သဘာဝဘေးငလျင်လှုပ်ခတ်မှုများကြောင့် ပြိုကျပျက်စီးခဲ့သည့် နေရာများနှင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး

 

            မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ကဖြစ်ပေါ်ခဲ့သည့် မြေငလျင်နှင့် နောက်ဆက်တွဲ ငလျင်ငယ်များ၏လှုပ်ရှားမှုကြောင့် ပျက်စီးခဲ့ရမှုအခြေအနေများကို ပြည်ထောင်စု ဝန်ကြီးများနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်များက လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး  ဗိုလ်ချုပ်ကြီးမိုးအောင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊  ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်းစုဝန်ကြီး ဦးကျော်စိုးဝင်း၊ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးနှင့် တာဝန်ရှိသူများသည် ဧပြီလ ၅ ရက်နှင့်  ၆ ရက်နေ့တို့တွင် ငလျင်ဒဏ်သင့်ပြည်သူများ၊ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများကို သွားရောက်တွေ့ဆုံအားပေးခြင်းနှင့် အခြေခံလူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ဘပေးခြင်းတို့ပြုလုပ်ခဲ့သည့်အပြင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ဆောင်ရွက်နေမှုအခြေအနေများ၊  အစားအသောက်နှင့်သောက်သုံးရေ ဖြန့်ဝေပေးနိုင်ရေး ဆောင်ရွက် နေမှုအခြေအနေများ၊ တပ်မတော်မှ မော်တော်ယာဉ်များနှင့် တပ်မတော်သား များ၏ အကူအညီဖြင့် ယာယီစခန်းများသို့ ပြောင်းရွှေ့ပေးမှုအခြေအနေများ၊  ယာယီဆေး ပေးခန်း၏ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး  လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့။
  • ဧပြီလ ၅ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး၊   ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းတို့သည် တာဝန်ရှိသူများလိုက်ပါလျက် နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ်ရှိ ၃၃/၁၁ ကေဗွီ ဓာတ်အားခွဲရုံအမှတ် (၈) သို့ ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ထရန်စဖော်မာများ၊   ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံ ဆက်စပ်ပစ္စည်းများ ပြန်လည်ပြင်ဆင်၍ ဓာတ်အား အမြန် ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူ များအား လိုအပ်သည်များ မှာကြားခဲ့။
  • ဧပြီလ ၅ ရက်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့နှင့် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်း၍ နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ မြေငလျင်ဒဏ်သင့် မြန်မာ့ကျောက်မျက်ပြတိုက်သို့ သွားရောက်၍ ပြတိုက်အပေါ်ထပ်မှ ခင်းကျင်းပြသထားသော ကျောက်စိမ်း၊ ကျောက်မျက်၊ ပုလဲ၊ ရွှေနှင့် လက်ဝတ်ရတနာများ၊ အဖိုးတန်ဓာတ်သတ္တုများ ရွှေ့ပြောင်းသယ်ယူနေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး အန္တရာယ်မဖြစ်စေရေးနှင့် ပစ္စည်းများပျောက်ဆုံးမှု မရှိစေရေးအတွက် ပူးပေါင်းအဖွဲ့ဖြင့် အထူးကြပ်မတ် ဆောင်ရွက်သွားရန်မှာကြားခဲ့။
