နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ နိုင်ငံတော်၏တာဝန်ကို စတင်ထမ်းဆောင်ချိန်မှ စပြီး နိုင်ငံ့စီးပွားရေးတိုးတက်ကောင်းမွန်စေရေးကို အလေးထား ဆောင်ရွက်လျက်ရှိရာ ပြည်ပပို့ကုန် များ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေးနှင့် ပြည်ပသွင်းကုန်လျှော့ချပြီး ပြည်တွင်းကုန်ထုတ်လုပ်မှုတိုးတက်စေ ရေးအတွက် အသေးစား၊ အငယ်စား၊ အလတ်စား(MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး ပြည်တွင်းအားဖြင့် အလေးထားလုပ်ဆောင်လျက်ရှိပါတယ်-
- မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် မေလ ၁၆ ရက်တွင် ဆောင်ရွက်ဆဲလက်ရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းတိုးမြှင့်ခြင်းအပါအဝင် စက်မှုကဏ္ဍနှင့် ဝန်ဆောင် မှုကဏ္ဍတို့မှ နိုင်ငံခြားရင်နှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၃ ခုနှင့် စက်မှုကဏ္ဍမှ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၆ ခုတို့ကို ခွင့်ပြုပေးခဲ့ရာ အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏသည် အမေရိကန်ဒေါ်လာ ၃၅ ဒသမ ၇၇၈ သန်းနှင့် ငွေကျပ် ၃၀၂၀၆ ဒသမ ၉၂၀ သန်း ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၉၇၁ ဦးကို ဖန်တီးပေးနိုင်မည်ဖြစ်။
- ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက ဟိုတယ်နှင့် ခရီးသွားကဏ္ဍတွင် မြန်မာ နိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂ ခုနှင့် စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုလုပ်ငန်း ၁ ခုတို့ကို မေလ ၂၈ ရက်တွင် အတည်ပြုပေးခဲ့ပြီး အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှ မိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းနှင့် CMP စနစ်ဖြင့် အဝတ်အထည်ချုပ်လုပ်ခြင်းလုပ်ငန်းတို့ဖြစ်ပြီး အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည် ငွေရင်းပမာဏမှာ ငွေကျပ် ၆၆၁၃ ဒသမ ၂၅၀ သန်းနှင့် အမေရိကန်ဒေါ်လာ သုည ဒသမ ၈၆၆ သန်းဖြစ်ပြီး ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်း ၁၂၂၀ အတွက်ဖန်တီးပေးနိုင်ခဲ့။
- ၂၀၂၅ ခုနှစ် ဧပြီလကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ၊ ဒေသပေါင်း ၅၃ ခု အနက် ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သောနိုင်ငံ၊ ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံ နှင့် ထိုင်းနိုင်ငံတို့ဖြစ်ပြီး စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အများဆုံးရင်းနှီးမြှုပ်နှံထားသည့် ကဏ္ဍ များမှာ စွမ်းအင်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၈ ဒသမ ၃၄ ရာခိုင်နှုန်းဖြင့်လည်း ကောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၄ ဒသမ ၆၉ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၄၉ ရာခိုင်နှုန်း ဖြင့်လည်းကောင်း အသီးသီးရင်းနှီးမြှုပ်နှံထား။
- စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေစီမံကိန်းကို ၂၀၁၇ ခုနှစ်၊ ဇူလိုင် လတွင် စတင်ခဲ့ပြီး အတိုးနှုန်းသက်သာစွာ နှစ်တိုသုံးနှစ်၊ နှစ်ရှည်ငါးနှစ် အရစ်ကျပြန်ဆပ်စနစ် ဖြင့် ချေးငွေများထုတ်ချေးပေးလျက် ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီး/ ပြည်နယ် ၄ ခုရှိ မြို့နယ် ၁၉ ခုမှ တောင်သူ ၆၁ ဦးသို့ ချေးငွေ ကျပ် ၅၄၈၁ ဒသမ ၂၀ သန်း ထုတ်ချေးပေးခဲ့ပြီး စီမံကိန်းစတင်သည်မှ ၂၀၂၅ ခုနှစ် ဧပြီလ ၃၀ ရက်အထိ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် ၁၄ ခု၊ မြို့နယ် ၁၈၇ ခုမှ တောင်သူ ၅၈၁၆ ဦးသို့ ချေးငွေ ကျပ် ၂၄၇,၄၄၈ ဒသမ ၀၇ သန်းထုတ်ချေးပေးထား။
မတ်လ ၂၈ ရက်မှာ လှုပ်ခတ်ခဲ့သော အလွန်အင်အားကြီး မန္တလေးငလျင်ကြီးကြောင့် အုပ်ချုပ် ရေးမြို့တော် နေပြည်တော်နှင့် စီးပွားရေးမြို့တော် မန္တလေးတို့တွင် ထိခိုက်ပျက်စီးမှု များပြားခဲ့သော် လည်း နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းမွန်စေရေးနှင့် အုပ် ချုပ်ရေးယန္တရားရပ်တန့်မှုမဖြစ်စေရေး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရ ပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃-၆-၂၀၂၅)
- မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် လက်ရှိရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေ ရင်းတိုးမြှင့်ခြင်းအပါအဝင် နိုင်ငံခြားနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၉ ခုကို ခွင့်ပြုခဲ့။
- ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက ဟိုတယ်နှင့် ခရီးသွားကဏ္ဍတွင် မြန်မာ နိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂ ခုနှင့် စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုလုပ်ငန်း ၁ ခုတို့ကို အတည်ပြုခဲ့။
- ၂၀၂၅ ခုနှစ် ဧပြီလကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ၊ ဒေသပေါင်း ၅၃ ခု အနက် ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သောနိုင်ငံ၊ ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံ နှင့် ထိုင်းနိုင်ငံတို့ဖြစ်ပြီး စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အများဆုံးရင်းနှီးမြှုပ်နှံထားသည့် ကဏ္ဍ များမှာ စွမ်းအင်ကဏ္ဍ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍတို့ဖြစ်။
- ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီး/ ပြည်နယ် ၄ ခုရှိ မြို့နယ် ၁၉ ခုမှ တောင်သူ ၆၁ ဦးသို့ ချေးငွေ ကျပ် ၅၄၈၁ ဒသမ ၂၀ သန်း ထုတ်ချေးပေးခဲ့။
Add new comment