားရေးစခန်း(Camp)များ ဖွင့်လှစ်ထားရှိပြီး လေ့ ကျင့်သင်ကြားပေးလျက်ရှိပါသည်-

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့် နှင့်အတူ မေလ ၂၅ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်ရှိ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ ဇေယျာသီရိမြို့နယ်ရှိ ကျောက်ချက်အခြေခံပညာ အထက်တန်းကျောင်း၊ ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်း တို့သို့ သွားရောက်၍ အဆိုပါကျောင်းများတွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည် ဖြေဆိုရန် စခန်းသွင်းလေ့ကျင့်သင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများကို တွေ့ ဆုံအားပေးစကားပြောကြားကာ စာသောက်ဖွယ်ရာများ ပေးအပ်ခဲ့။

 

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည် နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မေလ ၂၁ ရက်တွင် မြစ်ကြီးနားမြို့ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပနိုင် ရေး မြို့ပေါ်အခြေခံပညာအထက်တန်းကျောင်း (၈) ကျောင်းမှ Grade-12 ကျောင်းသား၊ ကျောင်းသူ ၄၁၀ တို့ အားလည်းကောင်း၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်အတွင်းရှိ အခြေ ခံပညာကျောင်း (၆) ကျောင်းမှ Grade-12 ကျောင်းသား၊ ကျောင်းသူ ၄၂၁ ဦးတို့အား စခန်းသွင်းလေ့ကျင့်သင်ကြားပေးလျက်ရှိသော အခြေအနေများနှင့် နေ့လယ် စာကျွေးမွေးနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေသည့်အခြေအနေများကို လှည့်လည်ကြည့်ရှုစစ် ဆေးအားပေးခဲ့။

 

  • မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မေလ ၃၁ ရက်တွင် ချမ်းမြသာစည်မြို့နယ်ရှိ အမှတ်(၃၄)  အခြေခံပညာအထက်တန်းကျောင်းတွင် မန္တလေးငလျင်ကြီးကြောင့် ပြန်လည်ကျင်းပစစ်ဆေး သည့် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား သင်ခန်းစာများ ပို့ချပေးနေမှုကို ကြည့်ရှုအားပေးစကားများပြောကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့။

ဝန်ကြီးဌာနများအနေဖြင့်လည်း ဇွန်လအတွင်း ပြန်လည်ကျင်းပစစ်ဆေးသွားမည့် ၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ဝန်ထမ်းသား၊ သမီး Grade-12 ကျောင်းသား၊ ကျောင်းသူများကို ထောက်ပံ့ငွေများပေးအပ်လျက်ရှိကြောင်း၊ တက္ကသိုလ်ဝင် စာမေးပွဲ ပြန်လည် ဖြေဆိုရမယ့် ကျောင်းသား၊ ကျောင်းသူတွေအနေဖြင့် စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများကို ဇွန်လ (၁) ရက်မှစတင်ပြီး သက်ဆိုင်ရာစာစစ်ဌာနများ၌ ထုတ်ပေးလျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃-၆-၂၀၂၅)

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အ ထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ စခန်းသွင်းလေ့ကျင့်သင်ကြားနေမှု များကို သွားရောက်ကြည့်ရှု၍ ကျောင်းသား၊ ကျောင်းသူများအား အားပေးစကားပြောကြား ကာ စာသောက်ဖွယ်ရာများ ပေးအပ်ခဲ့။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် မြစ်ကြီးနားမြို့၌ Grade-12 ကျောင်းသား၊ ကျောင်းသူများ စခန်းသွင်းလေ့ကျင့်သင်ကြားပေးမှုအခြေအနေများကို လှည့် လည်ကြည့်ရှုစစ် ဆေးအားပေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့။
  • မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် ချမ်းမြသာစည်မြို့နယ်ရှိ အမှတ်(၃၄)  အခြေခံပညာအထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဝင်ရောက်ဖြေ ဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား သင်ခန်းစာများ ပို့ချပေးနေမှုကို ကြည့်ရှုအားပေး စကားများပြောကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့။
  • ဝန်ကြီးဌာနများအနေဖြင့်လည်း ဇွန်လအတွင်း ပြန်လည်ကျင်းပစစ်ဆေးသွားမည့် ၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ဝန်ထမ်းသား၊ သမီး Grade-12 ကျောင်း သား၊ ကျောင်းသူများကို ထောက်ပံ့ငွေများပေးအပ်။

Add new comment