  • ဧပြီလ ၃ ရက်မှ ၅ ရက်အထိ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ငလျင်ဒဏ်သင့်၍ ပြိုကျပျက်စီးခဲ့သော မန္တလေး တက္ကသိုလ်၊ ဦးလှသိန်းဗိမ္မာန်၊ မစိုးရိမ်တိုက်သစ်၊ Sky Villa၊ နန်းမြို့ရိုး၊ နန်းမြို့အတွင်းရှိ ဗဟိုစည်၊ စွယ်တော်စင်နှင့် အမရပူရမြို့နယ်၊ ဘုံးအိုကျေးရွာရှိ ဟာဂျီ ဦးလင်းဗလီနေရာများသို့သွားရောက်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု တို့ကိုလည်းကောင်း၊ ချမ်းမြသာစည်လေယာဉ်ကွင်းဟောင်းနှင့် မန္တလာသီရိ အားကစား အတွင်းတို့၌ အိန္ဒိယနိုင်ငံနှင့် ရုရှားနိုင်ငံတို့မှ အကူအညီပေးရေးအဖွဲ့များ၏ ဆေးကုသပေး နေမှုများနှင့် မန္တလေးမြို့၊ မဟာမုနိ ဘုရားကြီး၏ တန်ဆောင်းနေရာများ၊ ရင်ပြင်တော်နေရာ နှင့် မန္တလေးနန်းမြို့ရိုးသို့သွားရောက်၍ ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့သော အပျက်အစီးများအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ပူးပေါင်း ရှင်းလင်းဆောင်ရွက်နေသည်များကို သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့။
  • မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အဖွဲ့ဝင်များအား အိန္ဒိယနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E Mr. Abhay Thakur နှင့်အဖွဲ့က ဧပြီလ ၅ ရက်၌ လာရောက်တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံငလျင်သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ချစ်ကြည်ရင်းနှီးမှုဆိုင်ရာကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြ။
  • ဧပြီလ ၄ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ ငလျင်ဒဏ်သင့်ထိခိုက်ဒဏ်ရာရှိသော ပြည်သူများအား ကျန်မာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု၊ စစ်ကိုင်းမြို့ ဇက်ဆိပ်ကမ်းရှိ ကုန်ကားများ သွားလာမှုအဆင်ပြေစေရန် ဆောင်ရွက်ထားရှိမှု၊  ငလျင်ဒဏ်သင့်၍ ပြိုကျ ပျက်စီးသွားသော မြတ်ကိုယ်ပိုင်အထက်တန်းကျောင်း၌  နိုင်ငံတကာကူညီကယ်ဆယ်ရေး အဖွဲ့များနှင့်ပူးပေါင်း၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုအားပေး ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့။
  • ဧပြီလ ၄ ရက်နှင့် ၅ ရက်တို့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ဘူတာကြီးသို့ ရောက်ရှိပြီး တောင်ငူဘူတာမှ ရန်ကုန်ဘူတာကြီးသို့ ဆက်လက်ထွက်ခွာမည့် အထူး အမြန်ရထား(DEMU)ကြီး၏ ကြံ့ခိုင်မှုအခြေအနေများနှင့် မီးရထားလမ်းကြံ့ခိုင်မှုအခြေ အနေများကိုလည်းကောင်း၊  မြေငလျင်ဒဏ်သင့်၍ ပျက်စီးခဲ့သည့် တောင်ငူတက္ကသိုလ်နှင့် အစိုးရ စက်မှုလက်မှုသိပ္ပံ(တောင်ငူ)သို့ လည်းကောင်း၊ ခပေါင်းတံတား ပြန်လည်ပြုပြင်နေမှု အခြေအနေများနှင့် ခပေါင်းတံတားကြီးပေါ်၌ မော်တော်ယာဉ်ကြီး၊ မော်တော်ယာဉ်ငယ် များဖြတ်သန်းသွားလာနေမှုအခြေအနေများကိုလည်းကောင်း၊ ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးပေါ်ရှိ ခပေါင်းရေလှောင်တမံ လက်ဝဲတူးမြောင်းမကြီး၏ ပျက်စီးနေမှု အခြေအနေ များကိုလည်းကောင်း သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့။
  • ဧပြီလ ၆ ရက်တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းလတ်နှင့် တာဝန် ရှိသူများသည်  ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ မင်းချောင်းကျေးရွာ အုပ်စု၊ ကျေးစာကုန်း(မြောက်)ရွာ ဘုန်းတော်ကြီးကျောင်းသို့သွားရောက်၍ ကျောင်းထိုင် ဆရာတော် အားဖူးမြော်၍ လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများ ဆပ်ကပ်လှူဒါန်းခဲ့ပြီး ဘုန်းတော်ကြီး ကျောင်း ယာယီကယ်ဆယ်ရေးစခန်းရှိ ဒေသခံပြည်သူများအားတွေ့ဆုံကာ စားသောက် ဖွယ်ရာနှင့် အလှူငွေများပေးအပ်ခဲ့သည့်အပြင် ညောင်ရွှေမြို့နယ်အတွင်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့်နေရာများအား လိုက်လံကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့။ 

ပြည်နယ်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်များသည် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင် အစွမ်းကုန် ကူညီမှုပေးနိုင်ရေးနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အတွင်း သဘာဝဘေးအန္တရာယ်များအတွက်   ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေး သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်လျက် ရှိရာတွင် -

  • ဧပြီလ ၄ ရက်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Center-DMC)၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၅) ကို ကျင်းပ ခဲ့ရာ အစည်းအဝေးတွင် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အပြီးသတ်ဆောင်ရွက်ရန် လုပ်ငန်းစဉ်အဆင့် ၅၊ Level 5 ကြေညာထားကြောင်း၊ ဝန်ထမ်းများနှင့် ပြည်သူများ နေထိုင်တာဝန်ထမ်းဆောင်ရန် အခက်အခဲရှိသဖြင့် မိုးမကျမီ ယာယီအမိုးအကာ အောက်သို့ရောက်ရှိရေး အမြန်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အဆောက်အအုံများကို ထိခိုက်ပျက်စီးမှုပမာဏအလိုက် အနီရောင်၊ အဝါရောင်နှင့် အပြာရောင်ဟူ၍ အဆင့် ၃ မျိုး ခွဲခြားစစ်ဆေးပေးရန်လိုကြောင်း၊ ယာယီအဆောက်အအုံများအဖြစ် Assembled Board House - ABH: အသုံးပြုနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆောက်အအုံ၊ လမ်းတံတား ကဏ္ဍအလိုက် ပြုပြင်ဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့်တင်ပေးကြစေလို ကြောင်း မှာကြားခဲ့။

ငလျင်လှုပ်ခတ်ပြီးနောက်တွင် နောက်ဆက်တွဲငလျင်များ ဆက်လက်လှုပ်ခတ်နိုင်သဖြင့် အများပြည်သူများအနေဖြင့် ငလျင်ဒဏ်ကြောင့် ထိခိုက်မှုမရှိနိုင်သည့် နေရာများသို့ရွှေ့ပြောင်း နေထိုင်ခြင်းကို အလေးထားဆောင်ရွက်ကြရန်၊ ကောလာဟလသတင်းများကို လက်ခံယုံကြည်ခြင်း၊ ဖြန့်ဝေခြင်းမပြုလုပ်ကြရန်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တရားဝင်ထုတ်ပြန်သည့်သတင်းများ ကို စဉ်ဆက်မပြတ်ဖတ်ရှုကြရန်လည်း လိုအပ်သည့်အပြင် မိမိနှင့် မိသားစုအတွက် လိုအပ်မည့် ဆေးဝါးများ၊ ရေနှင့်အစားအစာများ၊ ဆက်သွယ်ရေးကိရိယာများနှင့် အရေးကြီးပစ္စည်းများ ပါဝင် သည့် (Emergency Bag) များပြင်ဆင်၍ ကိုယ်နှင့်မကွာ ဆောင်ထားကြရန် အသိပေးနှိုးဆော် ထားပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၄-၂၀၂၅)

 

 

  • ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများသည်  ငလျင်ပြင်းထန်စွာလှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့ရသည်များကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ ကျန်းမာရေးစောင့် ရှောက်ပေးမှု များနှင့် ပြုပြင်တည်ဆောက်ပေးမည့်အစီအမံများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့။
  • အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ () ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် တာဝန်ရှိသူများ သည် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Center-DMC) ညှိနှိုင်းအစည်းအဝေးကိုကျင်းပခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အပြီးသတ် ဆောင်ရွက်ရန် လုပ်ငန်းစဉ်အဆင့် ၅၊ Level 5 ကြေညာထားကြောင်း၊ အဆောက်အအုံ များကို ထိခိုက်ပျက်စီးမှုပမာဏအလိုက် အနီရောင်၊ အဝါရောင်နှင့် အပြာရောင်ဟူ၍ အဆင့် မျိုး ခွဲခြားစစ်ဆေးပေးရန်လိုကြောင်း မှာကြားခဲ့။
  • မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အဖွဲ့ဝင်များအား အိန္ဒိယနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E Mr. Abhay Thakur နှင့်အဖွဲ့က လာရောက်တွေ့ဆုံခဲ့ပြီး ငလျင်သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ချစ်ကြည်ရင်းနှီးမှုဆိုင်ရာကိစ္စရပ် များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ။

Add new comment